ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၅ စာ. ၁
  • ပရောဖက်တို့ကို တုပပါ—ဟဗက္ကုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရောဖက်တို့ကို တုပပါ—ဟဗက္ကုတ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါသည် ဆိုင်းတော်မူမည်မဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၁၂/၁၅ စာ. ၁

ပရောဖက်တို့ကို တုပပါ—ဟဗက္ကုတ်

၁။ ပရောဖက် ဟဗက္ကုတ်ကို ကျွန်ုပ်တို့ ဘာကြောင့် ကိုယ်ချင်းစာနိုင်တာလဲ။

၁ ကမ္ဘာတစ်ဝန်း ဆိုးညစ်မှုတွေ ပိုများလာတာနဲ့အမျှ “မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း” လို့ယေဟောဝါကိုမေးခဲ့တဲ့ ဟဗက္ကုတ်လို ကျွန်ုပ်တို့လည်း ခံစားမိနိုင်တယ်။ (ဟဗ. ၁:၃; ၂ တိ. ၃:၁၊ ၁၃) ယေဟောဝါရဲ့တရားစီရင်ရာနေ့ကို စောင့်ဆိုင်းရင်း ဟဗက္ကုတ်ရဲ့သတင်းစကားနဲ့ သစ္စာရှိပုံသက်သေအကြောင်း တွေးတောဆင်ခြင်တာက ခံနိုင်ရည်ရှိအောင် ကူညီပေးပါလိမ့်မယ်။—၂ ပေ. ၃:၇။

၂။ ဒီနေ့ခေတ်မှာ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြောင်း ဘယ်လိုဖော်ပြနိုင်မလဲ။

၂ ယုံကြည်ခြင်းနဲ့ အသက်ရှင်– အဖြစ်ဆိုးတွေကြောင့် လက်မှိုင်ချလိုက်မယ့်အစား ဟဗက္ကုတ်ဟာ ဘုရားလုပ်ငန်းကို အားတက်သရော လုပ်ဆောင်ခဲ့တယ်။ (ဟဗ. ၂:၁) ကိုယ်တော်ရဲ့စကားတွေဟာ သတ်မှတ်ထားချိန်မှာ ပြည့်စုံလာမယ်၊ “ဖြောင့်မတ်သောသူမူကား မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်” မယ်ဆိုတာကို ပရောဖက်ယုံကြည်စိတ်ချအောင် ယေဟောဝါဘုရားပြောဆိုခဲ့တယ်။ (ဟဗ. ၂:၂-၄) ဒီစကားတွေက နောက်ဆုံးကာလမှာ အသက်ရှင်နေတဲ့ ခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ လောကစနစ်အဆုံးရောက်လာမယ့် အချိန်ကိုသိဖို့ထက် အဆုံး ကျိန်းသေရောက်လာမယ်ဆိုတာကို အခိုင်အမာယုံကြည်ဖို့က ပိုအရေးကြီးတယ်။ နိုးနိုးကြားကြားရှိနေဖို့၊ အမှုဆောင်လုပ်ငန်းကို ဦးစားထားဖို့ ယုံကြည်ခြင်းက လှုံ့ဆော်ပေးမှာ ဖြစ်တယ်။—ဟေဗြဲ ၁၀:၃၈၊ ၃၉။

၃။ ယေဟောဝါရဲ့အမှုတော်ကို ရွှင်လန်းတဲ့စိတ်နဲ့ ဘာကြောင့် ဆက်လုပ်ဆောင်သွားရမလဲ။

၃ ယေဟောဝါဘုရားကြောင့် အားရရွှင်လန်း– ယေဟောဝါရဲ့လူမျိုးကို မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်ချိန်မှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း စမ်းသပ်ခံရမှာဖြစ်တယ်။ (ယေဇ. ၃၈:၂၊ ၁၀-၁၂) တိုက်ပွဲကြောင့် အခက်အခဲတွေ ဖြစ်ပေါ်လာမှာမို့လို့ အနိုင်ရသူတွေတောင်မှ ဒုက္ခကြုံရမယ်။ အစားအစာတွေ ရှားပါး၊ ပိုင်ဆိုင်ရာတွေ ဆုံးရှုံး၊ လူနေမှုအဆင့်အတန်းတွေ ထိုးကျသွားနိုင်တယ်။ အခက်အခဲတွေကြုံလာချိန်မှာ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ အခက်အခဲတွေကြုံရမယ်ဆိုတာ ဟဗက္ကုတ် သိထားတာကြောင့် ယေဟောဝါကို ရွှင်လန်းတဲ့စိတ်နဲ့ ဆက်အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ (ဟဗ. ၃:၁၆-၁၉) “ယေဟောဝါဘုရားပေးသနားတဲ့ ဝမ်းမြောက်ခြင်း” က ကြုံလာရမယ့် အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးမှာဖြစ်တယ်။—နေ. ၈:၁၀၊ ကဘ; ဟေဗြဲ ၁၂:၂။

၄။ အခုအချိန်မှာရော၊ အနာဂတ်မှာပါ ကျွန်ုပ်တို့ ဘာကြောင့် ပျော်ရွှင်နိုင်တာလဲ။

၄ ယေဟောဝါရဲ့ တရားစီရင်ရာနေ့မှာ လွတ်မြောက်ခွင့်ရသူတွေဟာ အသက်လမ်းစဉ်အကြောင်း ဆက်သင်ယူသွားကြမှာ ဖြစ်တယ်။ (ဟဗ. ၂:၁၄) ရှင်ပြန်ထမြောက်လာသူတွေလည်း ယေဟောဝါအကြောင်း သင်ယူကြပါလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ ယေဟောဝါနဲ့ ကိုယ်တော့်အံ့ဖွယ်အမှုတော်တွေအကြောင်း တခြားသူတွေကို အခွင့်အရေးရတိုင်း ဟောပြောကြပါစို့။—ဆာ. ၃၄:၁; ၇၁:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ