ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb15 စာ. ၂၈-စာ. ၂၉ ပိုဒ်. ၁
  • သီရိလင်္ကာဌာနခွဲအပ်နှံပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီရိလင်္ကာဌာနခွဲအပ်နှံပွဲ
  • ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဌာနခွဲ အပ်နှံပွဲများ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဌာနခွဲအပ်နှံပွဲများ
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb15 စာ. ၂၈-စာ. ၂၉ ပိုဒ်. ၁
စာမျက်နှာ ၂၈ ပါ ရုပ်ပုံ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

သီရိလင်္ကာဌာနခွဲအပ်နှံပွဲ

စာမျက်နှာ ၂၉ ပါ မြေပုံ

သီရိလင်္ကာရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေသခံညီအစ်ကိုညီအစ်မတွေဟာ လှပတဲ့ဒီကျွန်းပေါ်မှာ ဌာနခွဲအပ်နှံပွဲ တက်ရောက်ဖို့လာကြတဲ့ ၁၉ နိုင်ငံက ကိုယ်စားလှယ် ၁၃၀ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ကလေးတစ်စုက နိုင်ငံတော်သီချင်းတွေ ဆိုကြတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ရိုးရာအကတွေ၊ အရသာရှိတဲ့ ရိုးရာအစားအစာတွေ၊ နားဝင်ချိုတဲ့ တေးသံသာတွေအပြင် ပျော်ရွှင်စရာ ခရစ်ယာန်ပေါင်းသင်းမှုတွေကို အားလုံးနှစ်သက်ခဲ့ကြတယ်။

ဌာနခွဲအဆောက်အအုံသစ်နဲ့ ပြုပြင်မွမ်းမံတဲ့အဆောက်အအုံတွေကို ၂၀၁၄၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့မှာ ယေဟောဝါဆီ အပ်နှံခဲ့တယ်။ ဘာသာစကားသုံးမျိုးနဲ့တင်ဆက်တဲ့ အစီအစဉ်ကို ပရိသတ် ၈၉၃ ယောက် အာရုံစိုက်နားထောင်ခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုမာ့ခ် ဆန်ဒါစန်က “ဒီအဆောက်အအုံသစ်တွေကို ယေဟောဝါဘုရားဆီ အပ်နှံချင်သလား” လို့မေးလိုက်တဲ့အခါ ပရိသတ်တွေ အကြာကြီးလက်ခုပ်တီးခဲ့ကြတယ်။

နောက်တစ်နေ့မှာ စနေနေ့အစီအစဉ်ကို အကျဉ်းချုပ်ပြန်ပြပြီး ညီအစ်ကိုဆန်ဒါစန်က အားရှိစရာဟောပြောချက်ပေးခဲ့တယ်။ ပရိသတ် ၇,၇၀၁ ယောက် တက်ရောက်ခဲ့တယ်။ အစီအစဉ်ကို အဓိကနေရာငါးခုနဲ့ ချိတ်ဆက်ခဲ့တယ်။ အခုလိုမျိုး ဗီဒီယိုနဲ့တိုက်ရိုက်ဆက်သွယ်တာ ဦးဆုံးအကြိမ်ပဲ။ ဒါကြောင့် တစ်ကျွန်းလုံးက ညီအစ်ကိုညီအစ်မတွေဟာ နိုင်ငံတော်သီချင်းဆိုနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ကြားနိုင်ခဲ့တယ်။ ဒီသမိုင်းဝင်အခါသမယဟာ ‘အကြီးအကျယ် ရွှင်လန်းဝမ်းမြောက်’ စရာ အကြောင်းရင်းတစ်ခုပါပဲ။—နေ. ၁၂:၄၃၊ ကဘ။

စာမျက်နှာ ၂၉ ပါ ရုပ်ပုံ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ