အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း —ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ
ဘာကြောင့်အရေးကြီး– ယေရှုက လူတစ်ဦးစီကို ဂရုစိုက်ပြီး ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ပြခဲ့ပါတယ်။ ဥပမာ၊ တစ်ခါတုန်းက ဆွံ့အနားမကြားသူကို ကုသပေးဖို့ ယေရှုဆီခေါ်လာချိန် သူ စိုးရွံ့နေတာကို သတိပြုမိတယ်။ ဒါကြောင့် သူ့ကို လူအုပ်ကြားထဲကနေ သီးသန့်ခေါ်ထုတ်သွားပြီး ကုသပေးခဲ့တယ်။ (မာ. ၇:၃၁-၃၅) ယေရှုဟာ တပည့်တွေရဲ့ခံယူနိုင်စွမ်း အကန့်အသတ်ကို နားလည်တဲ့အတွက် အကြောင်းအရာအများကြီး မပြောပြခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူတို့ကို စာနာထောက်ထားမှု ပြခဲ့တယ်။ (ယော. ၁၆:၁၂) ကောင်းကင်ကို ယေရှုတက်သွားပြီးတဲ့နောက်မှာတောင် လူတွေကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ပြခဲ့တယ်။ (၂ တိ. ၄:၁၇) နောက်လိုက်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ယေရှုကို တုပချင်ကြတယ်။ (၁ ပေ. ၂:၂၁; ၁ ယော. ၃:၁၆၊ ၁၈) အိမ်ရှင်ကို စာနာထောက်ထားမှုပြပြီး သူ့အခြေအနေတွေ၊ စိတ်ဝင်စားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို သတိပြုမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုဟာ ပိုပြီးထိရောက်ပါလိမ့်မယ်။ ကျွန်ုပ်တို့ဟာ သတင်းတရားကို ဟောပြောနေရုံ၊ စာပေတွေကို ဝေငှနေရုံသာမဟုတ်ဘဲ အိမ်ရှင်ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုရှိကြောင်းပြတဲ့အခါ သတင်းတရားကို သူ ပိုပြီးနားထောင်ချင်စိတ် ရှိလာနိုင်တယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
အိမ်ရှင်ပေါ် မူတည်ပြီး ကိုယ့်ရဲ့တင်ဆက်နည်းကို အလိုက်အထိုက်ပြောင်းလဲနိုင်ဖို့ မိသားစုဝတ်ပြုမှုမှာ ဒါမှမဟုတ် အမှုဆောင်ထွက်နေချိန် တစ်အိမ်မှတစ်အိမ်အကူးမှာ ကိုယ့်ရဲ့တွဲဖက်နဲ့ လေ့ကျင့်ပါ။
လယ်ကွင်းစုဆုံမှုကို ကိုင်တွယ်တဲ့ညီအစ်ကိုဟာ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ဘယ်လိုပြရမလဲဆိုတာတွေကို ဆွေးနွေးနိုင်တယ် ဒါမှမဟုတ် သရုပ်ပြဖို့ စီစဉ်နိုင်တယ်။