မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁
“လူများစွာဟာ ဆုံးဖြတ်ချက်တွေမချခင် ဇာတာခွင်တွေကို ကြည့်ကြတယ်။ ကျွန်တော်တို့ရဲ့ဘ၀ကို ကြယ်တာရာတွေက စိုးမိုးထားတယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စိတ်ဝင်စားစရာကောင်းတာက သမ္မာကျမ်းစာမှာ နက္ခတ်တာရာတွေအကြောင်း ဖော်ပြထားတယ်။ [၄ ဓမ္မရာဇဝင် ၂၃:၅ ကိုဖတ်ပါ။] ဒီဆောင်းပါးမှာ သမ္မာကျမ်းစာရဲ့အမြင်ကို ဖော်ပြထားတယ်။” စာမျက်နှာ ၁၈ မှဆောင်းပါးကို ပြပါ။
နိုးလော့! ဇွန်
“နေ့စဉ်လိုလိုပဲ ကိုယ့်ကိုစော်ကားတာ၊ စိတ်ဆိုးအောင်လုပ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်စေတာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မိတ်ဆွေ သဘောတူပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဒီဖိတ်ခေါ်ချက်က အရမ်းနှစ်သိမ့်မှုဖြစ်စေတယ်။ [မဿဲ ၁၁:၂၈၊ ၂၉ ကိုဖတ်ပါ။] ဒီစကားကို ပြောခဲ့သူကတော့ သခင်ယေရှုဖြစ်တယ်။ သူပြောခဲ့တဲ့ပညာရှိစကားတွေက ကျွန်တော်တို့ရဲ့ဘ၀ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ အကူအညီများစွာ ဖြစ်စေပါတယ်။ အဲဒီ ပညာရှိစကားအတော်များများကို ဒီမဂ္ဂဇင်းထဲမှာ စုစည်းထားပါတယ်။ မိတ်ဆွေကို လက်ဆောင်ပေးချင်တယ်။”
ကင်းမျှော်စင် ဇူလိုင် ၁
“လူအတော်များများက အနန္တတန်ခိုးကြီးရှင်ကို ဘုရားသခင်လို့ပဲ ရည်ညွှန်းခေါ်ဆိုကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ဘုရားသခင့်နာမအကြောင်း ဖော်ပြထားတာ မိတ်ဆွေသိပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ဟေရှာယ ၄၂:၈က ကိုဖတ်ပါ။] ဘာသာပြန်ကျမ်းအချို့မှာ ဘုရားသခင့်နာမတော်ကို ဘာကြောင့်ဖယ်ထုတ်ပစ်လိုက်တယ်ဆိုတာနဲ့ ဘုရားသခင်ကို နာမနဲ့တကွသိရှိခြင်းက ဘာကိုဆိုလိုတယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြပေးထားတယ်။”
နိုးလော့! ဇူလိုင်
“စီးပွားရေးကြောင့် လူအတော်များများက ပူပန်သောကရောက်နေကြရတယ်။ အလုပ်လက်မဲ့တွေက ဖိစီးမှုတွေကြုံနေကြရပြီး အလုပ်အကိုင်ရှိသူတွေက အလုပ်ပြုတ်မှာကို စိုးရိမ်နေကြတယ်။ ဒီကျမ်းချက်က ဖြေရှင်းနည်းအတွက် ကောင်းတဲ့အကြံပြုချက်လို့ မိတ်ဆွေယူဆပါသလား။ [မဿဲ ၆:၃၄ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ငွေကြေးပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်းမှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားတယ်။”