အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း —မဂ္ဂဇင်းလမ်းကြောင်းထားဖို့ ကြိုးစားပါ
ဘာကြောင့်အရေးကြီး– လူများစွာက အဖွဲ့အစည်းထုတ်မဂ္ဂဇင်းတွေကိုဖတ်ပေမဲ့ ကျမ်းစာမသင်ချင်ကြဘူး။ ကိုယ့်ဘာသာတရားနဲ့ပဲ ကျေနပ်နေကြတာ၊ ဒါမှမဟုတ် ကျမ်းစာလေ့လာဖို့ အချိန်မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဖွဲ့အစည်းထုတ်မဂ္ဂဇင်းတွေကို ပုံမှန်ဖတ်လာတဲ့အခါ ဘုရားသခင်ရဲ့တရားစကားတော်ကို ပိုသိချင်လာကြတယ်။ (၁ ပေ. ၂:၂) သူတို့ဖတ်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် နှလုံးထိမိသွားနိုင်တယ် ဒါမှမဟုတ် သူတို့ရဲ့အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ ကျွန်ုပ်တို့က သူတို့ဆီ ခဏတဖြုတ်နဲ့ မှန်မှန်လည်ပတ်တဲ့အခါ သူတို့နဲ့ခင်မင်လာတဲ့အပြင် သူတို့ရဲ့ စိတ်ဝင်စားရာတွေနဲ့ စိုးရိမ်မှုတွေကို သိရှိလာမှာဖြစ်တယ်။ ဒီလိုနဲ့ ကျမ်းစာသင်အံမှု စတင်နိုင်မှာဖြစ်တယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
မဂ္ဂဇင်းလမ်းကြောင်း ဖြစ်နိုင်မယ့်သူတွေကို စာရင်းလုပ်ပါ။ သူတို့ကို နောက်ဆုံးထုတ်မဂ္ဂဇင်းတွေပေးပြီး နောက်လထုတ်စာစောင်တွေကို ယူလာပေးမယ်လို့လည်း ပြောပါ။