ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၂၈
  • စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြထားသလဲ
  • ကျမ်းစာမျှော်လင့်ချက် တကယ်ကော ဖြစ်လာပါ့မလား
  • အဲဒီမျှော်လင့်ချက် ဘယ်လို ပြည့်စုံလာမလဲ
  • ဘယ်အချိန်မှာ ပြည့်စုံမလဲ
  • အခုချိန်မှာ အဲဒီမျှော်လင့်ချက်က ကျွန်တော်တို့အတွက် အကျိုးရှိသလား
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    နိုးလော့!—မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
  • ၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၂၈
သာယာလှပတဲ့ မြစ်ဝှမ်းပေါ်က တောင်ထိပ်မှာ သားလေးနဲ့အတူ ရပ်နေတဲ့ ဇနီးမောင်နှံ။

စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်

အနာဂတ်မှာ အခြေအနေတွေ ကောင်းလာမလား။ အခုချိန်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပေမဲ့ လူအတော်များများက အကောင်းမြင်တတ်ဖို့ ကြိုးစားနေကြတယ်။ တကယ်ပဲ ကောင်းလာမယ်လို့ မျှော်လင့်နိုင်သလား။ စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်အကြောင်း ကျမ်းစာမှာ ဖော်ပြထားတဲ့အတွက် မျှော်လင့်နိုင်ပါတယ်။

  • မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြထားသလဲ

  • ကျမ်းစာမျှော်လင့်ချက် တကယ်ကော ဖြစ်လာပါ့မလား

  • အဲဒီမျှော်လင့်ချက် ဘယ်လို ပြည့်စုံလာမလဲ

  • ဘယ်အချိန်မှာ ပြည့်စုံမလဲ

  • အခုချိန်မှာ အဲဒီမျှော်လင့်ချက်က ကျွန်တော်တို့အတွက် အကျိုးရှိသလား

မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြထားသလဲ

အခုချိန်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပေမဲ့ အဲဒီပြဿနာတွေ အမြဲတမ်း ရှိမှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဖော်ပြချက်တချို့ကို ကြည့်ရအောင်။

  • ပြဿနာ– အိုးမဲ့အိမ်မဲ့

    ကျမ်းစာအဆို– “လူတွေက အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၁။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– ကိုယ်ပိုင်အိမ်တွေမှာ နေရတော့မယ်။

  • ပြဿနာ– အလုပ်လက်မဲ့နဲ့ ဆင်းရဲမွဲတေမှု

    ကျမ်းစာအဆို– “ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၂။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– လူတွေအားလုံးက ကိုယ့်ရဲ့ လုပ်ဆောင်မှုကြောင့် ကျေနပ်ပီတိဖြစ်ပြီး ပျော်ရွှင်ရလိမ့်မယ်။

  • ပြဿနာ– မတရားမှု

    ကျမ်းစာအဆို– “မင်းညီမင်းသားတွေကလည်း တရားမျှတမှု စိုးမိုးစေဖို့ အုပ်ချုပ်လိမ့်မယ်။”—ဟေရှာယ ၃၂:၁။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– လူမျိုးအနွယ်၊ ဆင်းရဲချမ်းသာ၊ အဆင့်အတန်း ခွဲခြားမှုကြောင့် မတရားဆက်ဆံခံရတော့မှာ မဟုတ်ဘူး။ လူတိုင်း တန်းတူညီမျှ ခံစားရတော့မယ်။

  • ပြဿနာ– အာဟာရ ချို့တဲ့မှုနဲ့ ငတ်ပြတ်မှု

    ကျမ်းစာအဆို– “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– လူတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ပေါကြွယ်ဝစွာ စားသုံးရလိမ့်မယ်။ အာဟာရ ချို့တဲ့ပြီး ငတ်ပြတ်မှု ရှိတော့မှာ မဟုတ်ဘူး။

  • ပြဿနာ– ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု

    ကျမ်းစာအဆို– “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။”—မိက္ခာ ၄:၄။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– ဆိုးညစ်တဲ့သူတွေ ကွယ်ပျောက်သွားပြီး ‘ဖြောင့်မတ်သူတွေ ကမ္ဘာမြေမှာ’ နေထိုင်ရမှာ ဖြစ်လို့ လူတိုင်း အေးချမ်းလုံခြုံမှု ခံစားရပါလိမ့်မယ်။—ဆာလံ ၃၇:၁၀၊ ၂၉။

  • ပြဿနာ– စစ်မှု

    ကျမ်းစာအဆို– “လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—ဟေရှာယ ၂:၄။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– တစ်ကမ္ဘာလုံးမှာ အေးချမ်းသာယာလာမယ်။ (ဆာလံ ၇၂:၇) တိုက်ပွဲမှာ ချစ်မြတ်နိုးရသူ သေဆုံးရမယ့် ဝမ်းနည်းမှု ရှိတော့မှာ မဟုတ်ဘူး။ စစ်ဘေးဒုက္ခသည် စခန်းလည်း မလိုအပ်တော့ဘူး။

  • ပြဿနာ– ဖျားနာမှုနဲ့ ရောဂါဝေဒနာ

    ကျမ်းစာအဆို– “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”—ဟေရှာယ ၃၃:၂၄။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– မသန်စွမ်းမှု၊ ဖျားနာမှု ရှိတော့မှာ မဟုတ်ဘူး။ (ဟေရှာယ ၃၅:၅၊ ၆) “သေခြင်း ရှိတော့မှာ မဟုတ်ဘူး” လို့တောင် ကျမ်းစာမှာ ကတိပေးထားတယ်။—ဗျာဒိတ် ၂၁:၄။

  • ပြဿနာ– ပတ်ဝန်းကျင် ပျက်စီးမှု

    ကျမ်းစာအဆို– “တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။

    အနာဂတ်မှာ ဖြစ်လာမယ့်အရာ– ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်အတိုင်း လူတွေ နေထိုင်ဖို့ တစ်ကမ္ဘာလုံး သာယာလှပတဲ့ ဧဒင်ဥယျာဉ် ဖြစ်လာမယ်။—ကမ္ဘာဦး ၂:၁၅။ ဟေရှာယ ၄၅:၁၈။

ကျမ်းစာမျှော်လင့်ချက် တကယ်ကော ဖြစ်လာပါ့မလား

သင် အဲဒီလို ယူမှတ်ကောင်း ယူမှတ်မယ်။ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ဆန်းစစ်လေ့လာစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာကတိတွေက လူတွေရဲ့ ကတိ၊ ကြိုဟောချက်တွေနဲ့ မတူလို့ပါ။ ကျမ်းစာမှာ ပါတဲ့ ကတိတွေဟာ ဘုရားသခင်ရဲ့ ကတိတော် ဖြစ်တယ်။ မတူကွဲပြားရတဲ့ အကြောင်းရင်း ရှိပါတယ်။

  • ဘုရားသခင်ဟာ ယုံကြည်ကိုးစားထိုက်တဲ့ဘုရား ဖြစ်တယ်။ “မုသာမသုံးတဲ့ ဘုရားသခင်” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တိတု ၁:၂) ဘုရားသခင် တစ်ပါးတည်းပဲ အနာဂတ်အကြောင်း ကြိုဟောနိုင်စွမ်းရှိတယ်။ (ဟေရှာယ ၄၆:၁၀) ဘုရားသခင်ရဲ့ ကြိုဟောချက်တွေ အမှန်တကယ် ပြည့်စုံလာတယ်ဆိုတဲ့ အထောက်အထားအများကြီး ကျမ်းစာမှာ ရေးထားတယ်။ ထပ်သိချင်ရင် သမ္မာကျမ်းစာ မှန်ကန်ကြောင်း ဘယ်လို စိတ်ချနိုင်သလဲ ဗီဒီယိုကို ကြည့်ပါ။

  • ဘုရားသခင်မှာ လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်း ရှိတယ်။ ဘုရားသခင်မှာ “အလိုရှိရာမှန်သမျှ လုပ်ဆောင်” နိုင်စွမ်း ရှိတယ်လို့ ကျမ်းစာမှာ ရေးထားတယ်။ (ဆာလံ ၁၃၅:၅၊ ၆) တစ်နည်းပြောရရင် ဘုရားသခင့် ကတိတော်တွေ မပြည့်စုံအောင် ဘာကမှ တားဆီးလို့ မရဘူး။ ဒါ့အပြင် ကျွန်တော်တို့ကို ဘုရားသခင် ချစ်တဲ့အတွက် ကူညီပေးချင်စိတ်လည်း ရှိတယ်။—ယောဟန် ၃:၁၆။

‘ဘုရားသခင်က ကျွန်တော်တို့ကို ကူညီပေးချင်တယ်၊ ကူညီပေးနိုင်စွမ်းလည်း ရှိတယ်ဆိုရင် ဒီနေ့ထိ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဘာကြောင့် ခွင့်ပြုထားရတာလဲ’ လို့ သင် သိချင်မှာပဲ။ အဖြေသိချင်ရင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ ဗီဒီယိုကို ကြည့်ပါ။

အဲဒီမျှော်လင့်ချက် ဘယ်လို ပြည့်စုံလာမလဲ

ဘုရားသခင်က ကောင်းကင်မှာ တည်ထောင်မယ့် နိုင်ငံတော်အားဖြင့် ကတိတော်တွေကို ပြည့်စုံစေမှာ ဖြစ်တယ်။ ယေရှုခရစ်ကို ဘုရားသခင့် နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ပြီး ကမ္ဘာမြေကြီးနဲ့ လူတွေကို စောင့်ရှောက်ဖို့ အခွင့်အာဏာ ပေးအပ်ထားတယ်။ ယေရှု မြေကြီးပေါ်ရှိစဉ်က ဖျားနာသူတွေကို ကုသပေးတယ်။ ငတ်မွတ်သူတွေကို ကျွေးမွေးခဲ့တယ်။ ရာသီဥတုကို ထိန်းချုပ်ပေးတယ်။ သေလွန်သူတွေကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။ (မာကု ၄:၃၉။ ၆:၄၁-၄၄။ လုကာ ၄:၄၀။ ယောဟန် ၁၁:၄၃၊ ၄၄) ဘုရားသခင့် နိုင်ငံတော် ဘုရင်ဖြစ်လာမယ့်အချိန်မှာ ယေရှု ဘာတွေ လုပ်ပေးမယ်ဆိုတာ သက်သေပြပြီးပါပြီ။

ဘုရားသခင့် နိုင်ငံတော်က ကျွန်တော်တို့အတွက် ဘယ်လို အကျိုးရှိမလဲဆိုတာ ထပ်သိချင်ရင် ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။

ဘယ်အချိန်မှာ ပြည့်စုံမလဲ

မကြာခင် ပြည့်စုံလာပါတော့မယ်။ အဲဒါကို ယုံကြည်စိတ်ချနိုင်မလား။ ကမ္ဘာမြေပေါ်မှာ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်ခါနီးပြီဆိုတဲ့ အဖြစ်အပျက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (လုကာ ၂၁:၁၀၊ ၁၁) လက်ရှိလောကမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ကျမ်းစာကြိုဟောချက်တွေနဲ့ တစ်ထပ်တည်း ကိုက်ညီနေတာ တွေ့ရတယ်။

ထပ်သိချင်ရင် “ဘုရားသခင့် နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

အခုချိန်မှာ အဲဒီမျှော်လင့်ချက်က ကျွန်တော်တို့အတွက် အကျိုးရှိသလား

ကျမ်းစာမျှော်လင့်ချက်ဟာ “ကျွန်တော်တို့အတွက် ကျောက်ဆူး” နဲ့ တူတယ်လို့ ကျမ်းရေးသူတစ်ယောက် ပြောထားတယ်။ (ဟီဘရူး ၆:၁၉) မုန်တိုင်းထန်ချိန်မှာ သင်္ဘောမပျက်အောင် ကျောက်ဆူးက ခိုင်ခံ့မြဲမြံစေသလို အခုချိန်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် ကျွန်တော်တို့ ပြိုလဲမသွားအောင် ကျမ်းစာမျှော်လင့်ချက်က ထောက်ကူပေးနေတယ်။ အဲဒီမျှော်လင့်ချက်ကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားတွေးခေါ်နိုင်ပြီး ကျန်းမာပျော်ရွှင်နိုင်ပါတယ်။—၁ သက်သာလောနိတ် ၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ