ကျွမ်းကျင်စွာသွန်သင်ပေးဖို့ ပြင်ဆင်မှုလိုအပ်
ဖြစ်ရပ်နှစ်ခုမှာ လူတွေဟာ ယေရှုကို ထာဝရအသက်နဲ့ပတ်သက်ပြီး တူညီတဲ့မေးခွန်း နှစ်ကြိမ်မေးခဲ့ကြတယ်။ ဒါပေမဲ့ ကိုယ်တော်က အဖြေတူမပေးဘဲ မေးသူရဲ့လိုအပ်ရာနဲ့အညီ ပြန်ဖြေတယ်။ (လု. ၁၀:၂၅-၂၈; ၁၈:၁၈-၂၀) ဒါကြောင့် ကျွန်ုပ်တို့လည်း သင်အံမှုစာအုပ်ကို ကောင်းစွာသိပြီးသားဖြစ်ရင်တောင် သင်သားရဲ့လိုအပ်ရာကို ထည့်တွက်ပြီး ကြိုတင်ပြင်ဆင်သင့်တယ်။ ဘယ်အချက်က သင်သားအတွက် နားလည်လက်ခံဖို့ ခက်နေသလဲ။ ညွှန်းထားတဲ့ ဘယ်ကျမ်းချက်တွေကို ဖတ်ပြမလဲ။ တစ်ခါလေ့လာရင် အကြောင်းအရာဘယ်လောက်များများ လေ့လာမလဲ။ လေ့လာနေတဲ့အကြောင်းရာကို သင်သား သဘောပေါက်နိုင်အောင် ပုံဥပမာ၊ ရှင်းပြချက်၊ ထပ်ဆင့်မေးခွန်းတွေကိုလည်း ကြိုပြင်ထားဖို့လိုတယ်။ လူတွေရဲ့နှလုံးထဲမှာ အမှန်တရားမျိုးစေ့ ကြီးထွားစေသူဟာ ယေဟောဝါဖြစ်တဲ့အတွက် သင်အံမှုအတွက် ကျွန်ုပ်တို့ကြိုတင်ပြင်ဆင်မှုအပေါ်၊ သင်သားအပေါ်၊ ဘုရားရေးရာမှာ သင်သားတိုးတက်ဖို့ ကြိုးစားကူညီပေးမှုအပေါ် ကောင်းချီးပေးဖို့ ကိုယ်တော်ဆီ ဆုတောင်းပါ။—၁ ကော. ၃:၆; ယာ. ၁:၅။