ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
ယေဟောဝါပြတဲ့ရူပါရုံမှာ ယေဇကျေလမြင်ရတဲ့ ကောင်းကင်ရထားက ယေဟောဝါအဖွဲ့အစည်းရဲ့ မမြင်ရတဲ့အပိုင်းကို ကိုယ်စားပြုတယ်။ ရထားရဲ့အရွယ်အစားက အရမ်းကြီးပေမဲ့ ရွေ့လျားနှုန်းက သိပ်မြန်တယ်၊ ဘယ်လမ်းကြောင်းကိုမဆို အလင်းရဲ့အမြန်နှုန်းနဲ့ ပြောင်းနိုင်တယ်။ (ယေဇ. ၁:၁၅-၂၈) ပြီးခဲ့တဲ့နှစ်က စိတ်လှုပ်ရှားစရာ တိုးတက်မှုတွေက ယေဟောဝါဘုရားအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာလည်း အဲဒီလိုအမြန်နှုန်းနဲ့ ရွေ့ရှားနေတယ်ဆိုတာ ဖော်ပြတယ်။