ခရစ်ယာန်အသက်တာလမ်းစဉ်
ဘာသာစကား အမျိုးမျိုးပြောတဲ့ ရပ်ကွက်မှာ ဟောပြောဖို့ ပူးပေါင်းလုပ်ဆောင်ပါ
လူတွေဟာ နိုင်ငံတော်သတင်းကို ကိုယ့်မိခင်ဘာသာစကားနဲ့ ကြားရရင် ပိုတုံ့ပြန်တတ်ကြတယ်။ အဲဒါကြောင့် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ စုရုံးလာတဲ့ “ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးက ဘုရားတရားကြည်ညိုတဲ့ ဂျူးတွေ” ဟာ ဟီဘရူးနဲ့ ဂရိစတဲ့ အများသုံးစကားကို ပြောတတ်သူတွေဖြစ်ပေမဲ့ သတင်းကောင်းကို “ကိုယ့်မိခင်ဘာသာစကားနဲ့ ကြား” ရဖို့ ယေဟောဝါ စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်။ (တ ၂:၅၊ ၈) ယနေ့ ဘာသာစကားအမျိုးမျိုးပြောတဲ့ နေရာဒေသတွေမှာ ဘာသာစကားအမျိုးမျိုးနဲ့ အစည်းအဝေးတွေ ကျင်းပကြတယ်။ ဒီအသင်းတော်တွေရဲ့ အမှုဆောင်ရပ်ကွက်ဟာ တစ်ရပ်ကွက်တည်းမှာပဲ ရှိနိုင်တယ်။ အဲဒီလိုအသင်းတော်တွေက ကြေညာသူတွေဟာ အထပ်ထပ် ပြန်သွားမိလို့ အိမ်ရှင်တွေ စိတ်ဆိုးတာမျိုး မဖြစ်အောင် ရှောင်ရင်း လူတိုင်းကို သက်သေခံနိုင်ဖို့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။
တိုင်ပင်ဆွေးနွေးပါ (ပ ၁၅:၂၂)– လုပ်ငန်းတော်ကြီးကြပ်မှူးတွေဟာ တိုင်ပင်ဆွေးနွေးပြီး သတင်းကောင်း ဟောပြောဖို့ သက်ဆိုင်တဲ့ အသင်းတော်အားလုံးအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေသင့်တယ်။ ဘာသာခြားစကားနဲ့ ဟောပြောတဲ့ အသင်းတော်တွေရဲ့ ရပ်ကွက်က ကျဉ်းတယ်ဆိုရင် ရပ်ကွက်တစ်ခုတည်းမှာရှိတဲ့ သူတို့ရဲ့ ဘာသာစကားပြော အိမ်တွေကို ကျော်သွားစေချင်ပါလိမ့်မယ်။ ဒါပေမဲ့ ရပ်ကွက်က ကျယ်ပြန့်လို့ သူတို့ရဲ့ ဘာသာစကားပြောရပ်ကွက်ကို ပုံမှန် မပြီးနိုင်ဘူးဆိုရင် အိမ်တွေကို မကျော်ဘဲ ဟောပြောစေချင်ပါလိမ့်မယ်။ ဒါပေမဲ့ ရပ်ကွက်မှာ သူတို့ရဲ့ဘာသာစကား ပြောတဲ့ စိတ်ဝင်စားသူကို တွေ့ရင် သူတို့ကို အကြောင်းကြားစေချင်ပါလိမ့်မယ်။ (od ၉၃ ပိုဒ်. ၃၇) ဒါမှမဟုတ် ဘာသာခြားစကားပြော အသင်းတော်တွေဟာ သူတို့ရဲ့ ဘာသာစကားပြောတဲ့ လူတွေကို ရှာတွေ့ရင် လိပ်စာတွေ လွှဲပြောင်းပေးဖို့ သင်တို့ရဲ့အသင်းတော်ကို အကူအညီ တောင်းလာနိုင်ပါတယ်။ (နဓ ၇/၁၂ ၅၊ လေးထောင့်ကွက်) တစ်ခါတလေ တစ်အိမ်တည်းမှာပဲ ဘာသာစကား အမျိုးမျိုး ပြောတဲ့သူတွေ ရှိနိုင်တာကို သတိပြုပါ။ ရပ်ကွက်မှာရှိတဲ့ လူတိုင်းကို ဟောပြောဖို့ စီစဉ်ရာမှာ နိုင်ငံရဲ့ ဥပဒေကို လိုက်နာသင့်တယ်။
ပူးပေါင်းလုပ်ဆောင်ပါ (ဧ ၄:၁၆)– သင့်လုပ်ငန်းတော်ကြီးကြပ်မှူးဆီက လာတဲ့ ဘယ်ညွှန်ကြားချက်ကိုမဆို သေသေချာချာ လိုက်နာပါ။ သင်ဟာ သင့်အသင်းတော်ရဲ့ ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကားပြောသူနဲ့ ကျမ်းစာသင်နေသလား။ သင်သားရဲ့ဘာသာစကားပြောတဲ့ အနီးအနားက အသင်းတော် ဒါမှမဟုတ် အုပ်စုကို လွှဲပေးလိုက်ရင် သင်သားဟာ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။
ကြိုတင်ပြင်ဆင်ပါ (ပ ၁၅:၂၈။ ၁၆:၁)– သင့်ရပ်ကွက်မှာ ဘာသာခြားစကားပြောတဲ့ အိမ်ရှင်ကို တွေ့တယ်ဆိုရင် သတင်းကောင်းဝေမျှဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ သင့်ရပ်ကွက်မှာ ဘယ်ဘာသာစကားပြောသူတွေနဲ့ တွေ့နိုင်တယ်ဆိုတာ ကြိုတင်စဉ်းစားထားပြီး သင့်မိုဘိုင်းကိရိယာမှာ ကျမ်းစာနဲ့ ကျမ်းစာစာပေ၊ ဗီဒီယိုတွေကို ကြိုတင် ကူးယူထားနိုင်ပါတယ်။ အဲဒီဘာသာစကားတွေနဲ့ နှုတ်ဆက်စကားပြောတတ်ဖို့ JW Language app ကနေ လေ့လာထားနိုင်ပါတယ်။