ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဒီဇင်ဘာ စာ. ၂၈-၂၉
  • တာဝန်မှာ စိတ်နှစ်ထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာဝန်မှာ စိတ်နှစ်ထားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အရာရာကို ငါခံရပ်နေမှာပဲ”
  • “ဆုကျေးဇူးကို မီးလို တောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲ အသုံးပြုပါ”
  • ‘အဲဒီဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက်ပါ’
  • “သစ္စာရှိအမျိုးသားတွေဆီ အပ်နှင်းပါ”
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အမှန်တရားကို မှန်ကန်စွာကိုင်တွယ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခန့်အပ်ခံ အမျိုးသားများ—တိမောသေဆီက သင်ယူနိုင်စရာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • “သခင်၌သစ္စာရှိသော ငါ၏ချစ်သား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဒီဇင်ဘာ စာ. ၂၈-၂၉
မီးဆက်တောက်ဖို့ မီးခဲတွေကို သံချောင်းနဲ့ ဆွပေးနေ။ ပုံ- တာဝန်မှာ စိတ်နှစ်ထားတဲ့ ခရစ်ယာန်တွေ။ ၁။ ကုန်တင်ကား မောင်းသူကို ဇနီးမောင်နှံ သက်သေခံနေ။ ၂။ ကျမ်းစာထဲက ဖတ်တဲ့အကြောင်းကို ညီအစ်မတစ်ယောက် တွေးတောဆင်ခြင်နေ။ ၃။ နိုင်ငံတော်ခန်းမရဲ့ စာအုပ်စာတမ်း ကောင်တာမှာ လူငယ်ညီအစ်ကိုကို အကြီးအကဲ လေ့ကျင့်ပေးနေ။

တာဝန်မှာ စိတ်နှစ်ထားပါ

မိတ်ဆွေဆီကနေ အားပေးစာ ရတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ တမန်တော် ပေါလုဆီကနေ တိမောသေ အဲဒီလိုစာ ရခဲ့တယ်။ အဲဒီစာကို တိမောသေ ဒုတိယစောင်လို့ ကျွန်တော်တို့ သိထားတယ်။ တိမောသေဟာ တိတ်ဆိတ်တဲ့ နေရာ ရှာပြီး ပေါလုရဲ့ စာကို ဖတ်နေခဲ့မှာပဲ။ ‘ပေါလု နေကောင်းရဲ့လား။ ငါ ရထားတဲ့ တာဝန်တွေအတွက် အကြံပေးစကားများ ပါမလား။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ ဒီစာက ငါ့ကို အထောက်အကူပြုမလား’ စသဖြင့် တိမောသေ တွေးမိနိုင်တယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေအပြင် တခြားအရေးကြီး အကြောင်းအရာတွေ စာထဲမှာ ပါတယ်။ အဲဒီထဲက အကြံပြုချက်တချို့ကို ဆွေးနွေးပါမယ်။

“အရာရာကို ငါခံရပ်နေမှာပဲ”

စာစဖတ်လိုက်တာနဲ့ ပေါလုရဲ့ မေတ္တာကို တိမောသေ ခံစားလိုက်ရမှာပဲ။ “ချစ်ရတဲ့ သား” ဆိုပြီး ပေါလု ခေါ်ထားလို့ပါ။ (၂ တိ. ၁:၂) ဒီစာကို ရတဲ့ အေဒီ ၆၅ လောက်မှာ တိမောသေဟာ အသက် ၃၀ ကျော် ရှိပြီ ဖြစ်တဲ့ အတွေ့အကြုံရှိ ခရစ်ယာန် အကြီးအကဲ ဖြစ်နေပြီ။ တွဲအမှုဆောင်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း ပေါလုဆီကနေ များစွာ သင်ယူခဲ့ရတယ်။

အခက်အခဲတွေကို ပေါလု သစ္စာရှိရှိ ခံရပ်နေတာ သိရလို့ တိမောသေ သိပ်အားရှိသွားမှာပဲ။ ပေါလုဟာ ရောမမြို့မှာ သံကြိုးနဲ့ ချည်နှောင်ခံထားရပြီး မကြာခင် အသတ်ခံရတော့မယ်။ (၂ တိ. ၁:၁၅၊ ၁၆။ ၄:၆-၈) ဒါပေမဲ့ “အရာရာကို ငါခံရပ်နေမှာပဲ” ဆိုတဲ့ စကားကနေ ပေါလုရဲ့ သတ္တိကို တိမောသေ ခံစားမိမယ်။ (၂ တိ. ၂:၈-၁၃) တိမောသေလိုပဲ ကျွန်တော်တို့လည်း ပေါလုရဲ့ ခံနိုင်ရည်ကနေ အားယူနိုင်ပါတယ်။

“ဆုကျေးဇူးကို မီးလို တောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲ အသုံးပြုပါ”

ဘုရားပေး တာဝန်ကို တန်ဖိုးထားဖို့ တိမောသေကို ပေါလု အားပေးတယ်။ “ဘုရားပေး ဆုကျေးဇူးကို မီးလို တောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲ အသုံးပြု” ဖို့ ပြောတယ်။ (၂ တိ. ၁:၆) “ဆုကျေးဇူး” ဆိုတဲ့ စကားလုံးအတွက် ဂရိစကားလုံး ခရစ္စမာ ကို ပေါလု သုံးထားတယ်။ မထိုက်တန်ဘဲ ရတဲ့ အခမဲ့ လက်ဆောင်အတွက် အဲဒီစကားလုံးကို သုံးလေ့ရှိတယ်။ အသင်းတော်မှာ အထူးနည်းလမ်းနဲ့ အမှုဆောင်ဖို့ ရွေးချယ်ခံရချိန်မှာ အဲဒီဆုကျေးဇူးကို တိမောသေ ရရှိခဲ့တယ်။—၁ တိ. ၄:၁၄။

အဲဒီဆုကျေးဇူးနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ တိမောသေကို ပေါလု အားပေးနေတာလဲ။ “မီးလို တောက်လောင်နေ” ဆိုတဲ့ စကားလုံးကို ဖတ်လိုက်တဲ့အခါ အိမ်တွေမှာ သုံးတဲ့ မီးသွေး မီးဖိုအကြောင်း တိမောသေ စဉ်းစားမိနိုင်တယ်။ မီးဆက်တောက်ဖို့၊ အပူရှိန် ပိုရဖို့ မီးသွေးတွေကို ဆွပေးရတယ်။ “မီးမွှေးတယ်၊ မီးထိုးတယ်၊ ယပ်ခတ်တယ်” လို့ အဓိပ္ပာယ် ရတဲ့ ဂရိကြိယာကို ပေါလု အသုံးပြုထားတဲ့အတွက် “တစ်ခုခု လုပ်ဖို့ စိတ်ထက်သန်နေပါ” လို့ ပြောနေတာ ဖြစ်တယ်ဆိုပြီး အဘိဓာန်တစ်အုပ်မှာ ရှင်းပြတယ်။ တစ်နည်းအားဖြင့် ‘တာဝန်မှာ စိတ်နှစ်ထားပါ’ ဆိုပြီး တိမောသေကို အကြံပေးနေတာ ဖြစ်တယ်။ ဒီနေ့ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ အလားတူ စိတ်ထက်သန်မှုမျိုး ပြဖို့ လိုတယ်။

‘အဲဒီဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက်ပါ’

အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ ကူညီပေးမယ့် နောက်တစ်ချက်ကို စာထဲမှာ တိမောသေ ဆက်ဖတ်ရတယ်။ “အဲဒီဘဏ္ဍာကို ငါတို့ဆီမှာ ကိန်းအောင်းနေတဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါ” ဆိုပြီး ပေါလု ရေးထားတယ်။ (၂ တိ. ၁:၁၄) အဲဒီဘဏ္ဍာက ဘာလဲ။ တိမောသေ ဘယ်ဘဏ္ဍာ အပ်နှင်းခံရသလဲ။ ကျမ်းစာမှာ ပါတဲ့ အမှန်တရား၊ “အကျိုးဖြစ်ထွန်းတဲ့ တရားစကား” အကြောင်း ရှေ့အခန်းငယ်မှာ ပေါလု ပြောထားတယ်။ (၂ တိ. ၁:၁၃) ခရစ်ယာန် အမှုဆောင် တစ်ယောက်အနေနဲ့ တိမောသေဟာ အသင်းတော် အတွင်းအပြင်မှာ အမှန်တရား သွန်သင်ရမယ့် တာဝန် ရှိတယ်။ (၂ တိ. ၄:၁-၅) ဒါ့အပြင် ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းဖို့ အကြီးအကဲအဖြစ်လည်း ခန့်အပ်ခံရတယ်။ (၁ ပေ. ၅:၂) တိမောသေဟာ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်နဲ့ ကျမ်းစာကို အားကိုးခြင်းအားဖြင့် အမှန်တရား ဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်။—၂ တိ. ၃:၁၄-၁၇။

ဒီနေ့ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို သွန်သင်ပေးဖို့ အမှန်တရား အပ်နှင်းခံထားရတယ်။ (မ. ၂၈:၁၉၊ ၂၀) ဇွဲမလျှော့တမ်း ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာမှု အလေ့အထကောင်း ရှိခြင်းအားဖြင့် အပ်နှင်းခံထားရတဲ့ ဘဏ္ဍာအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ (ရော. ၁၂:၁၁၊ ၁၂။ ၁ တိ. ၄:၁၃၊ ၁၅၊ ၁၆) အသင်းတော် အကြီးအကဲ၊ အချိန်ပြည့် အမှုဆောင်အဖြစ် ထပ်ဆင့်တာဝန်တွေ ရထားတာ ဖြစ်နိုင်တယ်။ အဲဒီတာဝန်တွေက ကျွန်တော်တို့ကို ပိုနှိမ့်ချသူ၊ ဘုရားကို ပိုအားကိုးသူ ဖြစ်စေသင့်တယ်။ ဒါကြောင့် တာဝန်ကို တန်ဖိုးထားခြင်း၊ ယေဟောဝါရဲ့ အကူအညီကို အားကိုးခြင်းအားဖြင့် ဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်။

“သစ္စာရှိအမျိုးသားတွေဆီ အပ်နှင်းပါ”

တိမောသေရဲ့ တာဝန်မှာ တခြားသူတွေကို လေ့ကျင့်ပေးခြင်းလည်း ပါဝင်တယ်။ ဒါကြောင့်လည်း ပေါလုက “ငါ့ဆီကနေ . . . ကြားသိခဲ့ရတဲ့အရာတွေကို သစ္စာရှိ အမျိုးသားတွေဆီ အပ်နှင်းပါ။ ဒါမှ တခြားသူတွေကို သွန်သင်ပေးဖို့ သူတို့ အရည်အချင်း ရှိလာလိမ့်မယ်” ဆိုပြီး တိမောသေကို အားပေးတယ်။ (၂ တိ. ၂:၂) ခရစ်ယာန် ညီအစ်ကိုတွေဆီကနေ တိမောသေ သင်ယူသလို သူတို့ကိုလည်း ပြန်သင်ပေးရမယ်။ ဒီနေ့ခေတ် အသင်းတော် အကြီးအကဲတိုင်း အဲဒီလို ကြိုးစားသင့်တယ်။ အကြီးအကဲကောင်းဟာ တာဝန်နဲ့ပတ်သက်ပြီး သိထားတာတွေကို ထိမ်ချန်မထားဘူး။ တခြားသူတွေကို သင်ပေးတယ်။ ကိုယ့်ထက် ပိုသိ၊ ပိုတတ်သွားမှာ မစိုးရိမ်ဘူး။ ဒါကြောင့် အခြေခံလောက်ပဲ သင်ပေးတာမျိုး မလုပ်ဘူး။ ဘုရားရေးရာမှာ တိုးတက်လာဖို့၊ ကောင်းကောင်း ဝေဖန်ပိုင်းခြားတတ်ဖို့ တခြားသူတွေကို လေ့ကျင့်ပေးတယ်။ ဒီနည်းအားဖြင့် သူလေ့ကျင့်ပေးလိုက်တဲ့ “သစ္စာရှိ အမျိုးသားတွေ” ကြောင့် အသင်းတော်မှာ အကျိုးများစွာ ရတယ်။

ပေါလုရဲ့ အားပေးစာကို တိမောသေ သိပ်တန်ဖိုးထားမှာ သေချာတယ်။ စာကို အကြိမ်ကြိမ် ပြန်ဖတ်ရင်း အကြံပြုချက်တွေကို ဘယ်လို အသုံးချနိုင်မလဲဆိုပြီး စဉ်းစားနေမှာ မြင်ယောင်ကြည့်နိုင်တယ်။

ပေါလုရဲ့ အကြံပြုချက်တွေကို ကျွန်တော်တို့လည်း လိုက်နာချင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆုကျေးဇူးကို မီးလို တောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲ အသုံးပြုခြင်း၊ ဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တခြားသူတွေကို အတွေ့အကြုံနဲ့ အသိပညာ ဝေမျှခြင်းအားဖြင့်ပါပဲ။ ဒါဆိုရင် တိမောသေကို ပေါလု အားပေးခဲ့သလို ကျွန်တော်တို့လည်း “ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်” နိုင်ကြပါလိမ့်မယ်။—၂ တိ. ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ