ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဒီဇင်ဘာ စာ. ၁၄
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာခေတ်တွင် ယေဟောဝါသည် “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “အလိုတော်သို့ လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါနာမတော်ကိုတညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဒီဇင်ဘာ စာ. ၁၄

စာရှုသူများထံမှ မေးခွန်းလွှာ

ဆာလံ ၆၁:၈ မှာ နာမတော်ကို “ထာဝစဉ်” ချီးမွမ်းမယ်လို့ ဆာလံဆရာ ဒါဝိဒ် ရေးတာဟာ မဖြစ်နိုင်တဲ့အရာကို ပုံကြီးချဲ့ရေးတာလား

ဘုရင် ဒါဝိဒ် စောင်းတီးပြီး သီချင်းဆိုနေ။

▪ မဟုတ်ပါဘူး။ ဒါဝိဒ် ရေးတဲ့စကား မှန်တယ်။ လက်တွေ့ကျတယ်။

အဲဒီအခန်းငယ်နဲ့ တခြားအခန်းငယ်တွေမှာ ဒါဝိဒ် ဘယ်လို ရေးတယ်ဆိုတာ သတိပြုကြည့်ပါ– “ကျွန်တော်လည်း သစ္စာကတိအတိုင်း နေ့တိုင်းလုပ်ဆောင်ရင်း နာမတော်ကို ထာဝစဉ် ချီးမွမ်းသီချင်းဆိုပါ့မယ်။” “ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ့မယ်။ နာမတော်ကို ထာဝစဉ် ဂုဏ်တင်ပါ့မယ်။” “နာမတော်ကို အစဉ်ထာဝရ ချီးမွမ်းမယ်။”—ဆာ. ၆၁:၈။ ၈၆:၁၂။ ၁၄၅:၁၊ ၂။

ဘယ်တော့မှ မသေတော့ဘူးလို့ ဒါဝိဒ် ယူဆပြီး ပုံကြီးချဲ့ ရေးနေတာ မဟုတ်ပါဘူး။ အပြစ်ကြောင့် လူတွေကို ယေဟောဝါ သေဒဏ်စီရင်ထားမှန်း ဒါဝိဒ် သိတယ်။ ကိုယ်တိုင်လည်း အပြစ်သား ဖြစ်တယ်ဆိုတာ ဝန်ခံတယ်။ (က. ၃:၃၊ ၁၇-၁၉။ ဆာ. ၅၁:၄၊ ၅) အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့လို သစ္စာရှိသူတွေတောင် သေဆုံးခဲ့မှန်း၊ ကိုယ်တိုင်လည်း တစ်ချိန်ကျရင် သေရမှာ ဖြစ်မှန်း ဒါဝိဒ် သိတယ်။ (ဆာ. ၃၇:၂၅။ ၃၉:၄) ဆာလံ ၆၁:၈ မှာ ပါတဲ့ စကားတွေက ဘုရားသခင်ကို ထာဝစဉ်၊ တစ်နည်းအားဖြင့် အသက်ရှင်နေသရွေ့ ချီးမွမ်းချင်တဲ့ ဆန္ဒနဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြတယ်။—၂ ရှ. ၇:၁၂။

ဆာလံ ၁၈၊ ၅၁၊ ၅၂ တို့ရဲ့ ထိပ်စီးစကားတွေကို ကြည့်ရင် တစ်ခါတလေ ကိုယ်တွေ့ဖြစ်ရပ်တွေအကြောင်း ဒါဝိဒ် ရေးလေ့ရှိတယ်။ ကိုယ်တိုင် သိုးထိန်း ဖြစ်တဲ့ ဒါဝိဒ်ဟာ လမ်းညွှန်မှု၊ လန်းဆန်းမှု၊ ကာကွယ်မှု ပေးတဲ့ သိုးထိန်းအဖြစ် ယေဟောဝါကို ဆာလံ ၂၃ မှာ ဖော်ပြတယ်။ ယေဟောဝါကို “အသက်ထက်ဆုံး” ဝတ်ပြုသွားချင်တယ်။—ဆာ. ၂၃:၆။

အဲဒီလို ရေးဖို့ ဒါဝိဒ်ကို ယေဟောဝါ စွမ်းအားတော်နဲ့ လမ်းညွှန်တယ်ဆိုတာလည်း သတိရပါ။ နောက်ပိုင်း အချိန်အတော်ကြာမှ ပြည့်စုံမယ့် ပရောဖက်ပြုချက်တွေလည်း ဒါဝိဒ် ရေးခဲ့တယ်။ ဥပမာ၊ ဆာလံ ၁၁၀ မှာ ကောင်းကင်က ဘုရား “ညာဘက်မှာ” ဒါဝိဒ်ရဲ့ သခင် ထိုင်ပြီး တန်ခိုးအာဏာ ရမယ့်အချိန်အကြောင်း ရေးတယ်။ ဘာလုပ်ဖို့ တန်ခိုးအာဏာ ရတာလဲ။ ရန်သူတွေကို အုပ်စိုးဖို့၊ “လူမျိုးတွေကို တရားစီရင်” ဖို့ပါ။ ဒါဝိဒ်ဟာ အဲဒီသခင် မေရှိယရဲ့ ဘိုးဘေး ဖြစ်တယ်။ မေရှိယဟာ ကောင်းကင်ကနေ အုပ်ချုပ်မယ့်သူ၊ ‘ပုရောဟိတ် ထာဝစဉ်’ ဖြစ်မယ့်သူ ဖြစ်တယ်။ (ဆာ. ၁၁၀:၁-၆) ဆာလံ ၁၁၀ မှာ ပါတဲ့ ပရောဖက်ပြုချက်ဟာ မိမိအကြောင်း ရေးထားတာ ဖြစ်ပြီး အနာဂတ်မှာ ပြည့်စုံမယ်ဆိုတာ ယေရှု အတည်ပြုပေးတယ်။—မ. ၂၂:၄၁-၄၅။

မှန်ပါတယ်။ ဒါဝိဒ်ဟာ မိမိအချိန်အကြောင်းရော၊ ပြန်ထမြောက်ပြီး ယေဟောဝါကို ထာဝစဉ် ချီးမွမ်းနိုင်မယ့် အနာဂတ်အချိန်အကြောင်းပါ ရေးသားဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ဒါကြောင့် ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ဟာ ရှေးအစ္စရေးအချိန်နဲ့ရော၊ ဘုရားကတိတွေ ကမ္ဘာချီ ပြည့်စုံလာမယ့် အနာဂတ်အချိန်နဲ့ပါ သက်ဆိုင်ကြောင်း နားလည်နိုင်တယ်။—ဒီစာစောင်မှာ ပါတဲ့ “ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” ဆောင်းပါး၊ စာပိုဒ် ၈ ကို ကြည့်ပါ။

ဒါကြောင့် ဆာလံ ၆၁:၈ နဲ့ အလားတူ အခန်းငယ်တွေဟာ ရှေးအစ္စရေးမှာ သေဆုံးချိန်အထိ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းချင်တဲ့ ဒါဝိဒ်ရဲ့ ဆန္ဒကို ဖော်ပြသလို ယေဟောဝါ ပြန်ထမြောက်ပေးမယ့် အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာကိုလည်း ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ