လေ့လာစရာ အကြံပြုလွှာ
အပြန်အလှန် ရည်ညွှန်းချက်တွေ သုံးပြီး လေ့လာပါ
ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာ အကြောင်းအရာတစ်ခုအတွက် ထပ်ဆင့်အချက်အလက်တွေ ပါတဲ့ ကျမ်းပိုဒ်တွေကို အပြန်အလှန် ရည်ညွှန်းပေးထားတယ်။ ကျမ်းစာတစ်အုပ်လုံး ရှေ့နောက်ညီညွတ်တယ်ဆိုတာ အပြန်အလှန် ရည်ညွှန်းချက်တွေက ဖော်ပြတယ်။ အပြန်အလှန် ရည်ညွှန်းချက်တွေကို စကားလုံးတစ်လုံးရဲ့ ဘေးမှာ အက္ခရာတစ်လုံးနဲ့ ဖော်ပြထားတယ်။ ပုံနှိပ်ကျမ်းစာမှာဆိုရင် သက်ဆိုင်ရာ ကျမ်းပိုဒ်တွေ ကြည့်ဖို့ စကားလုံးဘေးက အက္ခရာနဲ့ ကိုက်တဲ့ အက္ခရာကို ကျမ်းစာရဲ့ အလယ်ကော်လံမှာ ရှာပါ။ jw.org ဒါမှမဟုတ် JW Library® app မှာဆိုရင်တော့ သက်ဆိုင်ရာ ကျမ်းပိုဒ်တွေ ကြည့်ဖို့ စကားလုံးဘေးက အက္ခရာကို ထောက်လိုက်ရုံပါပဲ။
အပြန်အလှန် ရည်ညွှန်းချက်တွေမှာ ချိတ်ဆက်ပေးထားတဲ့ ကျမ်းပိုဒ်တွေဟာ အောက်ပါအမျိုးအစားတွေထဲက ဖြစ်နိုင်တယ်–
ကျမ်းပြိုင်မှတ်တမ်း။ တူညီတဲ့ ဖြစ်ရပ်ကို တခြားဘယ်နေရာမှာ မှတ်တမ်းတင်ထားသလဲဆိုတာ ဖော်ပြတယ်။ ဥပမာ၊ ၂ ရှမွေလ ၂၄:၁ နဲ့ ၁ ရာဇဝင်ချုပ် ၂၁:၁ ကို ကြည့်ပါ။
ကိုးကားချက်။ စကားစုတစ်ခု၊ အသုံးအနှုန်းတစ်ခုကို ဘယ်ကနေ ကိုးကားထားသလဲဆိုတာ ဖော်ပြတယ်။ ဥပမာ၊ မဿဲ ၄:၄ နဲ့ တရားဟောရာ ၈:၃ ကို ကြည့်ပါ။
ပြည့်စုံသွားတဲ့ ကြိုဟောချက်။ ကြိုဟောချက်နဲ့ ပြည့်စုံချက်ကို ချိတ်ဆက်ပေးတယ်။ ဥပမာ၊ မဿဲ ၂၁:၅ နဲ့ ဇာခရိ ၉:၉ ကို ကြည့်ပါ။