ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၁၀ စာ. ၁-၂
  • စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိသည်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရိတ်သိမ်းခြင်းလုပ်ငန်း၌ စွဲစွဲမြဲမြဲချီတက်လော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်ကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဟောပြောခြင်းလုပ်ငန်းရဲ့အကျိုးရလဒ်များ—“စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ”
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၁၁/၁၀ စာ. ၁-၂

စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိသည်

၁။ ဘယ်အရေးကြီးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသလဲ။

၁ ရှမာရိအမျိုးသမီးကို ယေရှုသက်သေခံပြီးနောက် ကိုယ်တော်က တပည့်တွေကို ဒီလိုပြောတယ်– “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ။” (ယော. ၄:၃၅၊ ၃၆) ဘုရားသခင့်သတင်းစကား တုံ့ပြန်တဲ့သူတွေကို ရိတ်သိမ်းတဲ့လုပ်ငန်း လုပ်ဆောင်လျက်ရှိတယ်၊ အဲဒီလုပ်ငန်းဟာ ကမ္ဘာချီအတိုင်းအတာအထိဖြစ်လာမယ်ဆိုတာကို ယေရှုကြိုမြင်နိုင်ခဲ့တယ်။ ယေရှုက ကောင်းကင်ကနေပြီး ရိတ်သိမ်းခြင်းလုပ်ငန်းကို တကယ်ဦးဆောင်နေပါတယ်။ (မ. ၂၈:၁၉၊ ၂၀) ဒီလုပ်ငန်းဟာ အထွတ်အထိပ်ရောက်လာတာနဲ့အမျှ အရှိန်မြှင့်လာကြောင်း ဘာက ဖော်ပြသလဲ။

၂။ ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းက အရှိန်မြှင့်လာကြောင်း ဘယ်တိုးတက်မှုတွေက ဖော်ပြသလဲ။

၂ ကမ္ဘာချီရိတ်သိမ်းခြင်း– ၂၀၀၉ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ကြေညာသူအရေအတွက် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့နိုင်ငံတွေမှာ ၁၄ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ လစဉ်ပေးပို့တဲ့ ကျမ်းစာသင်အံမှုအရေအတွက်က ၇,၆၁၉,၀၀၀ ကိုကျော်လွန်သွားပြီး အများဆုံးကြေညာသူထက်ပိုများတယ်၊ လွန်ခဲ့တဲ့နှစ်ရဲ့ ကျမ်းစာသင်အံမှုအရေအတွက်ထက် ငါးသိန်းနီးပါးပိုများတယ်။ ဒေသများစွာမှာ ဒီလုပ်ငန်းပိုတိုးချဲ့လာတာနဲ့အမျှ ဂိလဒ်ကျောင်းဆင်းသာသနာပြုတွေတောင်းခံစာကို ပိုပြီးရရှိခဲ့ပါတယ်။ နိုင်ငံများစွာရှိ ဘာသာခြားစကားပြောလယ်ကွင်းမှာ အလွန် သီးပွင့်ဖြစ်ထွန်းလာနေတယ်။ ရိတ်သိမ်းချိန်အဆုံးပိုင်းမှာ ယေဟောဝါဟာ ဒီလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ထင်ရှားတယ်။ (ဟေရှာ. ၆၀:၂၂) သင့်လယ်ကွင်းအပေါ် သင်အပြုသဘောထားရှိပါသလား။

၃။ တချို့က သူတို့ဒေသရဲ့ရိတ်သိမ်းမှုအပေါ် ဘယ်လိုကောက်ချက်ချတတ်ကြသလဲ။

၃ သင့် ဒေသတွင်ရိတ်သိမ်းခြင်း– တချို့ပြောတတ်ကြတယ်– “ကျွန်တော့်ရပ်ကွက်က သိပ်မဖြစ်ထွန်းဘူး။” တချို့ရပ်ကွက်တွေက တခြားရပ်ကွက်တွေလောက် ဖြစ်ထွန်းပုံမရ၊ အရင်တုန်းကလောက် သီးပွင့်ပုံမရတာ မှန်ပါတယ်။ သက်သေခံတချို့ ဒီလိုကောက်ချက်ချမိနိုင်တယ်– ဒီနယ်မြေမှာ ရိတ်သိမ်းခြင်းက ပြီးသလောက်ရှိသွားပြီ၊ အခု ကျွန်တော်တို့ရဲ့အလုပ်က ရိတ်သိမ်းပြီးလို့ကျန်တဲ့ ကောက်သင်းအနည်းငယ်ကို စုသိမ်းဖို့ပဲ။ အဲဒီကောက်ချက်က မှန်ပါသလား။

၄။ ဓမ္မအမှုပေါ် ဘယ်လိုသင့်လျော်တဲ့သဘောထားမျိုး မွေးမြူသင့်သလဲ၊ ဘာကြောင့်လဲ။

၄ ရိတ်သိမ်းချိန်ဆိုတာ အစမှအဆုံးထိ အပြင်းအထန်ကြိုးစားရတဲ့အချိန်ဖြစ်တယ်။ ယေရှုရဲ့ဒီစကားမှာပါတဲ့ အရေးတကြီးသဘောထားကို သတိပြုကြည့်ပါ– “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့။” (မ. ၉:၃၇၊ ၃၈) ဘယ်အချိန်နဲ့ ဘယ်နေရာမှာ သီးပွင့်ဖြစ်ထွန်းမယ်ဆိုတာက စပါးရှင်ဖြစ်တဲ့ ယေဟောဝါရဲ့တာဝန်ဖြစ်ပါတယ်။ (ယော. ၆:၄၄; ၁ ကော. ၃:၆-၈) ကျွန်တော်တို့ရဲ့တာဝန်က ဘာလဲ။ ကျမ်းစာကဒီလိုအဖြေပေးပါတယ်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။” (ဒေ. ၁၁:၄-၆) ရိတ်သိမ်းမှု အထွတ်အထိပ်ရောက်နေချိန်မှာ သင့်လက်ကို အနားမပေးပါနဲ့။

၅။ မဖြစ်ထွန်းဘူးလို့ထင်ရတဲ့ရပ်ကွက်မှာ ဘာကြောင့် စိတ်ထက်သန်စွာဆက်ဟောသင့်သလဲ။

၅ ဆက်၍ ရိတ်သိမ်းနေပါ– ကျွန်တော်တို့ရပ်ကွက်က ထပ်ခါထပ်ခါလုပ်ဆောင်နေပြီး တုံ့ပြန်မှုမရှိဘူးလို့ထင်ရရင်တောင်မှ စိတ်အားထက်သန်မှု၊ အရေးတကြီးသဘောထားနဲ့လုပ်ဆောင်ဖို့အကြောင်းကောင်းရှိပါတယ်။ (၂ တိ. ၄:၂) လောကဇာတ်ကွက် အပြောင်းအလဲမြန်ဆန်လွန်းခြင်းက လူတွေရဲ့စိတ်ထားကို ပြောင်းလဲစေပြီး အနာဂတ်ကို ပိုအလေးအနက်တွေးတောစေပါတယ်။ လူငယ်တွေ ကြီးပြင်းလာတာနဲ့အမျှ လုံခြုံမှုနဲ့ စိတ်ငြိမ်သက်မှုရှာဖို့လိုတယ်လို့ ခံစားလာတတ်တယ်။ ကျွန်တော်တို့စွဲမြဲစွာလုပ်ဆောင်တာကို တချို့လူတွေ စိတ်စွဲမှတ်သွားနိုင်တယ်။ မှန်ပါတယ်၊ အရင်က နားမထောင်ခဲ့သူတွေ နောက်ပိုင်းတုံ့ပြန်လာနိုင်တယ်။ သတင်းတရားကို တမင်တကာငြင်းပယ်ရင်တောင် သူတို့ကို သတိပေးဖို့လိုအပ်တယ်။—ယေဇ. ၂:၄၊ ၅; ၃:၁၉။

၆။ ကျွန်တော်တို့ရပ်ကွက်က စိန်ခေါ်ချက်ဖြစ်နေရင် စိတ်ထက်သန်နေဖို့ ဘာကထောက်ကူပေးမလဲ။

၆ ကျွန်တော်တို့ရပ်ကွက်က စိန်ခေါ်ချက်ဖြစ်နေရင် စိတ်ထက်သန်နေဖို့ ဘာကထောက်ကူပေးမလဲ။ တစ်အိမ်တက်ဆင်းဟောပြောခြင်းအပြင် စီးပွားရေးရပ်ကွက်မှာသက်သေခံခြင်း ဒါမှမဟုတ် တယ်လီဖုန်းဖြင့်သက်သေခံခြင်းလိုမျိုး တခြားဓမ္မအမှုပုံစံတွေမှာလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ချဉ်းကပ်နည်းကိုသစ်လွင်စေဖို့ တင်ဆက်ပုံကို ပြောင်းလဲနိုင်ပါတယ်။ အချိန်ဇယားပြောင်းလဲပြီး ညနေပိုင်းမှာအမှုဆောင်ထွက်နိုင်တယ် ဒါမှမဟုတ် လူတွေ အိမ်မှာပိုရှိနိုင်တဲ့တခြားအချိန်တွေမှာ လုပ်ဆောင်နိုင်တယ်။ သတင်းကောင်းပိုပြီးပျံ့နှံ့ရောက်ရှိနိုင်ဖို့ ဘာသာစကားအသစ်တစ်မျိုး လေ့လာသင်ယူနိုင်တယ်။ မှန်မှန်ရှေ့ဆောင်လုပ်ခြင်းဖြင့် ဓမ္မအမှုကို တိုးချဲ့နိုင်ပါတယ်။ ဒါမှမဟုတ် ရိတ်သိမ်းသူနည်းတဲ့ဒေသတွေကို ရွှေ့ပြောင်းနိုင်တယ်။ ရိတ်သိမ်းခြင်းလုပ်ငန်းအပေါ် သဘောထားမှန်ရှိရင် ဒီအရေးကြီးလုပ်ငန်းမှာ အတတ်နိုင်ဆုံးအပြည့်အဝပါဝင်ဖို့ ကြိုးစားအားထုတ်ကြမှာဖြစ်တယ်။

၇။ စုသိမ်းခြင်းလုပ်ငန်းကို ဘယ်အချိန်အထိ ဆက်လုပ်ဆောင်သင့်ပါသလဲ။

၇ လယ်သမားတွေဟာ သီးနှံတွေကိုစုသိမ်းဖို့အချိန်အကန့်အသတ်သာရတဲ့အတွက် အလုပ်မပြီးမချင်း သက်သောင့်သက်သာနေလို့မရ၊ အရှိန်လျှော့လိုက်လို့မရပါ။ ပုံဆောင်ရိတ်သိမ်းခြင်းကိုလည်း အလားတူအရေးတကြီးသဘောထားနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်။ စုသိမ်းခြင်းလုပ်ငန်းကို ဘယ်အချိန်အထိ ဆက်လုပ်ဆောင်သင့်ပါသလဲ။ “ဤလောကစနစ်နိဂုံးပိုင်း” တစ်လျှောက်၊ “အဆုံး” ရောက်တဲ့အထိဖြစ်ပါတယ်။ (မ. ၂၄:၁၄; ၂၈:၂၀) ယေဟောဝါရဲ့အထင်ရှားဆုံး ဓမ္မအမှုဆောင်နည်းတူ ကျွန်တော်တို့လည်း အပ်နှင်းထားတဲ့လုပ်ငန်းကို အဆုံးထိလုပ်ဆောင်လိုကြတယ်။ (ယော. ၄:၃၄; ၁၇:၄) ဒါ့ကြောင့် ဓမ္မအမှုကို ထက်သန်စွာ၊ ရွှင်လန်းစွာ၊ အပြုသဘောရှိရှိနဲ့ အဆုံးထိတိုင် ဆက်ပြီးလုပ်ဆောင်ကြပါစို့။ (မ. ၂၄:၁၃) ရိတ်သိမ်းခြင်း မပြီးဆုံးသေးပါ။

[စာမျက်နှာ ၂ ပါ အကျဉ်းဖော်ပြချက်]

ရိတ်သိမ်းချိန်ဆိုတာ အစမှအဆုံးထိ အပြင်းအထန် ကြိုးစားရတဲ့ အချိန်ဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ