ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb17 ဧပြီ စာ. ၂
  • လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတိရအောက်မေ့ပွဲတွင် သူတို့အား လှိုက်လှဲစွာ ကြိုဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ကောင်းတဲ့သက်သေခံချက်ဖြစ်ပါလိမ့်မယ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • စိတ်ဝင်စားမှုတင်ပြသူအားလုံးကို ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဧည့်သည်များကို ကြိုဆိုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
mwb17 ဧပြီ စာ. ၂

ခရစ်ယာန်အသက်တာ လမ်းစဉ်

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ

ဘယ်သူတွေကိုလဲ။ လူသစ်ဖြစ်ဖြစ်၊ လူဟောင်းဖြစ်ဖြစ် အစည်းအဝေးလာတက်တဲ့ ဘယ်သူကိုမဆို ကြိုဆိုရမယ်။ (ရော. ၁၅:၇။ ဟေဗြဲ ၁၃:၂) တခြားနိုင်ငံကနေ လာလည်ပတ်တဲ့ ညီအစ်ကို ညီအစ်မတွေ ဖြစ်နိုင်သလို မတက်တာကြာပြီဖြစ်တဲ့ မလှုပ်မရှားသူလည်း ဖြစ်နိုင်တယ်။ သင်သာ အဲဒီလိုကြိုဆိုခံရရင် ဘယ်လိုခံစားရမလဲ။ (မ. ၇:၁၂) ခန်းမကို ကြိုသွားပြီး အစည်းအဝေး မစခင်နဲ့ အပြီးမှာ တခြားသူတွေကို လိုက်နှုတ်ဆက်ဖို့ ကြိုးစားနိုင်မလား။ ဒီလိုလုပ်တာက နွေးထွေးမှုရှိစေပြီး ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ (မ. ၅:၁၆) စည်းဝေးလာတက်သူ ယောက်တိုင်းကို ကိုယ်တိုင်နှုတ်ဆက်နိုင်မှာ မဟုတ်ပေမဲ့ ညီအစ်ကို ညီအစ်မအားလုံး ကြိုဆိုမယ်ဆိုရင် အကုန်လုံးကို နှုတ်ဆက်မိပါလိမ့်မယ်။a

ကြိုဆိုနှုတ်ဆက်တာကို သတိရအောက်မေ့ပွဲလို အထူးအချိန်အခါမှ မဟုတ်ဘဲ အမြဲတမ်း လုပ်ရမယ်။ အစည်းအဝေးလာတက်တဲ့ လူသစ်တွေက ခရစ်ယာန်မေတ္တာကို ခံစားရတဲ့အခါ ဘုရားသခင်ကို ချီးမွမ်းပြီး စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်ချင်စိတ် ရှိလာနိုင်တယ်။—ယော. ၁၃:၃၅။

a စည်းဝေးလာတက်တဲ့ နှင်ထုတ်ထားသူနဲ့ ပေါင်းသင်းမှုရပ်စဲထားသူတွေကိုတော့ သမ္မာကျမ်းစာအရ နှုတ်ဆက်လို့မရဘူး။—၁ ကော. ၅:၁၁။ ၂ ယော. ၁၀။

ဝတ်ပြုရာခန်းမကို လာတက်တဲ့လူသစ်ကို ညီအစ်ကိုတစ်ဦးက လှိုက်လှိုက်လှဲလှဲ ကြိုဆို

လာတက်တဲ့ လူသစ်တွေကို ကူညီနိုင်ပုံ

  • မိတ်ဆက်ပြီး သူတို့နာမည်ကို မေးပါ

  • ကိုယ်နဲ့အတူထိုင်ဖို့ ခေါ်ပါ

  • ကျမ်းစာနဲ့ သီချင်းစာအုပ်ကို အတူကြည့်ပါ

  • အစည်းအဝေးပြီးတဲ့အခါ အချိန်ပေးပြီး မေးခွန်းတွေကို ဖြေပါ

  • သင့်တော်မယ်ဆိုရင် သင်အံမှုကမ်းလှမ်းပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ