မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“ကမ္ဘာပေါ်မှာ အကျင့်ပျက်ပြားမှု ဒီလောက်များပြားနေတဲ့အတွက် ‘မှန်ရာကိုလုပ်ဆောင်ဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ’ ဆိုပြီး တချို့သိချင်ကြတယ်။ မိတ်ဆွေကော အဲဒါကိုသိချင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အားပေးမှုဖြစ်စေတဲ့ ဒီစကားတွေကို သတိပြုကြည့်ပါ။ [သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပါ။] ရိုးသားဖြောင့်မတ်ဖို့အတွက် အရေးကြီးဆုံးအကြောင်းရင်းကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
နိုးလော့! နို.
“မေတ္တာပြည့်ဝပြီး တရားမျှတတဲ့ တန်ခိုးကြီးရှင် ဘုရားသခင်တစ်ပါးရှိတယ်ဆိုရင် ဆင်းရဲခက်ခဲမှု ဘာကြောင့် ဒီလောက်တောင်များရသလဲဆိုပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆင်းရဲခက်ခဲမှုဖြစ်ရတဲ့အကြောင်းရင်းကို ဒီကျမ်းချက်မှာ ဘယ်လိုဆိုထားတယ်ဆိုတာ သတိပြုကြည့်ပါ။ [၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။] ဆင်းရဲခက်ခဲမှုကိုဖယ်ရှားဖို့ ဘုရားသခင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ဒီမဂ္ဂဇင်းက ကျမ်းစာကိုအခြေပြုပြီး ရှင်းပြပေးပါတယ်။”
ကင်းမျှော်စင် ဒီ. ၁
“ကနေ့အချိန်မှာ ဒီကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေပြီလို့ မိတ်ဆွေထင်ပါသလား။ [မဿဲ ၂၄:၁၁ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ရေပန်းစားနေတဲ့ သွန်သင်ချက်တချို့ကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ဆရာအတုအယောင်တွေရဲ့ လှည့်ဖြားမှုကို ကျွန်တော်တို့ ဘယ်လိုရှောင်ကြဉ်နိုင်တယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။”
နိုးလော့! နို.
“ဖြစ်ပျက်နေတဲ့အရာတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ တချို့ယူဆကြတယ်။ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံရတဲ့အခါ ဒီလိုဖြစ်ဖို့ ဘုရားသခင်မှာ အကြောင်းကောင်းရှိရမယ်လို့ သူတို့ဆိုကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယာကုပ် ၁:၁၃ ကိုဖတ်ပါ။] ဆင်းရဲခက်ခဲမှုဖြစ်ရတဲ့အကြောင်းရင်းကို သမ္မာကျမ်းစာမှာ ဘယ်လိုဆိုထားပြီး အဲဒါကို ဘုရားသခင် ဘယ်လိုအဆုံးတိုင်စေမယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”