ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၉ စာ. ၂
  • ကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာတရားစကားကိုကျွမ်းကျင်စွာအသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ကျမ်းပိုဒ်တွေ အလွတ်မှတ်စို့
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အပိုင်း ၃–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • လယ်ကွင်းလုပ်ငန်းတွင် သမ္မာကျမ်းစာကိုအသုံးပြု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၉/၀၉ စာ. ၂

ကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုပါ

၁။ ကျမ်းစာသည် အဘယ်ကြောင့် အလွန်အသုံးဝင်သနည်း။

၁ ဘုရားသခင့် မှုတ်သွင်းခံစကားတော်များကို ကျွမ်းကျင်စွာအသုံးပြုခြင်းက အမှန်တရားကို ရှင်းလင်းပြတ်သားစွာ ကြေညာပြီး သွန်သင်စေနိုင်ကာ လူတို့၏ မှားယွင်းသောသွန်သင်ချက်များနှင့် ထုံးတမ်းစဉ်လာများကို ဖော်ထုတ်စေနိုင်သည်။—၂ တိ. ၂:၁၅; ၁ ပေ. ၃:၁၅။

၂။ ပို၍ကျွမ်းကျင်စွာ ကျမ်းချက်များကို ရှာတွေ့နိုင်ရန် ကျွန်ုပ်တို့အား အဘယ်အရာက ကူညီပေးမည်နည်း။

၂ ကျမ်းစာနှင့်ပိုမိုအကျွမ်းတဝင်ဖြစ်ပါ– မည်သည့်ကိရိယာကိုမဆို အသုံးပြုရာတွင် ယင်းနှင့်ပိုမိုအကျွမ်းတဝင်ဖြစ်လာလေ ကျွမ်းကျင်ပိုင်နိုင်လာလေဖြစ်သည်။ ကျမ်းစာကို အစအဆုံးဖတ်ခြင်းက ကျမ်းစာ၏အဓိကအကြောင်းကို အကြမ်းဖျင်းရုပ်လုံးပေါ်လာစေသည်။ ယင်းက ကျမ်းချက်များကို မှတ်မိစေပြီး ပို၍လျင်မြန်စွာ ရှာတွေ့စေနိုင်သည်။ သင်သည် ကျမ်းချက်များနှင့် ပိုမိုအကျွမ်းတဝင်ဖြစ်လာသည်နှင့်အမျှ အခြားသူများအား အလွတ်သဘောနှင့် လယ်ကွင်းဓမ္မအမှုတွင် သက်သေခံသောအခါ ပို၍စိတ်ထက်သန်စွာနှင့် ယုံကြည်စိတ်ချမှုဖြင့် ပြောနိုင်ပါလိမ့်မည်။—၁ သက်. ၁:၅။

၃၊ ၄။ (က) ကျွန်ုပ်တို့အား ကျမ်းစာနှင့်ပိုမိုအကျွမ်းတဝင်ဖြစ်စေသည့် နည်းလမ်းတချို့မှာ အဘယ်နည်း။ (ခ) ကျမ်းချက်များနှင့် ပိုမိုအကျွမ်းတဝင်ဖြစ်လာစေရန် အခြားနည်းလမ်းများကို သင်အသုံးပြုခဲ့ပြီလော။

၃ စည်းဝေးချိန်တစ်လျှောက်လုံးတွင် သင့်ကျမ်းစာထဲမှ လိုက်ဖွင့်ဖတ်သည့်အကျင့် ပြုလုပ်ပါ။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ချိန်နှင့် အသင်းတော်စည်းဝေးများအတွက် ပြင်ဆင်ချိန်တို့တွင် ညွှန်းထားသည့်ကျမ်းချက်များကို ဖွင့်ဖတ်ပြီး ယင်းတို့၏သက်ဆိုင်ပုံကို တွေးတောဆင်ခြင်ပါ။ ကျမ်းစကားများကို ကွန်ပျူတာဖန်သားပြင် သို့မဟုတ် ကွန်ပျူတာမှထုတ်ထားသော စာရွက်များထဲမှဖတ်ရှုခြင်းထက် ကျမ်းစာထဲမှ တိုက်ရိုက်ဖွင့်ဖတ်ခြင်းသည် နောက်ပိုင်းဓမ္မအမှုတွင်လိုအပ်လာသောအခါ ကျမ်းချက်များကို ပိုမိုလွယ်ကူစွာ ရှာတွေ့စေနိုင်ပါသည်။—ယော. ၁၄:၂၆။

၄ အချို့မိသားစုများသည် ကျမ်းချက်များကို အလွတ်ကျက်သည့် အချိန်တစ်ချိန် စီစဉ်ကြသည်။ ယင်းကို တစ်ဖက်တွင် ရည်ညွှန်းထားသည့်ကျမ်းချက်ရှိပြီး အခြားတစ်ဖက်တွင် ကျမ်းစာသားရှိသည့် ကတ်ငယ်လေးများကို အသုံးပြုပြီး ပြုလုပ်နိုင်သည်။ သူတို့သည် ကျမ်းစာသားကို အလွတ်ကိုးကားနိုင်မနိုင်၊ ကျမ်းချက်ရှိရာနေရာကို ပြန်မှတ်မိနိုင်မနိုင် သိနိုင်ရန် ထိုကတ်ငယ်လေးများကို အသုံးပြု၍ အလှည့်ကျလုပ်ဆောင်ကြသည်။ လယ်ကွင်းအတွက် တင်ဆက်နည်းများကို လေ့ကျင့်ခြင်း၊ ကန့်ကွက်ချက်တစ်ခု သို့မဟုတ် မေးခွန်းတစ်ခုကို ကျမ်းစာသုံးပြီး ဖြေဆိုခြင်းကို လေ့ကျင့်ခြင်းသည်လည်း ကျွန်ုပ်တို့ကို ပိုမိုကျွမ်းကျင်လာစေသည်။

၅။ ကျွန်ုပ်တို့သည် ကျမ်းစာကို အဘယ်ကြောင့် ပိုမိုကျွမ်းကျင်ပိုင်နိုင်လိုကြသနည်း။

၅ မည်သည့်စာအုပ်မျှ သမ္မာကျမ်းစာလောက် တန်ဖိုးမရှိပါ။ လူတို့ကို ‘ကယ်တင်ခြင်းရရန် ပညာရှိစေနိုင်’ သည့် စာသားများသည် ကျမ်းစာတွင်သာ ပါရှိသည်။ (၂ တိ. ၃:၁၅) ကျွန်ုပ်တို့ရပ်ကွက်ရှိ လူအများစုသည် ကျမ်းစာထဲတွင်တွေ့ရသည့် အဖိုးထိုက်ဘဏ္ဍာများနှင့် အကျွမ်းတဝင်မရှိကြသောကြောင့် ကျမ်းစာအမှန်တကယ်ကမ်းလှမ်းရာကို ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ ပြသနိုင်ရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိသည်။—သု. ၂:၁-၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ