ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၂၁
  • ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် ယုံကြည်အားကိုးနိုင်သူ
  • ယုံကြည်ကိုးစားမှုသည် ဘဝပျော်ရွှင်ရေးအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • နိုင်ငံရေးသမားတွေကို လူတွေ အယုံအကြည် ကင်းမဲ့လာ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ဆင်းရဲမွဲတေမှုကို ယေရှု ပပျောက်စေမယ်
    ထပ်ဆင့် အကြောင်းအရာများ
  • ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၂၁
ရုပ်ပုံများ– ယုံကြည်အားကိုးနိုင်သူလို့ လူအများ သတ်မှတ်ထားသူများ။ ၁။ မိုက်ကရိုဖုန်းရှေ့မှာ ရပ်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်။ ၂။ လက်နှစ်ဖက် ဆုပ်ပြီး ဆုတောင်းနေတဲ့ ဘုန်းတော်ကြီးတစ်ယောက်။ ၃။ တက်ဘလက်ကိုင်ထားတဲ့ သိပ္ပံပညာရှင်တစ်ယောက်။

ဘယ်– Olena Yefremkina/stock.adobe.com; center: lunamarina/stock.adobe.com; ညာ– Rido/stock.adobe.com

သတိနဲ့ စောင့်နေကြပါ

ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ

ကိုယ်ယုံကြည်အားကိုးတဲ့သူကို ယုံကြည်လို့ မရမှန်း သိသွားတဲ့အခါ စိတ်ပျက်ရတယ်။ ဥပမာ၊

  •  နိုင်ငံရေးသမားတွေက ပြည်သူတွေအကျိုးထက် ကိုယ့်အကျိုးကို ရှာတဲ့အခါ

  •  သတင်းမီဒီယာတွေက ဘက်လိုက်တဲ့ သတင်းတွေ၊ သတင်းမှားတွေ တင်ဆက်တဲ့အခါ

  •  သိပ္ပံပညာရှင်တွေက လူထုအကျိုးအတွက် မလုပ်ဆောင်ပေးတဲ့အခါ

  •  ဘာသာရေးခေါင်းဆောင်တွေက ဘုရားတရားလုပ်မယ့်အစား နိုင်ငံရေးဘက်မှာပဲ ပါဝင်ပတ်သက်နေတာတွေကို မြင်ရတဲ့အခါ

လူတွေ အယုံအကြည် ပျက်သွားကြတယ်။ ဘယ်သူ့ကို ယုံကြည်အားကိုးမလဲဆိုတာ သတိထား ရွေးချယ်သင့်ပါတယ်။ သမ္မာကျမ်းစာမှာ ဒီလို သတိပေးထားတယ်–

  •  “လူတို့၏ခေါင်းဆောင်များကို မကိုးစားကြနှင့်။ အဘယ်လူသားမျှ သင်တို့ကို မကယ်တင်နိုင်။”—ဆာလံ ၁၄၆:၃၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။

သင် ယုံကြည်အားကိုးနိုင်သူ

 သင် ယုံကြည်အားကိုးနိုင်တဲ့သူ ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ ယေရှုခရစ်ပါပဲ။ ယေရှုဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ခန့်က အသက်ရှင်ခဲ့တဲ့ လူကောင်းတစ်ယောက်လောက်ပဲ မဟုတ်ဘူး။ ဘုရားသခင်က ယေရှုကို ဘုရင်အဖြစ် ခန့်အပ်တယ်။ ယေရှုဟာ “ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး။” (လုကာ ၁:၃၂၊ ၃၃) ကောင်းကင်မှာ တည်ထောင်ထားတဲ့အစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုက ဘုရင်အဖြစ် အခု အုပ်ချုပ်နေပါတယ်။—မဿဲ ၆:၁၀။

  •  ယေရှုခရစ်ကို ဘာကြောင့် ယုံကြည်အားကိုးနိုင်သလဲဆိုတာ သိချင်ရင် “ဘုရားသခင့်နိုင်ငံတော် ဘုရင်က ဘယ်သူလဲ” နဲ့ “ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။

သင် ယုံကြည်စိတ်ချနိုင်တဲ့ စာအုပ်

သမ္မာကျမ်းစာထဲမှာ ယေရှုရဲ့ အသက်တာနဲ့ တခြားအရေးကြီးတဲ့ အကြောင်းအရာတွေ အများကြီးပါတယ်။ ဒီထူးခြားတဲ့ စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို သင်ယုံကြည်စိတ်ချနိုင်ပါတယ်။ သိချင်ရင် အခမဲ့ ကျမ်းစာလေ့လာမှုအစီအစဉ် မှာ စာရင်းပေးပြီး လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျမ်းစာလေ့လာရာမှာ အသုံးပြုတဲ့ စာပေတွေကိုလည်း ရရှိမှာဖြစ်ပြီး သင့်ကို ကူညီပေးမယ့်သူကိုပါ စီစဉ်ပေးပါမယ်။ ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ အခု ဘာတွေ လုပ်နေသလဲ၊ အနာဂတ်မှာ ဘာတွေ လုပ်ပေးမလဲဆိုတဲ့အကြောင်းနဲ့ တခြားအကြောင်းအရာများစွာကို သင် သိရှိလာပါလိမ့်မယ်။

ကျမ်းစာကို လေ့လာသင်ယူကြည့်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ