အောက်မေ့ရာပွဲအတွက် ကြိုတင်ပြင်ဆင်နေပါသလား
ယေရှု အသတ်မခံရခင် အေဒီ ၃၃၊ နိသန်လ ၁၃ ရက်နေ့မှာ တမန်တော်တွေနဲ့ပဲ နောက်ဆုံးညစာစားပွဲ ကျင်းပရမယ်ဆိုတာ သိခဲ့တယ်။ ယေရှုက သူတို့နဲအတူ နောက်ဆုံးပသခါပွဲကို ကျင်းပပြီးနောက် သခင့်ညစာစားပွဲကို အစပြုကျင်းပခဲ့တယ်။ အရေးကြီးတဲ့ အဲဒီပွဲအတွက် ကြိုတင်ပြင်ဆင်ရမှာ သေချာတယ်။ ဒါကြောင့် လိုအပ်တာတွေကို ပြင်ဆင်ဖို့ ပေတရုနဲ့ ယောဟန်ကို ကိုယ်တော် စေလွှတ်ခဲ့တယ်။ (လု. ၂၂:၇-၁၃) အဲဒီအချိန်ကစပြီး အောက်မေ့ရာပွဲကို နှစ်တိုင်းကျင်းပချင်ကြတဲ့ ခရစ်ယာန်တွေဟာ ဒီပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ရမှာဖြစ်တယ်။ (လု. ၂၂:၁၉) ဧပြီ ၃ ရက်နေ့မှာကျင်းပမယ့် အောက်မေ့ရာပွဲအတွက် ဘာတွေကို အဓိကထား ပြင်ဆင်ဖို့လိုပါသလဲ။
ကြေညာသူတွေ ပြင်ဆင်ရမယ့်အပိုင်း–
အောက်မေ့ရာပွဲဖိတ်စာဝေငှမယ့် ကင်းပိန်မှာ အပြည့်အဝ ပါဝင်နိုင်ဖို့ ကြိုတင်စီစဉ်ပါ။
ကျမ်းစာသင်သားတွေ၊ ဆွေမျိုးတွေ၊ အတန်းဖော်တွေ၊ အလုပ်ဖော်တွေနဲ့ တခြားအသိတွေကို စာရင်းလုပ်ပြီး ဖိတ်ခေါ်ပါ။
အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းကို ဖတ်ပြီး တွေးတောဆင်ခြင်ပါ။
အောက်မေ့ရာပွဲနေ့မှာ ဧည့်သည်တွေကို ကြိုဆိုဖို့ စောစောရောက်နေပါ။