ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၅၁-၅၂
ယေဟောဝါရဲ့စကား အသေးစိတ်ကအစ ပြည့်စုံ
ယေဟောဝါက ဖြစ်ပျက်လာမယ့်အရာတွေကို အတိအကျ ကြိုဟောခဲ့
ပါးရှား လေးသည်တော်
“မြားတွေကို သွေးကြ”
မီးဒီးယားနဲ့ ပါးရှားလူတွေဟာ ကျွမ်းကျင်တဲ့ လေးသမားတွေဖြစ်။ သူတို့ရဲ့အဓိက လက်နက်က လေးမြား။ သူတို့ရဲ့ မြားတွေကို ထက်အောင် သွေးထားကြ
“ဗာဗုလုန်ရဲ့ စစ်သူရဲတွေဟာ စစ်မတိုက်တော့ဘူး”
“ဆိုင်းရပ်ရဲ့စစ်တပ်က စစ်တိုက်စရာမလိုဘဲ ဗာဗုလုန်မြို့ထဲ ဝင်လာတယ်” လို့ နဗိုနိုက်ဒတ်စ် ကျောက်စာပေါ်မှာ ဖော်ပြထား။ ယေရမိ ကြိုပြောခဲ့တဲ့အတိုင်း ဖြစ်ခဲ့
နဗိုနိုက်ဒတ်စ် ကျောက်စာ
“ဗာဗုလုန်ဟာ ကျောက်ပုံ၊ . . . ထာဝစဉ် လူသူကင်းမဲ့သွားမယ်”
ဘီစီ ၅၃၉ ကစပြီး ဗာဗုလုန်ရဲ့ဘုန်း မှေးမှိန်လာ။ မဟာအလက်ဇန္ဒားက ဗာဗုလုန်ကို မြို့တော်အဖြစ် ရည်ရွယ်ခဲ့ပေမဲ့ သူ ရုတ်တရက် သေဆုံးသွားခဲ့။ ခရစ်ယာန်ခေတ်အစပိုင်းမှာ ဂျူးတချို့ အဲဒီမှာနေခဲ့လို့ တမန်တော် ပေတရု သွားလည်ပတ်ခဲ့။ အေဒီ လေးရာစုမှာ မြို့ဟာ ပျက်စီးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား