ခရစ်ယာန်အသက်တာလမ်းစဉ်
ယောနကျမ်းကနေရတဲ့ သင်ခန်းစာများ
ယေဟောဝါက အရေးကြီး သင်ခန်းစာတွေ သင်ပေးဖို့ ကျမ်းစာထဲမှာ ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း မှတ်တမ်းတင်ထားတယ်။ (ရော. ၁၅:၄) ယောနကျမ်းကနေ ဘာသင်ခန်းစာ ရသလဲ။ မိသားစုဝတ်ပြုမှု– ယောန—ယေဟောဝါရဲ့ ကရုဏာကနေ သင်ယူခဲ့ ဗီဒီယိုကို ကြည့်ပါ။ ပြီးတော့ ဒီမေးခွန်းတွေကို ဖြေပါ။
ဗီဒီယိုထဲက ကြေညာသူ သုံးယောက် ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ။
ပဲ့ပြင်ဆုံးမခံရရင်၊ ဒါမှမဟုတ် လုပ်ငန်းတော် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရင် ယောနကျမ်းကနေ ဘာအားပေးမှု ရသလဲ။ (၁ ရှ. ၁၆:၇။ ယောန ၃:၁၊ ၂)
အမှုဆောင်ရပ်ကွက်နဲ့ ပတ်သက်ပြီး အပြုသဘောထားရှိဖို့ ယောနကျမ်းက ဘယ်လို ကူညီပေးသလဲ။ (ယောန ၄:၁၁။ မ. ၅:၇)
နာတာရှည်ရောဂါ ရှိသူတွေအတွက် ယောနရဲ့ တွေ့ကြုံမှုက ဘယ်လို နှစ်သိမ့်မှု ပေးသလဲ။ (ယောန ၂:၁၊ ၂၊ ၇၊ ၉)
ဒီ ဗီဒီယိုကနေ ကျမ်းစာဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်း တန်ဖိုးနဲ့ပတ်သက်ပြီး ဘာသိရသလဲ။