ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb22 စက်တင်ဘာ စာ. ၅
  • အိမ်ထောင်ပြုတယ်ဆိုတာ ထာဝရ လက်တွဲဖို့ ဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ပြုတယ်ဆိုတာ ထာဝရ လက်တွဲဖို့ ဖြစ်
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကိုယ်ရေနေခြင်း၊ အိမ်ထောင်ပြုခြင်းအကြောင်း ကျမ်းစာအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
mwb22 စက်တင်ဘာ စာ. ၅
မောင်နှံတစ်စုံ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်နေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

အိမ်ထောင်ပြုတယ်ဆိုတာ ထာဝရ လက်တွဲဖို့ ဖြစ်

အိမ်ထောင်ရေး သာယာတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါကို ဂုဏ်တင်ပြီး ပျော်ရွှင်ကြတယ်။ (မာ ၁၀:၉) တည်မြဲပြီး သာယာတဲ့ အိမ်ထောင် ဖြစ်ချင်ရင် ကျမ်းစာမူအတိုင်း အိမ်ထောင်ဖက် ရွေးချယ်ရမယ်။

လိင်စိတ်ပြင်းပြတတ်တဲ့ “ပျိုမျစ်ချိန်” လွန်သွားပြီးနောက်မှ ပိုးပန်းပါ။ (၁က ၇:၃၆) တစ်ကိုယ်ရေဘဝမှာ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင်၊ ခရစ်ယာန် အရည်အသွေးတွေ ရှိအောင် လုပ်ထားပါ။ ဒါမှ သာယာတဲ့ အိမ်ထောင် တည်ထောင်နိုင်မယ်။

လက်ထပ်ဖို့ သဘောမတူခင် အချိန်ပေးပြီး တစ်ဖက်သားရဲ့ ‘စိတ်သဘောထား’ ကို သိအောင် လုပ်ပါ။ (၁ပ ၃:၄) သဘောထား ကွဲလွဲရင် နှစ်ဦးသား ဆွေးနွေးပါ။ တခြားလူမှုပေါင်းသင်းမှုတွေမှာလိုပဲ အိမ်ထောင်မှာလည်း ကိုယ့်အကျိုးထက် အိမ်ထောင်ဖက်ရဲ့ အကျိုးကို ဦးစားထားသင့်တယ်။ (ဖိ ၂:၃၊ ၄) အိမ်ထောင်မပြုခင်ကတည်းက ကျမ်းစာမူတွေကို လိုက်လျှောက်သူ ဖြစ်ရင် အိမ်ထောင်သာယာဖို့ အုတ်မြစ်ကောင်း ချနေတာပဲ။

အိမ်ထောင်မင်္ဂလာအတွက် ပြင်ဆင်ခြင်း—အပိုင်း ၃– “ကုန်ကျစရိတ်ကို တွက်ချက်ပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ညီအစ်မနဲ့ ရှိန်းရဲ့ ဆက်ဆံရေး ဘယ်လို ရှိသလဲ။

  • တဖြည်းဖြည်းနဲ့ ညီအစ်မ ဘာကို သတိထားမိလာသလဲ။

  • မိဘတွေက ဘယ်လို ကူညီပေးသလဲ။ ဘယ်လို ပညာရှိရှိ ဆုံးဖြတ်ခဲ့သလဲ။

ညီအစ်မတစ်ယောက်ကို ပိုးပန်းနေတဲ့ ညီအစ်ကိုက ဒီမေးခွန်းတွေကို သုံးသပ်နိုင်–

သူ့မှာ ဘာခရစ်ယာန် အရည်အသွေးတွေ ရှိသလဲ။ နိုင်ငံတော်ကို ဦးစားထားကြောင်း သူ ဘယ်လို ပြသလဲ။ ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို သူ လိုက်နာသလား။ တခြားသူတွေကို မေတ္တာပြသလား။

ညီအစ်ကို တစ်ယောက်ကို သဘောကျနေတဲ့ ညီအစ်မက ဒီမေးခွန်းတွေ သုံးသပ်နိုင်–

သူ့မှာ ဘာခရစ်ယာန် အရည်အသွေးတွေ ရှိသလဲ။ ဝတ်ပြုရေးနဲ့ အသင်းတော် တာဝန်တွေကို အလုပ်၊ ငွေ၊ အားကစား၊ အပန်းဖြေမှုတွေထက် ပိုဦးစားထားသလား။ မိသားစုနဲ့ သူ ဘယ်လို ဆက်ဆံသလဲ။ တခြားသူတွေကို မေတ္တာပြသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ