Top left: Marek M. Berezowski/Anadolu Agency via Getty Images; bottom left: Halfpoint Images/Moment via Getty Images; center: Zhai Yujia/China News Service/VCG via Getty Images; top right: Ismail Sen/Anadolu Agency via Getty Images; bottom right: E+/taseffski/via Getty Images
သတိနဲ့ စောင့်နေကြပါ
လူတွေ စိုးရိမ်သောကများခဲ့ရတဲ့ ၂၀၂၃ ခုနှစ်—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းဖြစ်ပျက်ခဲ့ရာတွေကို ပြန်ပြောင်းကြည့်တဲ့အခါ ကျွန်တော်တို့အသက်ရှင်တဲ့အချိန်ဟာ “နောက်ဆုံးကာလ” ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ (၂ တိမောသေ ၃:၁) ကျွန်တော်တို့အချိန်မှာ ဖြစ်ပျက်မယ်လို့ ကျမ်းစာကြိုဟောထားရာတွေ ဘယ်လိုပြည့်စုံနေသလဲဆိုတာ သုံးသပ်ကြည့်ပါ။
ကျမ်းစာအဆိုနဲ့ ကမ္ဘာ့ဖြစ်ရပ်
“စစ်မက်သတင်းတွေ။”—မဿဲ ၂၄:၆။
“ကမ္ဘာ့ဒေသများစွာမှာ အကြမ်းဖက်ပဋိပက္ခတွေ ပိုပိုများလာတယ်။”a
“အရပ်သားပြည်သူတွေကို ဘယ်သူ ကယ်တင်ပေးမလဲ” နဲ့ “ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် ဒေါ်လာ ၂ ထရီလီယံ ကျော်လွန်” ဆောင်းပါးတွေကို ဖတ်ပါ။
“တစ်နေရာပြီး တစ်နေရာ မြေငလျင် လှုပ်လိမ့်မယ်။”—မာကု ၁၃:၈။
“၂၀၂၃ နှစ်ဦးပိုင်းကစပြီး ပြင်းအားအဆင့် ၇ ကျော်တဲ့ ငလျင်တွေ ကမ္ဘာတစ်ဝန်းမှာ လှုပ်ခတ်ခဲ့တာ ၁၃ ခုရှိပြီ။ စံချိန်တင်တဲ့ နှစ်တစ်နှစ်ပဲ။”b
“တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်း ငလျင်လှုပ်ခတ်” ဆောင်းပါးကို ဖတ်ပါ။
“ကြောက်လန့်စရာ မြင်ကွင်းတွေ။”—လုကာ ၂၁:၁၁။
“ကမ္ဘာချီပူနွေးတဲ့ခေတ် ကုန်ဆုံးပြီး ကမ္ဘာချီလောင်မြိုက်တဲ့ခေတ် စတင်ပြီ။”—အန်တိုနီရို ဂူတာရက်စ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။c
“၂၀၂၃ နွေရာသီရဲ့ ကမ္ဘာချီ အပူလှိုင်း” ဆောင်းပါးကို ဖတ်ပါ။
“အစာခေါင်းပါးတာ။”—မဿဲ ၂၄:၇။
“၂၀၂၃ ခုနှစ်ဟာ မိသားစုဝမ်းရေးအတွက် ရှာရဖွေရ အင်မတန်ခက်ခဲတဲ့ နှစ်တစ်နှစ်ပါပဲ။”d[4]
“စစ်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုးလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ” ဆောင်းပါးကို ဖတ်ပါ။
“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်။”—၂ တိမောသေ ၃:၁။
“ကမ္ဘာတစ်ဝန်း လူရှစ်ယောက်အနက် တစ်ယောက်က စိတ်ကျန်းမာရေးဝေဒနာ ခံစားနေရတယ်။”e
“ပိုဆိုးလာတဲ့ ဆယ်ကျော်သက်စိတ်ကျန်းမာရေး ပြဿနာ” ဆောင်းပါးကို ဖတ်ပါ။
၂၀၂၄ ခုနှစ်မှာ ဘာတွေ ဖြစ်လာမလဲ
ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို ကြည့်ပြီး ဘုရားနိုင်ငံတော် အုပ်ချုပ်မယ့်အချိန် သိပ်နီးနေပြီဆိုတာ သိနိုင်တယ်။ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားအစိုးရက လူ့အစိုးရတွေနေရာမှာ အစားထိုးအုပ်ချုပ်မယ်။ လူတွေကို သောကပွား၊ ဒုက္ခများစေတဲ့ အရင်းခံပြဿနာတွေကို အဆုံးတိုင်စေမယ်။—ဒံယေလ ၂:၄၄။ ဗျာဒိတ် ၂၁:၄။
လောလောဆယ်အချိန်မှာလည်း စိုးရိမ်သောကတွေကို ဘုရားသခင့်အကူအညီနဲ့ ဖြေရှင်းနိုင်ပါတယ်။ ကျမ်းစာ အခုလိုဆိုတယ်–
“ကြောက်စိတ်ဝင်လာတိုင်း ကိုယ်တော့်ကို ယုံကြည်ကိုးစားတယ်။” —ဆာလံ ၅၆:၃။
ဘုရားသခင်ကို ယုံကြည်အားကိုးကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ အနာဂတ်မှာ ဆင်းရဲဒုက္ခတွေ ကွယ်ပျောက်မယ်ဆိုတဲ့ ကျမ်းစာကတိကို လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ အခမဲ့ ကျမ်းစာလေ့လာ ကြည့်ပါ။ ကျမ်းစာကတိတွေကနေ သင်နဲ့သင့်မိသားစု အကျိုးရနိုင်ပုံကို သိလာပါမယ်။
a “စစ်မက်ကမ္ဘာ– ကမ္ဘာတစ်ဝန်း အကြမ်းဖက်ပဋိပက္ခတွေရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ၊” နိုင်ငံခြားရေးရာဝက်ဘ်ဆိုက်မှာ အမ်မာ ဘီးလ်နဲ့ ပီတာ ဆောစ်ဘရီတို့ ရေးသားတဲ့ဆောင်းပါး၊ အောက်တိုဘာ ၃၀၊ ၂၀၂၃။
b “၂၀၂၃ ခုနှစ်– စံချိန်တင် ငလျင်ကြီးများ အရေအတွက်၊” ငလျင်သတင်းဆောင်းပါး၊ မေ၊ ၂၀၂၃။
c ကမ္ဘာ့ကုလသမဂ္ဂ၊ “ရာသီဥတုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အဖွင့်မိန့်ခွန်း၊” ဇူလိုင် ၂၇၊ ၂၀၂၃။
d ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ “ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ” ဆောင်းပါး။
e ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ “၂၀၂၃ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့” ဆောင်းပါး၊ အောက်တိုဘာ ၁၀၊ ၂၀၂၃။