ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၃ စာ. ၁
  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —ယောလ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —ယောလ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲများကို ခံရပ်ခြင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ခိုင်မြဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မည်သူများ “ဘေးလွတ်ခွင့်ရ” ကြမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါ၏နေ့ရက်တော်ကို စွဲမှတ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၇/၁၃ စာ. ၁

ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —ယောလ

၁။ သတင်းကောင်းဟောပြောတဲ့အခါ ယောလရဲ့ နှိမ့်ချမှုကို ဘယ်လိုတုပနိုင်သလဲ။

၁ ပရောဖက်ယောလဆိုတာ ဘယ်သူလဲ။ သူ့ကိုယ်သူ “ပေသွေလရဲ့သား” ဆိုပြီးတော့ပဲ ဖော်ပြထားပါတယ်။ (ယောလ ၁:၁) စိတ်နှိမ့်ချတဲ့ ဒီပရောဖက်ဟာ သတင်းကြားပြောသူဆိုတဲ့ သူ့ရဲ့တာဝန်ကို မဟုတ်ဘဲ ယေဟောဝါရဲ့ သတင်းတရားကို အလေးပေးဖော်ပြခဲ့တယ်။ အလားတူ၊ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ချီးမွမ်းခံရဖို့၊ အသိအမှတ်ပြုခံရဖို့ မဟုတ်ဘဲ ယေဟောဝါနဲ့ သမ္မာကျမ်းစာကို လူတွေ အာရုံစိုက်လာအောင် ပြောဆိုကြတယ်။ (၁ ကော. ၉:၁၆; ၂ ကော. ၃:၅) ဒါ့အပြင် ကျွန်ုပ်တို့ဟာ ကြွေးကြော်တဲ့ သတင်းစကားကနေ ခွန်အားရရှိကြတယ်။ ဒီနေ့၊ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ စိတ်အားထက်သန်ဖို့နဲ့ မျှော်လင့်ချက်အပြည့်ရှိဖို့ ယောလပရောဖက်ပြုချက်ရဲ့ ဘယ်အချက်တွေက ကူညီပေးနိုင်သလဲ။

၂။ ယေဟောဝါရဲ့နေ့ကြီး နီးပြီဆိုတဲ့အချက်က ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

၂ “ထာဝရဘုရား၏နေ့ရက် နီးပြီ။” (ယောလ ၁:၁၅)– ဒီကျမ်းစကားတွေကို ရေးသားခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီရှိပြီဖြစ်ပေမဲ့ ဒီစကားတွေရဲ့ အဆုံးသတ်ပြည့်စုံချိန်မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြတယ်။ ဆိုးရွားလှတဲ့ ကမ္ဘာ့အခြေအနေ၊ လယ်ကွင်းမှာ ကျွန်ုပ်တို့ ကြုံရတဲ့ လျစ်လျူရှုမှုနဲ့ လှောင်ပြောင်မှုတွေက ဆိုးညစ်တဲ့ ဒီအစီအစဉ်ရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်နေပြီဆိုတာကို ဖော်ပြနေတယ်။ (၂ တိ. ၃:၁-၅; ၂ ပေ. ၃:၃၊ ၄) အဆုံးနီးပြီဆိုတဲ့အချက်ကို စဉ်းစားကြည့်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ဘဝအသက်တာမှာ အမှုဆောင်လုပ်ငန်းကို ဦးစားထားသင့်တယ်ဆိုတာ ထင်ရှားပါတယ်။—၂ ပေ. ၃:၁၁၊ ၁၂။

၃။ ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ အမှုဆောင်လုပ်ငန်းက ဘာကြောင့် အရမ်းအရေးကြီးတာလဲ။

၃ “ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ . . . ဖြစ်တော်မူလိမ့်မည်။” (ယောလ ၃:၁၆)– အဲဒီအခန်းငယ်မှာပါတဲ့ တုန်လှုပ်လိမ့်မယ်ဆိုတဲ့ဖော်ပြချက်က ကြီးစွာသောဒုက္ခအတွင်း ယေဟောဝါရဲ့ တရားစီရင်ချက်နဲ့ပဲ သက်ဆိုင်နိုင်တယ်။ အဲဒီအချိန်မှာ ယေဟောဝါက မိမိရဲ့သစ္စာရှိကျေးကျွန်တွေကို ကယ်လွှတ်ပေးမယ်ဆိုတာ သိထားတဲ့အတွက် ကျွန်ုပ်တို့ စိတ်သက်သာရာရကြတယ်။ (ဗျာ. ၇:၉၊ ၁၄) ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပြီး ယေဟောဝါရဲ့ ထောက်မမှုနဲ့ ခွန်အားပေးမှုကို ခံစားရတဲ့အခါ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာတဲ့အပြင် ခံနိုင်ရည် တိုးများလာမယ်။ ဒါမှသာ လာမယ့်ကြီးစွာသောဒုက္ခကို ရင်ဆိုင်နိုင်မှာဖြစ်တယ်။

၄။ အနာဂတ်ကို ယုံကြည်စိတ်ချမှုရှိရှိ ရင်ဆိုင်ပြီး ရွှင်လန်းဝမ်းမြောက်နိုင်တာ ဘာကြောင့်လဲ။

၄ ယောလရဲ့သတင်းစကားဟာ အပျက်သဘောဆောင်တဲ့ သတင်းစကားလို့ တချို့တွေ ပြောကြပေမဲ့ ဘုရားသခင့်လူမျိုးအတွက်တော့ ကယ်တင်ခြင်းမျှော်လင့်ချက် ရရှိစေတယ်။ (ယောလ ၂:၃၂) “ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလော့” ဆိုတဲ့ ယောလ ၂:၂၃ မှာပါတဲ့ စကားအတိုင်း အနာဂတ်ကို ယုံကြည်စိတ်ချမှုရှိရှိ ရင်ဆိုင်ပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို စိတ်ထက်သန်စွာ ကြွေးကြော်ကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ