ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဇူလိုင် စာ. ၂၀-၂၅
  • “ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို” သင်ယူထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို” သင်ယူထားသလား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးဇူးတင်စိတ်ရှိပါ
  • ယေဟောဝါ လုပ်စေချင်တာကို အာရုံစိုက်ပါ၊ နှိမ့်ချမှု ရှိပါ
  • အနာဂတ်မျှော်လင့်ချက်အကြောင်း တွေးတောပါ
  • “ဘုရားကို ကြောက်ရွံ့သူတွေဟာလိုလေသေးမရှိ ပြည့်စုံတယ်”
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • အမှန်တရားကို သင် သဲသဲကွဲကွဲ သိသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဇူလိုင် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၃၁

သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

“ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို” သင်ယူထားသလား

“ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်ဖို့ သင်ယူထားပြီးပြီ။”—ဖိ. ၄:၁၁။

အာရုံစိုက်ရာ

ကျေးဇူးတင်စိတ်ရှိရင်၊ ယေဟောဝါ လုပ်စေချင်တာကို အာရုံစိုက်ရင်၊ နှိမ့်ချမှု ရှိရင်၊ အနာဂတ်မျှော်လင့်ချက်အကြောင်း တွေးတောရင် ကျေနပ်ရောင့်ရဲတတ်လာမယ်။

၁။ ရောင့်ရဲတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘာကို မဆိုလိုသလဲ။

သင်ဟာ ရောင့်ရဲတတ်သူလား။ ရောင့်ရဲတတ်သူဟာ ယေဟောဝါဘုရား ပေးထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်လို့ စိတ်အေးချမ်းပျော်ရွှင်တယ်။ မပိုင်ဆိုင်တာတွေ ရှိလို့ဆိုပြီး အလိုမကျ ဖြစ်မနေဘူး။ ဒါပေမဲ့ ရောင့်ရဲတယ်ဆိုတာ ကြိုးစားချင်စိတ်၊ တိုးတက်ချင်စိတ် မရှိတာကို မဆိုလိုဘူး။ ဥပမာ၊ ခရစ်ယာန်တစ်ယောက်ဟာ အမှုတော်မှာ ကြိုးစားတက်လှမ်းသင့်တယ်။ (ရော. ၁၂:၁။ ၁ တိ. ၃:၁) ဒါပေမဲ့ ရောင့်ရဲတတ်မယ်ဆိုရင် မျှော်လင့်ထားတဲ့အချိန်မှာ အခွင့်ထူးတွေ ရမလာရင်တောင် စိတ်ပျက်မှာ မဟုတ်ဘူး။

၂။ ရောင့်ရဲမှု မရှိတာ ဘာကြောင့် အန္တရာယ် သိပ်များသလဲ။

၂ ရောင့်ရဲမှု မရှိတာ အန္တရာယ် သိပ်များတယ်။ ရှိတာနဲ့ မရောင့်ရဲသူဟာ တကယ် မလိုအပ်တဲ့အရာတွေ ပိုင်ဆိုင်ဖို့ အချိန်အများကြီး ပေးပြီး အလုပ်လုပ်လာနိုင်တယ်။ စိတ်မကောင်းစရာက ခရစ်ယာန်တချို့တောင် ငွေနဲ့ တခြားအရာတွေ ခိုးမိသွားကြတယ်။ ‘ရသင့်ရထိုက်လို့ ယူတာ၊’ ‘စောင့်သင့်သလောက် စောင့်ပြီးပြီ၊’ ‘နောက်မှ ပြန်ပေးရင် ရတာပဲ’ လို့ စဉ်းစားကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခိုးဝှက်တာကို ယေဟောဝါ မနှစ်သက်ဘူး။ နာမတော် ကဲ့ရဲ့စရာ ဖြစ်စေလို့ပဲ။ (ပညာ. ၃၀:၉) တချို့ကျတော့ အမှုဆောင်အခွင့်ထူးတွေ မရလို့ စိတ်ဓာတ်ကျပြီး ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိတောင် ဖြစ်သွားတယ်။ (ဂလ. ၆:၉) ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်လျက်နဲ့ ဘာကြောင့် ဒီလိုဖြစ်သွားကြသလဲ။ ရောင့်ရဲမှု မရှိတော့လို့ ဖြစ်နိုင်တယ်။

၃။ ဖိလိပ္ပိ ၄:၁၁၊ ၁၂ ကနေ အားရှိစရာ ဘာသင်ခန်းစာ ရသလဲ။

၃ “ကျွန်တော်ဟာ ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်” တယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဖိလိပ္ပိ ၄:၁၁၊ ၁၂ ကို ဖတ်ပါ။) တကယ်ဆိုရင် အဲဒီအချိန်မှာ ပေါလု ထောင်ကျနေတာ။ ဒါတောင် စိတ်မပျက်ဘူး။ “ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို သင်ယူထား” လို့ပဲ။ ကျွန်တော်တို့လည်း ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်လာနိုင်တယ်ဆိုတာ ပေါလုရဲ့စကားနဲ့ အတွေ့အကြုံကနေ သိရတယ်။ အလိုလိုတော့ ရောင့်ရဲတတ်လာမှာ မဟုတ်ဘူး။ သင်ယူဖို့ လိုတယ်။ ဘယ်လို သင်ယူနိုင်မလဲ။ ရောင့်ရဲတတ်လာဖို့ ကူညီပေးမယ့် အရည်အသွေးတွေအကြောင်း ဆွေးနွေးကြရအောင်။

ကျေးဇူးတင်စိတ်ရှိပါ

၄။ ကျေးဇူးတင်စိတ်ရှိတာက ဘာကြောင့် ရောင့်ရဲတတ်လာစေသလဲ။ (၁ သက်သာလောနိတ် ၅:၁၈)

၄ ကျေးဇူးတင်စိတ်ရှိတာက ရောင့်ရဲတတ်လာစေတယ်။ (၁ သက်သာလောနိတ် ၅:၁၈ ကို ဖတ်ပါ။) ရောင့်ရဲသူဟာ အသက်ဆက်ရှင်ဖို့ လိုအပ်တာတွေ ရှိနေရင်ပဲ ကျေးဇူးတင်ပြီ။ လိုချင်ပေမဲ့ မပိုင်ဆိုင်ရတဲ့အရာတွေကို အလွန်အမင်း အာရုံမစိုက်ဘူး။ ရထားတဲ့ အမှုဆောင် အခွင့်ထူးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်မယ်ဆိုရင် လက်ရှိ တာဝန်မှာ အကောင်းဆုံး အမှုဆောင်ဖို့ပဲ အာရုံစိုက်မှာ ဖြစ်တယ်။ နောက်ထပ် အခွင့်ထူးတွေ ရလာဖို့ အလွန်အမင်း အာရုံစိုက်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း ဆုတောင်းတဲ့အခါ ကျေးဇူးတော်ကို ချီးမွမ်းဖို့ ကျမ်းစာမှာ တိုက်တွန်းထားတာ။ ကျေးဇူးတင်စိတ်ရှိရင် “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ခံစားရမယ်။—ဖိ. ၄:၆၊ ၇။

၅။ အစ္စရေးတွေ ဘာကြောင့် ကျေးဇူးတင်စိတ်ရှိသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၅ အစ္စရေးတွေအကြောင်း စဉ်းစားကြည့်ပါ။ အီဂျစ်ပြည်မှာ စားခဲ့ရတဲ့ စားစရာတွေ မရှိလို့ဆိုပြီး ယေဟောဝါကို ခဏခဏ ပြစ်တင်ညည်းညူကြတယ်။ (တော. ၁၁:၄-၆) တောကန္တာရမှာ အနေအစား ခက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတို့အတွက် ယေဟောဝါ လုပ်ပေးတာတွေကို ပြန်စဉ်းစားပြီး ကျေးဇူးတင်သင့်တာ။ အီဂျစ်ပြည်မှာ ကျွန်အဖြစ် မညှာမတာ ခိုင်းစေခံရလို့ အီဂျစ်တွေအပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေပြီး သူတို့ကို ယေဟောဝါ ကယ်လွှတ်ပေးတယ်။ အီဂျစ်ပြည်ကနေ ထွက်လာတော့ “အီဂျစ်တွေဆီက ရွှေထည်ငွေထည်နဲ့ အဝတ်အစားတွေ” ရလာကြတယ်။ (ထွ. ၁၂:၃၅၊ ၃၆) ဖာရောစစ်တပ်နဲ့ ပင်လယ်နီကြား ပိတ်မိသွားတော့ ယေဟောဝါ အံ့ဖွယ်နည်းနဲ့ ပင်လယ်ကို နှစ်ခြမ်းကွဲစေပြီး လွတ်မြောက်ရာလမ်း ပြင်ဆင်ပေးတယ်။ တောကန္တာရထဲ လှည့်လည်သွားလာစဉ်မှာလည်း နေ့တိုင်း မန္နမုန့် ချပေးတယ်။ ဒါနဲ့တောင် ဘာကြောင့် မရောင့်မရဲ ဖြစ်နေကြသလဲ။ စားစရာ မရှိလို့ မဟုတ်ဘဲ ယေဟောဝါ ပေးထားတာအတွက် ကျေးဇူးတင်စိတ်မရှိလို့ပဲ။

မန္နမုန့် ကောက်ရင်း အစ္စရေးတချို့ မောရှေကို မကျေမနပ် ပြစ်တင်ညည်းညူနေ။ တခြားသူတွေ အနီးအနားမှာ မန္နမုန့် ဆက်ကောက်ရင်း ကြည့်နေ။

အစ္စရေးတွေ ဘာကြောင့် မရောင့်မရဲ ဖြစ်လာသလဲ (စာပိုဒ် ၅ ကို ကြည့်ပါ)


၆။ ကျေးဇူးတင်စိတ်ရှိလာစေမယ့် နည်းလမ်းတချို့က ဘာလဲ။

၆ ကျေးဇူးတင်စိတ် ဘယ်လို ရှိလာနိုင်သလဲ။ ပထမ၊ ဘဝမှာ ကျေးဇူးတင်စရာကောင်းတဲ့ကိစ္စ ဘာတွေ ရှိသလဲလို့ နေ့တိုင်း အချိန်ယူစဉ်းစားပါ။ စဉ်းစားမိတဲ့အချက် နှစ်ချက်၊ သုံးချက် ချရေးထားနိုင်တယ်။ (မြည်. ၃:၂၂၊ ၂၃) ဒုတိယ၊ သင့်အတွက် တခြားသူတွေ တစ်ခုခု လုပ်ပေးတဲ့အခါ ကျေးဇူးတင်စကား ပြောပါ။ အထူးသဖြင့် ယေဟောဝါကို နေ့တိုင်း ကျေးဇူးတင်ပါ။ (ဆာ. ၇၅:၁) တတိယ၊ ကျေးဇူးသိတတ်သူတွေနဲ့ ပေါင်းပါ။ ကျေးဇူးသိတတ်သူတွေနဲ့ ပေါင်းရင် ကျေးဇူးသိတတ်လာမယ်။ မရောင့်ရဲသူတွေနဲ့ ပေါင်းရင် မရောင့်ရဲတဲ့ သဘောထား ဝင်လာမယ်။ (တရား. ၁:၂၆-၂၈။ ၂ တိ. ၃:၁၊ ၂၊ ၅) ကျေးဇူးတင်ဖို့ အခွင့်အရေး ရှာတဲ့အခါ မရောင့်ရဲတဲ့ သဘောထား ဝင်လာဖို့ အခွင့်အလမ်း နည်းသွားမယ်။

၇။ ညီအစ်မ အာချီ ဘယ်လိုနည်းနဲ့ ကျေနပ်ရောင့်ရဲတတ်လာသလဲ။

၇ အင်ဒိုနီးရှားနိုင်ငံမှာ နေတဲ့ ညီအစ်မ အာချီအကြောင်း စဉ်းစားကြည့်ပါ။ “ကိုဗစ်-၁၉ ကပ်ရောဂါကာလတုန်းက ကိုယ့်အခြေအနေနဲ့ တခြားညီအစ်ကို/မတွေရဲ့ အခြေအနေကို စပြီး နှိုင်းယှဉ်လာမိလို့ မကျေမနပ် ဖြစ်လာတယ်” လို့ ပြောတယ်။ (ဂလ. ၆:၄) ဒါနဲ့ ညီအစ်မ အာချီ ဘာလုပ်သလဲ။ “နေ့တိုင်း ခံစားနေရတဲ့ ကောင်းချီးတွေ၊ ဘုရားအဖွဲ့အစည်းထဲ ရှိနေလို့ ရတဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားလိုက်တယ်။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဆုတောင်းပြောပြတယ်။ ဒီလိုနဲ့ ကျေနပ်ရောင့်ရဲတတ်လာတယ်” လို့ ပြောတယ်။ သင်လည်း သင့်အခြေအနေကို မကျေမနပ် ဖြစ်နေရင် ညီအစ်မ အာချီလို လုပ်ကြည့်ပါ။

ယေဟောဝါ လုပ်စေချင်တာကို အာရုံစိုက်ပါ၊ နှိမ့်ချမှု ရှိပါ

၈။ ဗာရုတ် ဘာဖြစ်သွားသလဲ။

၈ ပရောဖက် ယေရမိရဲ့ အတွင်းရေးမှူး ဗာရုတ်အကြောင်း စဉ်းစားကြည့်ပါ။ ဗာရုတ် ရထားတဲ့ တာဝန်က ခက်တယ်။ ယေဟောဝါအပေါ် ကျေးဇူးမသိတတ်တဲ့ အစ္စရေးလူမျိုးကို တရားစီရင်ချက်သတင်း ယေရမိ ကြေညာရာမှာ ကူညီပေးရမယ့်တာဝန်။ ဒါပေမဲ့ ယေဟောဝါ လုပ်စေချင်တာကို မဟုတ်ဘဲ ကိုယ့်အကြောင်း၊ ကိုယ်လုပ်ချင်တာတွေအကြောင်း ဗာရုတ် အာရုံစိုက်လာတယ်။ ကိုယ့်ဘဝအခြေအနေကို မကျေမနပ် ဖြစ်လာတယ်။ ဒါကြောင့် “မင်းက ကြီးမြတ်တဲ့အရာတွေကို ရှာနေတယ်။ အဲဒါတွေကို ဆက်မရှာပါနဲ့တော့” ဆိုပြီး ယေရမိကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (ယေ. ၄၅:၃-၅) တစ်နည်းအားဖြင့် “လက်ရှိ အခြေအနေနဲ့ ကျေနပ်ရောင့်ရဲပါ” လို့ ပြောလိုက်တာပဲ။ ယေဟောဝါ တည့်မတ်ပေးတာကို ဗာရုတ် လက်ခံတဲ့အတွက် မျက်နှာသာတော် ဆက်ခံစားရတယ်။

၉။ ၁ ကောရိန္သု ၄:၆၊ ၇ ကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၉ ခရစ်ယာန်တစ်ယောက်ဟာ ပင်ကိုစွမ်းရည်ရှိသူ၊ အလုပ်ကြိုးစားသူ၊ အမှန်တရားသက်တမ်းကြာသူ ဖြစ်လို့ ဘယ်အခွင့်ထူးကိုတော့ ရထိုက်တယ်ဆိုပြီး တွေးလာနိုင်တယ်။ ဒါပေမဲ့ သူ လိုချင်တဲ့ အခွင့်ထူးကိုမှ တခြားတစ်ယောက် ရသွားတာမျိုး ဖြစ်နိုင်တယ်။ မကျေမနပ် မဖြစ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ၁ ကောရိန္သု ၄:၆၊ ၇ မှာ ပါတဲ့ တမန်တော် ပေါလုရဲ့ စကားတွေကို စဉ်းစားကြည့်နိုင်တယ်။ (ဖတ်ပါ။) ဘယ်အခွင့်ထူး၊ ဘယ်စွမ်းရည်မဆိုဟာ ယေဟောဝါ ပေးထားတာ ဖြစ်တယ်။ ကျွန်တော်တို့ ရထိုက်လို့ မဟုတ်ဘဲ မဟာကရုဏာတော် ရှိလို့ ပေးထားတာပါ။—ရော. ၁၂:၃၊ ၆။ ဧ. ၂:၈၊ ၉။

ရုပ်ပုံ– အမှုဆောင်အခွင့်ထူးတွေ ရထားတဲ့ ညီအစ်ကို/မတွေ။ ၁။ အဖွဲ့အစည်း အဆောက်အအုံတစ်ခုမှာ ရေပိုက်ထဲက ဖိအားပမာဏကို ညီအစ်ကိုတစ်ယောက် စစ်ဆေးနေ။ ၂။ လက်သင်္ကေတစကားနဲ့ ကျင်းပတဲ့ တိုက်နယ်အစည်းအဝေးမှာ ညီအစ်မတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် လူတွေ့မေးမြန်းနေ။ ၃။ အသင်းတော် အစည်းအဝေးမှာ ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပေးနေ။

ဘယ်အခွင့်ထူး၊ ဘယ်စွမ်းရည်မဆိုဟာ မဟာကရုဏာတော် ရှိလို့ ယေဟောဝါ ပေးထားတာ ဖြစ် (စာပိုဒ် ၉ ကို ကြည့်ပါ)b


၁၀။ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ နှိမ့်ချတတ်လာနိုင်သလဲ။

၁၀ ယေရှုရဲ့ စံနမူနာကို အလေးအနက် စဉ်းစားပြီး အတုယူမယ်ဆိုရင် ကျွန်တော်တို့ နှိမ့်ချတတ်လာနိုင်တယ်။ တမန်တော်တွေကို ယေရှု ခြေဆေးပေးတဲ့ညတုန်းက အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ “ယေရှုက အရာခပ်သိမ်းကို မိမိလက်ထဲ အဖဘုရား အပ်ထားတယ်၊ ဘုရားသခင်ဆီကနေ သူ ရောက်လာပြီးနောက် ဘုရားသခင်ဆီ ပြန်သွားရမယ်ဆိုတာ” သိလျက်နဲ့တောင် “တပည့်တွေရဲ့ခြေကို ဆေးပေးတယ်” လို့ တမန်တော် ယောဟန် မှတ်တမ်းတင်ထားတယ်။ (ယော. ၁၃:၃-၅) တပည့်တွေကသာ မိမိကို ခြေဆေးပေးသင့်တာလို့ ယေရှု တွေးချင်ရင် တွေးလို့ရတယ်။ ဒါပေမဲ့ အဲဒီလိုမတွေးဘူး။ ယေရှုဟာ နှိမ့်ချတယ်၊ ကျေနပ်ရောင့်ရဲတယ်။ ဘုရားသခင့်သားတော် ဖြစ်လို့ မြေကြီးပေါ်မှာ လိုလေသေးမရှိ ပြည့်စုံတဲ့ဘဝနဲ့ နေရသင့်တယ်လို့ တစ်ခါမှ မတွေးဘူး။ (လု. ၉:၅၈) ကျွန်တော်တို့အတွက် စံနမူနာပါပဲ။—ယော. ၁၃:၁၅။

၁၁။ ညီအစ်ကို ဒန်းနစ် ဘယ်လိုနည်းနဲ့ ကျေနပ်ရောင့်ရဲတတ်လာသလဲ။

၁၁ နယ်သာလန်နိုင်ငံက ညီအစ်ကို ဒန်းနစ်ဟာ ယေရှုလို နှိမ့်ချတတ်ဖို့ ကြိုးစားပေမဲ့ မလွယ်ဘူးလို့ ပြောတယ်။ “ကိုယ်လိုချင်တဲ့ အမှုဆောင်အခွင့်ထူးတစ်ခု တခြားတစ်ယောက် ရသွားတဲ့အခါမျိုးမှာ မာနထိခိုက်သလိုလို၊ မကျေနပ်သလိုလို ဖြစ်လာတတ်တယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် နှိမ့်ချမှုအကြောင်း ကျွန်တော် ကိုယ်ပိုင်လေ့လာမှု လုပ်တယ်။ နှိမ့်ချမှုအကြောင်း ဖော်ပြထားတဲ့ ကျမ်းပိုဒ်တွေ အလွယ်တကူ ပြန်ရှာပြီး ဖတ်နိုင်အောင် JW Library® app မှာ စုပြီး သိမ်းထားတယ်။ နှိမ့်ချမှုအကြောင်း ဟောပြောချက်တွေ ဖုန်းမှာ ဒေါင်းလုတ်လုပ်ထားပြီး မကြာခဏ ပြန်နားထောင်တယ်။a ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ ဖြစ်သင့်တယ်ဆိုတာ သဘောပေါက်လာတယ်။ ယေဟောဝါက ကျွန်တော်တို့ကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ပေးထားတာ။ တကယ်တမ်း အောင်မြင်စေတာ ယေဟောဝါပဲ” လို့ ညီအစ်ကို ဒန်းနစ် ပြောတယ်။ သင်လည်း အမှုဆောင်အခွင့်ထူးတစ်ခု မရလို့ စိတ်ဓာတ်ကျလာပြီဆိုရင် ပိုနှိမ့်ချတတ်လာဖို့ ကြိုးစားပါ။ ဒါဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ ကျေနပ်ရောင့်ရဲတတ်လာမယ်။—ယာ. ၄:၆၊ ၈။

အနာဂတ်မျှော်လင့်ချက်အကြောင်း တွေးတောပါ

၁၂။ ဘယ်မျှော်လင့်ချက်က ကျွန်တော်တို့ကို ကျေနပ်ရောင့်ရဲတတ်လာစေသလဲ။ (ဟေရှာယ ၆၅:၂၁-၂၅)

၁၂ အနာဂတ်မျှော်လင့်ချက်အကြောင်း တွေးတောတာက ကျေနပ်ရောင့်ရဲတတ်လာစေတယ်။ ကျွန်တော်တို့ အခက်အခဲတွေ ဘယ်လောက် များတယ်ဆိုတာ ယေဟောဝါ နားလည်တယ်၊ အခက်အခဲအားလုံးကို မကြာခင် အဆုံးတိုင်ပေးမယ်။ (ဟေရှာယ ၆၅:၂၁-၂၅ ကို ဖတ်ပါ။) ကမ္ဘာသစ်ရောက်ရင် နေချင့်စဖွယ်အိမ်မှာ ကျွန်တော်တို့ ဘေးကင်းကင်း နေရမယ်။ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့အလုပ်တွေ လုပ်ရမယ်။ အာဟာရရှိတဲ့၊ အရသာရှိတဲ့ အစားအစာတွေ စားရမယ်။ ကိုယ်တိုင်နဲ့ သားသမီးတွေ ဘေးဆိုးကြုံမှာ စိတ်မပူရတော့ဘူး။ (ဟေရှာ. ၃၂:၁၇၊ ၁၈။ ယေဇ. ၃၄:၂၅) အနာဂတ်မျှော်လင့်ချက်ဟာ စိတ်ချမ်းမြေ့စရာကောင်းသလို ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်တယ်။

၁၃။ အထူးသဖြင့် ဘယ်အခြေအနေမှာ အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ လိုသလဲ။

၁၃ အခုအချိန်မှာ အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ ပိုလိုလာတယ်။ ဘာကြောင့်လဲ။ “အလွန် ခက်ခဲကျပ်တည်း” တဲ့ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရလို့ပါပဲ။ (၂ တိ. ၃:၁) ယေဟောဝါ ပေးတဲ့ လမ်းညွှန်မှု၊ ထောက်မမှု၊ အစွမ်းခွန်အားကြောင့် ကျွန်တော်တို့ နေ့တိုင်း ခံရပ်နေနိုင်တာ။ (ဆာ. ၁၄၅:၁၄) ဒါ့အပြင် ခက်ခဲချိန်တွေမှာ မျှော်လင့်ချက်ကလည်း ခံနိုင်ရည် ရှိနေစေတယ်။ ဥပမာ၊ မိသားစု စားဝတ်နေရေးအတွက် သင် ရုန်းကန်နေရတာ ဖြစ်နိုင်တယ်။ အမြဲ ရုန်းကန်နေရတော့မလား။ မဟုတ်ပါဘူး။ ပရဒိသု ရောက်ရင် လိုအပ်တာထက်မက ဖြည့်ဆည်းပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၉:၁၈။ ၇၂:၁၂-၁၄) နေ့တိုင်း နာကျင်ကိုက်ခဲတာ၊ စိတ်ဓာတ်ကျတာ၊ ကျန်းမာရေး မကောင်းတာ ဖြစ်နိုင်တယ်။ အမြဲ ဝေဒနာခံစားနေရတော့မလား။ မဟုတ်ပါဘူး။ ကမ္ဘာသစ်မှာ ဖျားနာခြင်း၊ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၁:၃၊ ၄) လက်ရှိအခြေအနေမှာ ပျော်ရွှင်ကျေနပ်နေဖို့၊ စိတ်ပျက်လက်ပျက် ဖြစ်မနေဖို့ မျှော်လင့်ချက်က ကူညီပေးတယ်။ အခက်အခဲတွေဟာ “ခဏတာ” ပဲ ဖြစ်တယ်၊ ကမ္ဘာသစ်မှာ အခက်အခဲအားလုံး ပပျောက်သွားမယ်ဆိုတာ ကျွန်တော်တို့ သိထားကြတယ်။ (၂ ကော. ၄:၁၇၊ ၁၈) ဒါကြောင့် လောလောဆယ် မတရားမှု ကြုံနေရင်၊ ကျန်းမာရေး ပြဿနာ ရှိနေရင်၊ ချစ်ရသူတွေ ဆုံးပါးသွားရင်၊ တခြားပြဿနာတွေ ရှိနေရင်တောင် ပျော်ရွှင်ကျေနပ်နိုင်ဆဲပါပဲ။

၁၄။ မျှော်လင့်ချက်ကို ဘယ်လို တောက်ပစေနိုင်သလဲ။

၁၄ မျှော်လင့်ချက်က ကျေနပ်ရောင့်ရဲတတ်ဖို့ အများကြီး ကူညီပေးတယ်။ ဒါဆိုရင် မျှော်လင့်ချက်ကို ဘယ်လို တောက်ပစေနိုင်သလဲ။ အမှောင်ထဲမှာ လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ဓာတ်မီးနဲ့ ကြည့်ရမယ်။ အဲဒီလိုပဲ အခက်အခဲတွေ သိပ်များတဲ့ မှောင်မိုက်လောကမှာ အသက်ရှင်နေပေမဲ့ ကမ္ဘာသစ်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ဘာလုပ်ရမလဲ။ ကမ္ဘာသစ် ရောက်နေတယ်လို့ တွေးတောမြင်ယောင်ကြည့်ရမယ်။ ဥပမာ၊ ငွေရေးကြေးရေး ပူပန်နေသလား။ ငွေကြေးပြဿနာ၊ အကြွေး၊ ဆင်းရဲချမ်းသာ ကွာဟမှု မရှိတော့မယ့်အချိန်ကို မြင်ယောင်ကြည့်လိုက်ပါ။ သိပ်မျှော်လင့်နေတဲ့ အမှုဆောင်အခွင့်ထူး မရလို့ စိတ်ဓာတ်ကျနေသလား။ ကမ္ဘာသစ်မှာ ယေဟောဝါအတွက် စုံလင်တဲ့ အသက်တာနဲ့ ထာဝစဉ် အမှုဆောင်ရမှာကို မြင်ယောင်ကြည့်လိုက်ပါ။ အခုအချိန်အကြောင်း ပြန်စဉ်းစားတဲ့အခါ ဘာမဟုတ်တာလေးအတွက် စိတ်ဓာတ်ကျနေခဲ့တာပဲလို့ တွေးနိုင်သွားမှာ။—၁ တိ. ၆:၁၉။

၁၅။ ညီအစ်မ ခရစ္စတာရဲ့ စကားတွေကနေ ဘာသင်ယူရသလဲ။

၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒန်းနစ်ရဲ့ ဇနီး ခရစ္စတာအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်မမှာ ကြွက်သားအားနည်းတဲ့ရောဂါ ရှိတယ်။ လူက ပျော့ခွေလာပြီး လမ်းတောင် မလျှောက်နိုင်လို့ ဘီးတပ်ကုလားထိုင်ပဲ အားကိုးနေရတယ်။ အချိန်ပြည့်နီးပါး အိပ်ရာထဲ လှဲနေရတယ်။ တစ်နေ့တစ်နေ့ နာကျင်ကိုက်ခဲလိုက်တာမှ ပြောမနေနဲ့။ အခြေအနေ ပြန်ကောင်းမလာနိုင်တော့ဘူးလို့ သိပ်မကြာခင်ကပဲ ဆရာဝန် ပြောတယ်။ ‘အော်၊ အနာဂတ်မှာ ငါ ပြန်ကောင်းလာမယ်ဆိုတာ ဆရာ မသိဘူးပဲ’ လို့ ချက်ချင်း တွေးမိတယ်။ မျှော်လင့်ချက်ကို အာရုံစိုက်ထားလို့ ကျွန်မ စိတ်အေးချမ်းနေတယ်။ လက်ရှိအသက်တာကို ကျွန်မ အံကြိတ်ပြီး ဖြတ်သန်းနေရပေမဲ့ ကမ္ဘာသစ်အသက်တာကိုတော့ ပျော်ပျော်ကြီး ဖြတ်သန်းရမှာ” လို့ ခရစ္စတာ ပြောတယ်။

“ဘုရားကို ကြောက်ရွံ့သူတွေဟာလိုလေသေးမရှိ ပြည့်စုံတယ်”

၁၆။ ယေဟောဝါကို ကြောက်ရွံ့သူတွေဟာ “လိုလေသေးမရှိ ပြည့်စုံတယ်” လို့ ဘုရင်ဒါဝိဒ် ဘာကြောင့် ပြောသလဲ။

၁၆ ကျွန်တော်တို့ ဘယ်လောက်ပဲ ကျေနပ်ရောင့်ရဲတတ်ပါစေ အခက်အခဲတွေကတော့ ကြုံရမှာပဲ။ ဘုရင်ဒါဝိဒ်ဆိုရင် သားသုံးယောက် သေဆုံးသွားလို့ စိတ်ထိခိုက်ရတယ်။ မဟုတ်မမှန် စွပ်စွဲခံရတယ်။ သစ္စာဖောက်ခံရတယ်။ ဝရမ်းပြေးအဖြစ် နှစ်ပေါင်းများစွာ ထွက်ပြေးရတယ်။ ဒါတောင် “ဘုရားကို ကြောက်ရွံ့သူတွေဟာ လိုလေသေးမရှိ ပြည့်စုံတယ်” လို့ ပြောတယ်။ (ဆာ. ၃၄:၉၊ ၁၀) ဘာကြောင့်လဲ။ ယေဟောဝါကို ဝတ်ပြုလို့ ဘဝမှာ ပြဿနာတွေ ကင်းနေဖို့ ဒါဝိဒ် မမျှော်လင့်ဘူး။ ဒါပေမဲ့ တကယ် လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းမပေးဘဲ မနေဘူးဆိုတာ စိတ်ချတယ်။ (ဆာ. ၁၄၅:၁၆) ကျွန်တော်တို့လည်း ဘာအခက်အခဲပဲ ကြုံရပါစေ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘယ်အခြေအနေမှာမဆို ကျေနပ်ရောင့်ရဲနေနိုင်ပါတယ်။

၁၇။ ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို ဘာကြောင့် သင်ယူချင်သလဲ။

၁၇ ယေဟောဝါက ကျွန်တော်တို့ကို ကျေနပ်ရောင့်ရဲတတ်စေချင်တယ်။ (ဆာ. ၁၃၁:၁၊ ၂) ဒါကြောင့် ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို သင်ယူကြရအောင်။ ကျေးဇူးတင်စိတ်ရှိရင်၊ ယေဟောဝါ လုပ်စေချင်တာကို အာရုံစိုက်ရင်၊ နှိမ့်ချမှု ရှိရင်၊ မျှော်လင့်ချက်ကို တောက်ပနေစေရင် “ကျွန်တော် ကျေနပ်နေပါတယ်” လို့ ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၁၆:၅၊ ၆။

သင် ဘယ်လို ဖြေမလဲ

  • ကျေးဇူးတင်စိတ်ရှိတာက ဘယ်လိုနည်းနဲ့ ရောင့်ရဲတတ်လာစေသလဲ။

  • ယေဟောဝါ လုပ်စေချင်တာကို အာရုံစိုက်တာ၊ နှိမ့်ချမှု ရှိတာက ဘယ်လိုနည်းနဲ့ ရောင့်ရဲတတ်လာစေသလဲ။

  • မျှော်လင့်ချက်အကြောင်း တွေးတောတာက ဘယ်လိုနည်းနဲ့ ရောင့်ရဲတတ်လာစေသလဲ။

သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’

a ဥပမာ၊ နှိမ့်ချသူတွေကို ယေဟောဝါဘုရား ဂရုစိုက်စောင့်ရှောက်၊ မာနရဲ့ နောက်မှာ ပျက်စီးခြင်း လိုက်လာတယ် စတဲ့ နံနက်ဝတ်ပြုမှု အစီအစဉ်တွေကို jw.org မှာ ကြည့်ပါ။

b ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် အဖွဲ့အစည်း အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းနေ။ လက်သင်္ကေတစကား သင်ထားတဲ့ ညီအစ်မတစ်ယောက် တိုက်နယ်အစည်းအဝေးမှာ လူတွေ့မေးတာကို ဖြေနေ။ ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပေးနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ