ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 စက်တင်ဘာ စာ. ၃
  • မဟုတ်မမှန်တဲ့ စကားတွေ မဖြန့်ပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟုတ်မမှန်တဲ့ စကားတွေ မဖြန့်ပါနဲ့
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ရိုးအတဲ့သူက ပြောသမျှယုံတတ်တယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မှန်ကန်တဲ့ အချက်အလက်တွေကို သင် သိရဲ့လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အင်တာနက်အသုံးပြုခြင်း—အန္တရာယ်များကိုသတိပြု!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 စက်တင်ဘာ စာ. ၃

ခရစ်ယာန်အသက်တာလမ်းစဉ်

မဟုတ်မမှန်တဲ့ စကားတွေ မဖြန့်ပါနဲ့

အမျိုးသမီးတစ်ယောက် ဈေးဝယ်နေရင်း ဖုန်းထဲကနေ တွေ့လိုက်ရတဲ့အရာကြောင့် ထိတ်လန့်သွားစဉ်။

အခုချိန်မှာ အချက်အလက်တွေဟာ သတင်းဂျာနယ်တွေ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်ကတစ်ဆင့် သန်းနဲ့ချီတဲ့သူတွေဆီ ချက်ချင်း ရောက်သွားနိုင်တယ်။ “အမှန်တရားရဲ့ ဘုရား” ကို ကိုးကွယ်သူတွေဟာ မမှန်တဲ့ သတင်းတွေကို မတော်တဆအနေနဲ့တောင် မဖြန့်ချင်ကြပါဘူး။ (ဆ ၃၁:၅။ ထွ ၂၃:၁) မဟုတ်မမှန်တဲ့ စကားတွေ ဖြန့်တာက အလွန်အမင်း ထိခိုက်စေနိုင်တယ်။ အကြောင်းအရာတစ်ခုခုကို မှန်မမှန် ပိုင်းဖြတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ–

  • ‘ယုံကြည်စိတ်ချရသူဆီက ကြားတာလား။’ အဲဒီအကြောင်း ပြောတဲ့သူဟာ အချက်အလက်အားလုံးကို မသိတာ ဖြစ်နိုင်တယ်။ အကြောင်းအရာတွေကို တစ်ဆင့်စကား တစ်ဆင့် ပြောလိုက်တဲ့အခါ စကားက ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ယုံကြည်စိတ်ချရသူဆီက မဟုတ်ရင် သတိထားပါ။ အသင်းတော်မှာ အခွင့်အာဏာရှိသူတွေဟာ ယုံကြည်စိတ်ချရသူတွေလို့ ယူမှတ်ခံရတဲ့အတွက် မခိုင်လုံတဲ့ အကြောင်းအရာတွေ ထပ်မဖြန့်ဖို့ အထူး သတိပြုသင့်တယ်။

  • ‘အသရေဖျက်တဲ့ စကားတွေလား။’ လူတစ်ယောက်၊ အုပ်စုတစ်စုရဲ့ ဂုဏ်သတင်းကို ထိခိုက်တဲ့ စကားတွေဆိုရင် ထပ်မဖြန့်တာ အကောင်းဆုံးပဲ။—ပ ၁၈:၈။ ဖိ ၄:၈

  • ‘အကြောင်းအရာက ယုတ္တိရှိသလား။’ စိတ်လှုပ်ရှားစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ကြားတဲ့အခါ သတိထားပါ။

အတင်းအဖျင်း ပြောတာကို ငါ ဘယ်လို ရှောင်နိုင်သလဲ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ဘေးပတ်လည်မှာ ဓားတွေ စိုက်ဝင်နေတဲ့ ပစ်မှတ်စက်ဝိုင်းမှာ ယောက်ျားလေးတစ်ယောက် တုတ်နှောင်ခံထားရစဉ်။

    ပညာအလိမ္မာ ၁၂:၁၈ အရ စကားက ဘယ်လို ထိခိုက်စေနိုင်သလဲ။

  • လူတစ်စု အတင်းအဖျင်း ပြောနေကြစဉ်။

    တခြားသူတွေအကြောင်း ပြောတဲ့အခါ မျှတတဲ့အမြင် ရှိအောင် ဖိလိပ္ပိ ၂:၄ က ဘယ်လို ကူညီပေးနိုင်သလဲ။

  • လူတစ်ယောက်က အတင်းပြောနေတဲ့ လူတစ်ယောက်ကို ကျောခိုင်းထားစဉ်။

    စကားဝိုင်းမှာ တခြားသူအကြောင်း ထေ့ငေါ့ပြောတာ၊ မကောင်းပြောတာတွေ ပါလာပြီဆိုရင် ဘာလုပ်သင့်သလဲ။

  • လူတစ်ယောက် အတင်းအဖျင်း ပြောနေစဉ်မှာ နောက်တစ်ယောက်က သတင်းထောက်လို ဝတ်စားထားပြီး သတင်းယူနေစဉ်။

    တခြားသူတွေအကြောင်း စမပြောခင် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ