ဖေဖော်ဝါရီ ၃-၉
မူရင်းသီချင်းတွေကနေ ဘာ သင်ယူနိုင်သလဲ
ညီအစ်ကို/မတို့ အကြိုက်ဆုံး မူရင်းသီချင်းတချို့က ဘာတွေလဲ။ ဘာကြောင့် ကြိုက်သလဲ။ သီချင်းတွေမှာ နေ့စဉ်အဖြစ်အပျက်တွေ ပါတာကို တွေ့မိသလား။ အကြောင်းအရာအမျိုးမျိုး၊ တေးဂီတပုံစံအမျိုးမျိုးကနေ ယောက်တိုင်း တစ်ခုခု ခံစားမိပါလိမ့်မယ်။ ဒါပေမဲ့ မူရင်းသီချင်းတွေ၊ တေးဗီဒီယိုတွေက ဖျော်ဖြေရေး သက်သက်ပဲ မဟုတ်ဘူး။
မူရင်းသီချင်းတစ်ပုဒ်စီက ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးနိုင်တဲ့ လက်တွေ့ကျသင်ခန်းစာတွေ သင်ပေးတယ်။ သီချင်းတချို့က ဧည့်ဝတ်ကျေပွန်မှု၊ စည်းလုံးမှု၊ မိတ်ဖွဲ့ခြင်း၊ ရဲစွမ်းသတ္တိ၊ မေတ္တာ၊ ယုံကြည်ခြင်းကို အလေးပေးတယ်။ တချို့ကျတော့ ယေဟောဝါဆီ ပြန်လာဖို့၊ ခွင့်လွှတ်ဖို့၊ နေ့စဉ် သမာဓိစောင့်ထိန်းဖို့၊ အမှုဆောင်လုပ်ငန်း ပန်းတိုင်ထားဖို့ သင်ပေးတယ်။ ဆဲလ်ဖုန်းတွေကို တော်သင့်ရုံသုံးဖို့ သင်ပေးတဲ့ မူရင်းသီချင်းတောင် ရှိတယ်။ မူရင်းသီချင်းတွေမှာ တခြား ဘယ်လက်တွေ့ကျ သင်ခန်းစာတွေ တွေ့နိုင်သေးသလဲ။
လက်တစ်ကမ်းမှာ ရောက်ရှိနေပြီ မူရင်းသီချင်း တေးဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
သက်ကြီးမောင်နှံဟာ ဘယ်အနာဂတ်ကောင်းချီးတွေအကြောင်း စဉ်းစားနေသလဲ။—က ၁၂:၃
ယေဟောဝါဟာ မိမိရဲ့ကတိတွေကို ပြည့်စုံစေနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေနိုင်သလဲ။
မကြာခင်မှာ ဘယ်ပျော်ရွှင်စရာ ပြန်လည်ပေါင်းစည်းမှု ဖြစ်လာတော့မလဲ။
နိုင်ငံတော်မျှော်လင့်ချက်က လက်ရှိအခက်အခဲတွေကို ခံနိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။—ရ ၈:၂၅