နမူနာတင်ဆက်နည်းများ
မေလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတစ်ခုပြောပြဖို့ ဒီနေ့ ကျွန်တော်တို့ အိမ်တိုင်းစေ့ လည်ပတ်နေတယ်။ [မေ ၁၊ ကင်းမျှော်စင်နောက်ကျောရှိ ပထမမေးခွန်းကို ပြပါ။] မိတ်ဆွေ ဘယ်လိုထင်သလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ ကင်းမျှော်စင်နောက်ကျော၊ မေးခွန်းအောက်က အကြောင်းနဲ့ ညွှန်းထားတဲ့ကျမ်းချက်တွေထဲက ကျမ်းတစ်ချက်ကိုဖတ်ပြီး သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပြီး နောက်မေးခွန်းကို ဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် မေ ၁
“အနာဂတ်ကို လူတွေ စိတ်ဝင်စားကြတယ်။ အနာဂတ်ကို စဉ်းစားကြည့်လိုက်ရင် ပိုကောင်းလာမယ်လို့ ထင်သလား၊ ပိုဆိုးလာမယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးနောက် “အနာဂတ်နဲ့ပတ်သက်ပြီး ဘုရားသခင် ကြိုဟောထားရာများ” လေးထောင့်ကွက်ရှိ ကျမ်းတစ်ချက်ကို ဖတ်ပြပါ။] အနာဂတ်မှာ ဘာဖြစ်လာမယ်လို့ ဘုရားပြောထားတာတွေ၊ အဲဒါတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရတဲ့ အကြောင်းပြချက်တွေကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! မေ
“ဒီနေ့ခေတ်လူတွေဟာ ဖိစီးမှုတွေနဲ့ နပန်းလုံးနေကြရတယ်။ အရင်ခေတ်တွေထက် ဒီနေ့ခေတ်မှာ ဖိစီးမှုတွေ ပိုတိုးများလာတယ်လို့ လူတွေပြောကြတယ်။ ဟုတ်တယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအတော်များများက ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ လက်တွေ့ကျအကြံဉာဏ်ကောင်းတွေကို သမ္မာကျမ်းစာကနေ ရရှိကြတယ်။ ဥပမာတစ်ခုလောက် ပြပေးမယ်နော်။ [မဿဲ ၆:၃၄ ကို ဖတ်ပါ။] စိတ်ဖိစီးစေတဲ့ အကြောင်းရင်းတွေကို ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြတယ်။
မှတ်ချက်– ဒီနိုးလော့! ကို အထူးသဖြင့် စီးပွားရေးသမားတွေ စိတ်ဝင်စားပါလိမ့်မယ်။