ခရစ်ယာန်အသက်တာလမ်းစဉ်
နိုဝင်ဘာလမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြေညာမယ့် အထူးကင်ပိန်း
ယေရှုဟာ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို” ကြေညာခဲ့တယ်။ (လု ၄:၄၃) နိုင်ငံတော်အတွက် ဆုတောင်းဖို့လည်း သင်ပေးခဲ့တယ်။ (မ ၆:၉၊ ၁၀) နိုဝင်ဘာလအတွင်းမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြေညာဖို့ အထူး ကြိုးစားအားထုတ်ကြပါမယ်။ (မ ၂၄:၁၄) အဲဒီကင်ပိန်းမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ ဇယားဆွဲပါ။ အရန်ရှေ့ဆောင် လုပ်မယ့်သူတွေဟာ အဲဒီလမှာ နာရီ ၃၀ ဒါမှမဟုတ် ၅၀ ရွေးချယ်နိုင်ပါတယ်။
ကိုယ့်ဒေသမှာ လူများနိုင်သမျှ များများကို ဘုရားသခင့် နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြပါ။ ကျမ်းချက် ရွေးတဲ့အခါ နားထောင်သူတွေ ကိုးကွယ်တဲ့ ဘာသာကို ထည့်စဉ်းစားပါ။ တစ်ယောက်ယောက်က ဦးဆုံးတွေ့ဆုံချိန်မှာ စိတ်ဝင်စားမှု ပြတယ်ဆိုရင် လူထုအတွက် ထုတ်ထားတဲ့ ကင်းမျှော်စင် ၂၀၂၀၊ အမှတ် ၂ တစ်စောင် ပေးပါ။ ပြီးတဲ့နောက် စိတ်ဝင်စားသူဆီ အတတ်နိုင်ဆုံး ချက်ချင်း ပြန်လည်ပတ်ပါ။ သွန်သင်ခြင်း ကိရိယာထဲက စာပေတစ်ခုကို သုံးပြီး ကျမ်းစာသင်အံမှု စဖို့ ကြိုးစားပါ။ ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အစိုးရအားလုံးကို ဖျက်ဆီးမယ့်အချိန် အလွန် နီးကပ်နေပါပြီ။ (ဒံ ၂:၄၄။ ၁က ၁၅:၂၄၊ ၂၅) ဒါကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်ကို သစ္စာရှိရှိ ထောက်ခံကြောင်း ပြဖို့ ဒီအထူးအခွင့်အရေးမှာ အပြည့်အဝ ပါဝင်ကြပါစို့။
ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို သာယာလှပတဲ့ ပရဒိသု ဖြစ်စေမယ်