ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb18 မေ စာ. ၈
  • “ဘုရားသခင် တွဲဖက်ထား . . . ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင် တွဲဖက်ထား . . . ”
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
mwb18 မေ စာ. ၈
အမျိုးသားနဲ့ အမျိုးသမီး လက်တွဲထား

ခရစ်ယာန်အသက်တာလမ်းစဉ်

“ဘုရားသခင် တွဲဖက်ထား . . . ”

ကွာရှင်းဖို့ စဉ်းစားနေတဲ့ အမျိုးသားဟာ ကွာရှင်းစာချုပ် ရေးရမယ်လို့ မောရှေပညတ်က တောင်းဆိုတယ်။ ဒါက အလောတကြီး အိမ်ထောင်ကွာရှင်းတာကို တားဆီးပေးတယ်။ ဒါပေမဲ့ ယေရှုအချိန်မှာ လွယ်လွယ်လေးနဲ့ ကွာရှင်းလို့ရအောင် ဘာသာရေးခေါင်းဆောင်တွေ လုပ်ကြတယ်။ အမျိုးသားတွေဟာ မိမိတို့ဇနီးကို ဘယ်အကြောင်းပြချက်နဲ့မဆို ကွာရှင်းလို့ရတယ်။ (“ကွာရှင်းစာချုပ်” nwtsty မာ ၁၀:၄ လေ့လာမှု မှတ်စု “ဇနီးကို ကွာရှင်း” “အိမ်ထောင်ရေး ဖောက်ပြန်သူ၊ ကိုယ့်ဇနီးကို ပြစ်မှားသူ” nwtsty မာ ၁၀: ၁၁ လေ့လာမှု မှတ်စု) အိမ်ထောင်ကို ယေဟောဝါရဲ့ အခွင့်အာဏာနဲ့ အစပြုတည်ထောင်ထားကြောင်း ယေရှု ပြန်သတိရစေခဲ့တယ်။ (မာကု ၁၀:၂-၁၂) ခင်ပွန်းနဲ့ ဇနီးဟာ ရာသက်ပန်ပေါင်းစည်းဖို့ “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာတယ်။ ကျမ်းစာအရ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက မဿဲကျမ်းပြိုင်မှတ်တမ်းမှာပါတဲ့ “လိင်အကျင့်ယိုယွင်းမှု” ဖြစ်တယ်။ —မ ၁၉:၉။

အခုချိန်မှာတော့ လူတွေဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင် ယေရှုလို အမြင်မျိုး မရှိတော့ဘူး၊ ဖာရိရှဲတွေလိုပဲ မြင်တော့တယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ အလျင်စလို ကွာရှင်းလိုက်ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်မောင်နှံတွေကတော့ အိမ်ထောင်ကတိသစ္စာကို အလေးအနက်ထားတယ်၊ ကျမ်းစာမူတွေကို ကျင့်သုံးပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတယ်။ မေတ္တာနဲ့ လေးစားမှုက မိသားစုကို စည်းလုံးစေ ဗီဒီယိုကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ကျမ်းစာဖတ်နေ; ဇနီးပြောတာကို ခင်ပွန်း နားထောင်နေ; မင်္ဂလာဆောင်ဓာတ်ပုံကို ဆုတ်ဖြဲနေ

    အိမ်ထောင်မှာ ပညာအလိမ္မာ ၁၅:၁ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ အဲဒီလိုကျင့်သုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • ပြဿနာတွေကို ရှောင်နိုင်အောင် ပညာအလိမ္မာ ၁၉:၁၁ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

  • အိမ်ထောင်ပြိုကွဲတော့မယ့် အခြေအနေမှာ ‘ကွာရှင်းလိုက်ရင် ကောင်းမလား’ လို့ စဉ်းစားမယ့်အစား ဘယ်မေးခွန်းတွေကို စဉ်းစားသင့်သလဲ။

  • ပိုကောင်းတဲ့ ခင်ပွန်း၊ ပိုကောင်းတဲ့ဇနီးဖြစ်အောင် မဿဲ ၇:၁၂ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ