သတိနဲ့ စောင့်နေကြပါ
ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်
၂၀၂၂၊ ဖေဖော်ဝါရီ ၂၄၊ မနက်စောစောမှာ ရုရှားစစ်တပ်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ တားဆီးတဲ့ကြားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခဲ့တယ်။ ဒီစစ်ပွဲက ကမ္ဘာကို ဘယ်လို ထိခိုက်နိုင်သလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “လူတွေ အတိဒုက္ခရောက်မှု၊ ဥရောပရဲ့ ပျက်စီးဆုံးရှုံးမှု၊ ကမ္ဘာ့လုံခြုံရေး ခြိမ်းခြောက်ခံရမှုဟာ မှန်းဆမရနိုင်လောက်အောင် ကြီးမားတယ်” လို့ ဆိုတယ်။
အလားတူဖြစ်ရပ်တွေက ကျမ်းစာအရ ဘာထူးခြားသလဲ
“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” လို့ ယေရှုခရစ် ကြိုဟောတယ်။ (မဿဲ ၂၄:၇) ဒီနေ့ခေတ် စစ်ပွဲတွေက ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံနေကြောင်း ဖော်ပြပုံကို “‘နောက်ဆုံးကာလ၊’ ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်က ဘာလဲ” ဆောင်းပါးမှာ ကြည့်ပါ။
“ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်း” လိုက်တဲ့ ‘မြင်းနီစီးတဲ့ မြင်းစီးသူရဲ’ ဟာ စစ်ပွဲကို ပုံဆောင်တယ်လို့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြတယ်။ (ဗျာဒိတ် ၆:၄) ဒီကြိုဟောချက်က ဒီနေ့ခေတ် စစ်ပွဲနဲ့ ဘယ်လို သက်ဆိုင်သလဲဆိုတာ သိဖို့ “မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ” ဆောင်းပါးကို ကြည့်ပါ။
ဒံယေလကျမ်းမှာ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” အားပြိုင်ကြမယ်လို့ ကြိုဟောထားတယ်။ (ဒံယေလ ၁၁:၂၅-၄၅) ရုရှားနဲ့ မဟာမိတ်တွေကို မြောက်ဘုရင်အဖြစ် သတ်မှတ်ရတဲ့ အကြောင်းရင်းကို ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်—ဒံယေလ အခန်းကြီး ၁၁ ဗီဒီယိုမှာ ကြည့်ပါ။a
ဗျာဒိတ်ကျမ်းမှာ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲ” အကြောင်းလည်း ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) လက်ရှိ နိုင်ငံအချင်းချင်း တိုက်တဲ့ စစ်ပွဲကို မဆိုလိုဘူး။ ဒီအနာဂတ်ဖြစ်ရပ်အကြောင်း ပိုသိနိုင်ဖို့ “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကို ပြောတာလဲ” ဆောင်းပါးကို ဖတ်ပါ။
အနာဂတ်အတွက် ဘာကြောင့် မျှော်လင့်ချက် ရှိသလဲ။
ဘုရားသခင်က “မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေမယ်’ လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာလံ ၄၆:၉) အနာဂတ်အတွက် ဘုရားရဲ့ ကတိတွေကို ပိုသိနိုင်ဖို့ “စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်” ဆောင်းပါးကို ဖတ်ပါ။
ဘုရားနိုင်ငံတော် လာဖို့ ဆုတောင်းကြပါဆိုပြီး နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ (မဿဲ ၆:၉၊ ၁၀) ဒီနိုင်ငံတော်က ကောင်းကင်အစိုးရ ဖြစ်ပြီး ကမ္ဘာမြေအတွက် ဘုရားအလိုတော်ကို ပြည့်စုံစေမယ်။ ဘုရားအလိုတော်ထဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေး ပါတယ်။ နိုင်ငံတော်က သင့်အတွက် အကျိုးရှိစေပုံကို သိဖို့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။
ယူကရိန်းမှာ ယေဟောဝါသက်သေ ၁၂၉,၀၀၀ ကျော် ရှိတယ်။ တခြားနိုင်ငံက သက်သေခံတွေလိုပဲ သူတို့လည်း နိုင်ငံရေးမှာ ကြားနေခြင်း၊ စစ်ပွဲမှာ မပါဝင်ခြင်းအားဖြင့် ယေရှုကို အတုယူကြတယ်။ (ယောဟန် ၁၈:၃၆) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေတွေဟာ စစ်ပွဲတွေအပါအဝင် လူ့ပြဿနာတွေကို အဆုံးသတ်ပေးမယ့် “နိုင်ငံတော် သတင်းကောင်းကို” ဆက်ဟောနေကြပါတယ်။ (မ ၂၄:၁၄) ကျမ်းစာထဲက မျှော်လင့်ချက်အကြောင်း ပိုသိနိုင်ဖို့ ကျွန်တော်တို့ကို ဆက်သွယ်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
a ဒီကြိုဟောချက် အသေးစိတ် ရှင်းပြချက်အတွက် “အဆုံးပိုင်းကာလမှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ၊” “ဒီနေ့ခေတ်မှာ ‘မြောက်ဘုရင်’ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။