ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၁၄
  • ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်
  • လူငယ်များအမေး
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေချင်တယ်—ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ကျမ်းစာက ကူညီပေးနိုင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ကောင်းမလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
    လူငယ်များအမေး
  • ငါ့ဘဝကို အဆုံးစီရင်လိုက်ရင် ကောင်းမလား
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၁၄
စိတ်ဓာတ်ကျနေတဲ့ ဆယ်ကျော်သက်မိန်းကလေး မိုးရွာနေတာကို ပြတင်းပေါက်ကနေ ငေးကြည့်နေစဉ်

လူငယ်များအမေး

ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်

“နှစ်အနည်းငယ်အကြာက ကျွန်တော် ဆိုးဆိုးဝါးဝါး စိတ်ဖိစီးခဲ့တယ်။ မီးတောက်တွေကို နေ့တိုင်း ငြိမ်းသတ်နေရသလို ခံစားခဲ့ရတယ်။ အဲဒီတုန်းက ကိုယ်ကိုယ့်ကို သတ်သေဖို့ပဲ တွေးခဲ့တယ်။ တကယ်သေချင်လို့တော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ဆက်မခံစားနိုင်တော့လို့ပါ။”—ဂျော်နသန်၊ ၁၇ နှစ်။

အထက်တန်းကျောင်းသား ၁၄,၀၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ကျောင်းသား ၅ ယောက်ထဲက ၁ ယောက်ဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ကိုယ်ကိုယ့်ကိုသတ်သေဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံကြတယ်။a အသက် ဆက်မရှင်ချင်တော့ဘူးလို့ သင်ခံစားနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

  • စောင့်ပါ။ စိတ်ကူးပေါက်သလို ချက်ချင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားပါ။ ပြဿနာတွေကြောင့် ချောင်ပိတ်မိနေရင်တောင် ဖြေရှင်းနည်း တစ်နည်းမဟုတ် တစ်နည်း ရှိပါတယ်။

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ဝင်္ကပါထဲက ထွက်နိုင်ဖို့ ကြိုးစားနေစဉ်

ဝင်္ကပါထဲ ပိတ်မိနေတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ ခံစားချက်တွေက အမြဲမမှန်နိုင်ဘူး။ ဖြေရှင်းနည်းတွေ ရှိပါတယ်။ သင့်တော်တဲ့ အကူအညီရရင် ပြဿနာကို ထင်တာထက်တောင် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်။

  • ကျမ်းစာအခြေခံမူ– “ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။”—၂ ကောရိန္သု ၄:၈။

    အကြံပြုချက်– ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်စိတ် ပိုပြင်းထန်လာတယ်၊ ရှည်ကြာလာတယ်ဆိုရင် ရနိုင်တဲ့ အကူအညီတွေကို စုံစမ်းပါ။ ကိုယ့်ကိုယ်ကိုသတ်သေမှုကို ကာကွယ်ပေးတဲ့ အရေးပေါ်ဖုန်းလိုင်း၊ ဆေးရုံအရေးပေါ်ဌာန စတာတွေဖြစ်နိုင်တယ်။ အဲဒီက ဝန်ထမ်းတွေဟာ အကူအညီပေးဖို့ လေ့ကျင့်ခံထားရသူတွေဖြစ်ပြီး သင့်ကို တကယ်ကူညီပေးချင်ကြတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ သင့်ကို ဂရုစိုက်ပြီး ကူညီပေးချင်သူတွေရှိတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဖြစ်နိုင်တယ်။ သူတို့ကို မပြောပြဘူးဆိုရင် ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ သူတို့သိမှာ မဟုတ်ဘူး။

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မျက်မှန်တပ်နေစဉ်

တချို့က မျက်မှန်တပ်မှ ကြည်ကြည်လင်လင် မြင်ရတယ်။ သူငယ်ချင်းတစ်ယောက်ဟာ ကိုယ့်ရဲ့မျက်မှန် ဖြစ်လာနိုင်တယ်။ ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်တတ်ဖို့၊ အသက်ဆက်ရှင်ချင်စိတ်ရှိလာဖို့ သင့်ကို ကူညီပေးနိုင်တယ်။

  • ကျမ်းစာအခြေခံမူ– “မိတ်ဆွေစစ်ဆိုတာ ... ဒုက္ခရောက်ချိန်မှာ အားကိုးရ” တယ်။—ပညာအလိမ္မာ ၁၇:၁၇။

    အကြံပြုချက်– “ငါ အခုတစ်လော တော်တော်ဆိုးတဲ့ အတွေးတွေ ပေါ်ပေါ်နေတယ်။ အဲဒီအကြောင်း ပြောပြလို့ရလား” ဒါမှမဟုတ် “ငါ့မှာ ပြဿနာလေးတွေ ရှိနေတယ်။ တစ်ယောက်တည်း မနိုင်တော့ဘူးထင်တယ်။ ငါ့ကို ကူညီပေးချင်လား” ဆိုပြီး စကားစနိုင်တယ်။

  • ဆရာဝန်နဲ့ ပြပါ။ စိတ်ကျဝေဒနာတို့လို ကျန်းမာရေး ပြဿနာကြောင့်လည်း အသက်ရှင်စိတ်မရှိတော့တာ ဖြစ်နိုင်တယ်။ သတင်းကောင်းကတော့ ကုသပျောက်ကင်းနိုင်ပါတယ်။

နေမကောင်းဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး အစာမစားဘဲ ခံစားချက်မဲ့စွာ စိုက်ကြည့်နေစဉ်

တုပ်ကွေးမိရင် အစာစားချင်စိတ်မရှိသလို စိတ်ကျရောဂါရရင် အသက်ရှင်ချင်စိတ် မရှိဘူး။ ရောဂါနှစ်မျိုးစလုံးဟာ ကုသရင် ပျောက်ကင်းနိုင်တယ်။

  • ကျမ်းစာအခြေခံမူ– “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”— မဿဲ ၉:၁၂။

    အကြံပြုချက်– လုံလုံလောက်လောက် အိပ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရရှိတာ စားပါ။ ခန္ဓာကိုယ်ကျန်းမာရေးက စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်မှု ရှိတယ်။

  • ဆုတောင်းပါ။ ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်က “ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်။” (၁ ယောဟန် ၃:၂၀) ဒီနေ့ပဲ ဆုတောင်းကြည့်ပါလား။ ဖန်ဆင်းရှင်ရဲ့နာမည် ယေဟောဝါကို သုံးပြီး ကိုယ် ခံစားနေတာအားလုံးကို ပြောပြပါ။

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ပုံးအကြီးကြီးကို မနိုင်မနင်းသယ်နေစဉ်

တချို့ဝန်ထုပ်တွေကို ကိုယ်တစ်ယောက်တည်း ထမ်းနေရတာ လေးလွန်းပါတယ်။ ဖန်ဆင်းရှင်ယေဟောဝါက သင့်ကို လိုလိုလားလား ကူညီပေးချင်တယ်။

  • ကျမ်းစာအခြေခံမူ– “ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ... ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။

    အကြံပြုချက်– ကိုယ့်ပြဿနာတွေအပြင် ဒီနေ့မှာ ဘုရားကို ကျေးဇူးကြောင်းပြောပြနိုင်တဲ့ ကောင်းတာတစ်ခုလောက် တွေးကြည့်ပါ။ (ကောလောသဲ ၃:၁၅) ကျေးဇူးတင်စိတ်က ဘဝကို မျှော်လင့်ချက် ပိုရှိစေတယ်။

အသက်ဆက်မရှင်ချင်တော့ဘူးဆိုရင် အကူအညီ ရယူပါ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျော်နသန်လည်း အကူအညီ ရယူခဲ့တယ်။ သူအခုလို ပြောပြတယ်– “မိဘတွေနဲ့ အများကြီး စကားပြောဖို့၊ ဆေးကုသမှုခံယူဖို့ လိုအပ်ခဲ့တယ်။ အခုတော့ အများကြီးကောင်းလာပြီ။ ဝမ်းနည်းတဲ့စိတ်တွေ တစ်ခါတစ်ခါတော့ ပြန်ပေါ်လာပေမဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်တော့ မရှိတော့ဘူး။”

a အမေရိကန်၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ၂၀၁၉ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်တယ်။

ရွယ်တူတွေ ပြောဆိုရာ

အလက်ဇန်းဒရား။

“စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးတမျှ အရေးကြီးတယ်။ ကွာခြားချက်ကတော့ ခြေကျိုးလက်ကျိုးရင် လူမြင်တယ်၊ ရင်ထဲက ဒဏ်ရာကိုတော့ လူတွေ မမြင်နိုင်ဘူး။ ကိုယ့်ခံစားချက်တွေကို ပြောပြဖို့ ဝန်မလေးပါနဲ့။ အကူအညီ တောင်းသာ တောင်းလိုက်ပါ။”—အလက်ဇန်းဒရား၊ ၁၉ နှစ်။

အီရန်။

“ဘဝမှာ မဖြေရှင်းနိုင်တဲ့၊ မခံရပ်နိုင်တဲ့ ပြဿနာရယ်လို့ မရှိဘူးဆိုပြီး ကျွန်တော် သဘောပေါက်လာအောင် ငယ်ငယ်တုန်းက မိဘတွေ ပြောပြခဲ့တယ်။ ပြဿနာတွေကို အရှိကိုအရှိအတိုင်း မြင်နိုင်ဖို့ ကိုယ်ရင်ဖွင့်နိုင်တဲ့သူ၊ ကျွန်တော့်အတွက်ဆိုရင်တော့ မိဘတွေက အများကြီး ကူညီပေးခဲ့တယ်။”—အီရန်၊ ၁၈ နှစ်။

အကူအညီဖြစ်စေတဲ့ ကျမ်းချက်များ

စိတ်ပင်ပန်းတဲ့အခါ ကူညီပေးနိုင်တဲ့ ကျမ်းချက်တွေကို စာရင်းလုပ်ထား ကြည့်ပါ။ ဒီကျမ်းချက်တချို့ကို စမှတ်ထားနိုင်တယ်။

ဆာလံ ၃၄:၁၈– “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”

အဓိပ္ပာယ်– ယေဟောဝါဘုရားဟာ ပြဿနာတွေကြောင့် နင်းချေခံနေရတယ်လို့ ခံစားနေရသူတွေကို အထူးဂရုစိုက်တယ်။ သူတို့ကို ကူညီပေးချင်တယ်။

ဆာလံ ၄၆:၁– “ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ၊ ငါတို့ရဲ့အစွမ်းခွန်အားပဲ။ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပဲ။”

အဓိပ္ပာယ်– စိုးရိမ်ပူပန်စိတ်တွေ ပေါ်လာတိုင်း ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ အခြေအနေကို ခံရပ်နိုင်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ကူညီပေးချင်တယ်၊ ကူညီပေးဖို့ အဆင်သင့်ပဲ။

ဆာလံ ၉၄:၁၈၊ ၁၉– “အို ယေဟောဝါ၊ ‘ကျွန်တော် ခြေချော်နေပြီ‘ လို့ ပြောတဲ့အခါ ခိုင်မြဲတဲ့မေတ္တာဟာ အမြဲထောက်မပေးတယ်။ စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”

အဓိပ္ပာယ်– ဘုရားသခင်က တရားစကားတော် ကျမ်းစာအားဖြင့် သင်လိုအပ်နေတဲ့ နှစ်သိမ့်မှု ပေးနိုင်တယ်။ ကျမ်းစာမဖတ်မိဘဲ နေ့ရက်တစ်ရက် ကုန်ဆုံးသွားတာမျိုး အဖြစ်မခံပါနဲ့။

ဆာလံ ၁၃၉:၂၃၊ ၂၄– “အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ... ပူပန်သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ။”

အဓိပ္ပာယ်– ကိုယ့်အကြောင်း ကိုယ်တိုင်ထက် ယေဟောဝါ ပိုသိတယ်။ အန္တရာယ်ရှိတဲ့ အတွေးတွေကိုပဲ ထပ်ခါထပ်ခါတွေးနေမိပြီဆိုရင် အဲဒီလိုဆက်မတွေးမိအောင်၊ ပျော်ရွှင်မှုပြန်ရလာအောင် ယေဟောဝါ ကူညီပေးနိုင်တယ်။

ဟေရှာယ ၄၁:၁၀– “မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။”

အဓိပ္ပာယ်– ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရပါစေ ခံရပ်နိုင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ခွန်အားပေးနိုင်တယ်။

ပြန်လည်သုံးသပ်ခြင်း– ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်

  • စောင့်ပါ။ ချက်ချင်းမလုပ်ဖို့ ဆုံးဖြတ်ထားပါ။ ပြဿနာ ဖြေရှင်းနည်းတွေ တစ်နည်းမဟုတ် တစ်နည်း ရှိပါတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ သူငယ်ချင်း၊ မိသားစုတွေကို မပြောပြဘူးဆိုရင် ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာ သူတို့သိမှာ မဟုတ်ဘူး။

  • ဆရာဝန်နဲ့ ပြပါ။ စိတ်ကျရောဂါကြောင့် အသက်ရှင်စိတ်မရှိတော့တာ ဖြစ်နိုင်တယ်။ ကုသရင် ပျောက်ကင်းနိုင်ပါတယ်။

  • ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းပါ။ သင့်အကြောင်း သင်ကိုယ်တိုင်ထက် ယေဟောဝါ ပိုသိတယ်။ သင့်ကို ယေဟောဝါဘုရား ကူညီပေးချင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ