ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၁၅-၁၇
အာဗြံနဲ့ စာရဲကို ယေဟောဝါ ဘာကြောင့် နာမည်ပြောင်းလိုက်သလဲ
ယေဟောဝါက အာဗြံကို အမှားကင်းသူလို့ မြင်တယ်။ အာဗြံကို မိမိရဲ့ကတိအကြောင်း အသေးစိတ် ပြောပြချိန်မှာ အာဗြံနဲ့ စာရဲရဲ့ အနာဂတ်ကို ဖော်ပြတဲ့ နာမည်မျိုး ပေးခဲ့တယ်။
အာဗြဟံဟာ နာမည်နဲ့အညီ လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာပြီး စာရာကတော့ ဘုရင်တွေရဲ့ဘေးမ ဖြစ်လာတယ်။
အာဗြဟံ
လူအမြောက်အမြားရဲ့ ဖခင်
စာရာ
မင်းသမီး
ကျွန်တော်တို့ကို မွေးဖွားချိန်မှာ ကိုယ့်နာမည်ကို ရွေးချယ်လို့ မရဘူး။ ဒါပေမဲ့ အာဗြဟံနဲ့ စာရာလို နာမည်ကောင်း ရှိအောင် လုပ်ဆောင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–
‘ယေဟောဝါ ငါ့ကို အမှားကင်းသူလို့ မြင်အောင် ဘာလုပ်နိုင်သလဲ။’
‘ယေဟောဝါရှေ့မှာ ငါ ဘယ်လို နာမည်မျိုး ရှိသလဲ။’