ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၂၉
  • ဘာသာတရားတွေ ဘာဖြစ်သွားမလဲ—ကျမ်းစာ အဆို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားတွေ ဘာဖြစ်သွားမလဲ—ကျမ်းစာ အဆို
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားတွေရဲ့ အနာဂတ်အကြောင်း ကျမ်းစာအဆို
  • မှားယွင်းတဲ့ဘာသာ ဘယ်လို ဖျက်ဆီးခံရမလဲ
  • မှားယွင်းတဲ့ဘာသာ ဘာကြောင့် ဖျက်ဆီးခံရမလဲ
  • ဘာသာတရားအားလုံး ဖျက်ဆီးခံရမလား
  • မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရခြင်းက သင့်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၂၉
ဖွင့်ထားတဲ့ကျမ်းစာကို ကိုင်ပြီး ဘာသာရေးအဆောက်အအုံ အမျိုးမျိုးကို ကြည့်နေတဲ့ အမျိုးသားတစ်ယောက်

ဘာသာတရားတွေ ဘာဖြစ်သွားမလဲ—ကျမ်းစာ အဆို

ဘာသာတရားတွေအကြောင်း တွေးလိုက်ရင် စိတ်ပျက်တာ၊ စက်ဆုပ်ရွံရှာတာမျိုး ဖြစ်မိသလား။ ဘာသာတရားတွေဟာ လူ့အသိုင်းအဝိုင်း ဒါမှမဟုတ် လူတချို့အပေါ် အကောင်းဘက် လွှမ်းမိုးမှုရှိပေမဲ့ ထိခိုက်နစ်နာစေတာက ပိုများနေတယ်။ “ဘာသာရေးယုံကြည်ချက် ကွဲလွဲမှုတွေကြောင့် သမိုင်းတလျှောက်မှာ ဆိုးဆိုးရွားရွား စစ်ပွဲတချို့ ဖြစ်ပွားခဲ့တယ်” လို့ စွယ်စုံကျမ်းတစ်အုပ် (Encyclopedia of Religion and War) မှာ ဖတ်ရတယ်။ ဘာသာရေးခေါင်းဆောင်တွေက ဝတ်ပြုကိုးကွယ်ရေးအတွက်မဟုတ်ဘဲ နိုင်ငံရေးအတွေးအခေါ်တွေကို အားပေးအားမြှောက်လုပ်ဖို့ ဘာသာတရားကို ခုတုံးလုပ်လေ့ရှိတယ်။ ဘာသာရေးခေါင်းဆောင်တချို့ကျပြန်တော့ လိင်ဆိုင်ရာ မတော်မတရားပြုမှုတွေနဲ့ ငွေအလွဲသုံးစားလုပ်မှုတွေကို ဖုံးဖိထားကြတယ်။

ဘာသာတရားတွေကြောင့် သင်တောင် ဒီလောက်စိတ်ပျက်မိရင် ဘုရားသာဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ မကောင်းတဲ့လုပ်ရပ်တွေကြောင့် ဘာသာရေးအဖွဲ့အစည်းတွေကို ဘုရားရှုတ်ချတဲ့အကြောင်း ကျမ်းစာမှာ တွေ့နိုင်တယ်။ ဘာသာတရားတွေကို ဘုရားဘာလုပ်တော့မလဲဆိုတဲ့ ကြိုဟောချက်တွေလည်း ဖော်ပြထားတယ်။ ကမ္ဘာတစ်ဝန်းလုံးက ဘာသာရေးအဖွဲ့အစည်းအားလုံးကို မကြာခင် ဘုရား ဇာတ်သိမ်းပစ်မယ့်အကြောင်း ကျမ်းစာမှာ တင်စားချက်တွေနဲ့ ဖော်ပြထားတယ်။

ဘာသာတရားတွေရဲ့ အနာဂတ်အကြောင်း ကျမ်းစာအဆို

ကြိုဟောချက်– ဗျာဒိတ်ကျမ်းမှာ မဟာဗာဗုလုန်လို့ခေါ်တဲ့ ပြည့်တန်ဆာမတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ ပြည့်တန်ဆာက နီမြန်းတဲ့ သားရဲတစ်ကောင်အပေါ် ထိုင်တယ်။ နောက်တော့ အဲဒီသားရဲက သူ့ကို ဆန့်ကျင်ပြီး သတ်ပစ်လိမ့်မယ်။—ဗျာဒိတ် ၁၇:၃၊ ၅၊ ၁၆။

အဓိပ္ပာယ်– မဟာဗာဗုလုန်လို့ခေါ်တဲ့ ပြည့်တန်ဆာဟာ ဘုရားလက်မခံတဲ့၊ မှားယွင်းတဲ့ ဘာသာတရားအားလုံးကို ကိုယ်စားပြုတယ်။a နီမြန်းတဲ့သားရဲက ကုလသမဂ္ဂကိုb ကိုယ်စားပြုတယ်။ နီမြန်းတဲ့သားရဲအပေါ် ပြည့်တန်ဆာထိုင်နေတယ်ဆိုတာ မှားယွင်းတဲ့ဘာသာတရားတွေက ကုလသမဂ္ဂကို လွှမ်းမိုးဖို့၊ ကြိုးကိုင်ဖို့ ကြိုးစားနေတာကို ဆိုလိုတယ်။ ပြည့်တန်ဆာကို သားရဲ သတ်လိုက်တယ်ဆိုတာ ကုလသမဂ္ဂနဲ့ အပေါင်းအပါနိုင်ငံတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ မှားယွင်းတဲ့ဘာသာတွေကို ဆန့်ကျင်ပြီး နောက်ပိုင်း ဖျက်ဆီးပစ်မှာကို ဆိုလိုတယ်။ လူ့သမိုင်းတလျှောက် ဘယ်လူသားမှ မကြုံဖူးသေးတဲ့ ဖြစ်ရပ်ကြီးပါပဲ။

နီမြန်းတဲ့ သားရဲကို စီးနေတဲ့ ဗျာဒိတ်ကျမ်းထဲက ပြည့်တန်ဆာ။ သားရဲရဲ့ ဘယ်ဘက်မှာ ကုလသမဂ္ဂဌာနချုပ်၊ ညာဘက်မှာ ဘာသာရေးအဆောက်အအုံများ တွေ့ရ။

မှားယွင်းတဲ့ဘာသာ ဘယ်လို ဖျက်ဆီးခံရမလဲ

ကြိုဟောချက်– “ခင်ဗျားမြင်ရတဲ့ ချိုဆယ်ချောင်းရှိတဲ့ သားရဲက ပြည့်တန်ဆာကို မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး . . . အစအနမကျန်အောင် မီးရှို့ပစ်လိမ့်မယ်။ ဘုရားသခင်က မိမိရဲ့အကြံကို သူတို့ [ကမ္ဘာ့အစိုးရတွေ] ရဲ့စိတ်ထဲ ထည့်ပေးပြီး အကောင်အထည်ဖော်လိမ့်မယ်။ သူတို့က . . . သားရဲကို နိုင်ငံပေးအပ်ပြီး သူတို့မှာရှိတဲ့ တူညီတဲ့အကြံကို အကောင်အထည်ဖော်လိမ့်မယ်။ . . . သူဟာ သေခြင်း၊ မြည်တမ်းခြင်း၊ ကပ်ဘေး၊ အငတ်ဘေးတွေကို တစ်ရက်တည်းမှာ ကြုံရလိမ့်မယ်။ သူ့ကို တရားစီရင်တဲ့ ယေဟောဝါc ဘုရားဟာ ခွန်အားကြီးတဲ့အတွက် သူ အစအနမကျန်အောင် မီးလောင်သွားလိမ့်မယ်။”— ဗျာဒိတ် ၁၇:၁၆၊ ၁၇။ ၁၈:၈။

အဓိပ္ပာယ်– ကမ္ဘာ့အစိုးရတွေရဲ့ စိတ်ထဲကို ဘုရားသခင်က ကိုယ်တော်ရဲ့ “အကြံ” ကို ထည့်ပေးမယ်။ အစိုးရတွေက သူတို့ရဲ့ “နိုင်ငံ” ဒါမှမဟုတ် အာဏာစက်ကို ကုလသမဂ္ဂဆီ လွှဲပေးဖို့ ဘုရား လှုံ့ဆော်မယ်။ အစိုးရတွေဆီကရတဲ့ အာဏာစက်အသစ်နဲ့ ကုလသမဂ္ဂက ကမ္ဘာအနှံ့မှာရှိတဲ့ မှားယွင်းတဲ့ဘာသာရေးကို ဖျက်ဆီးပစ်မယ်။ အခုလို အံ့ဩမိန်းမောစရာဖြစ်ရပ်ဟာ “တစ်ရက်တည်းမှာ” အလျင်အမြန်၊ ရုတ်တရက် ဖြစ်ပျက်မှာဖြစ်လို့ လူတွေ အံ့ဩကြရလိမ့်မယ်။—ဗျာဒိတ် ၁၈:၂၁။

မှားယွင်းတဲ့ဘာသာ ဘာကြောင့် ဖျက်ဆီးခံရမလဲ

ကြိုဟောချက်– “သူ့ရဲ့ အပြစ်တွေများလွန်းလို့ ကောင်းကင်အထိ ရောက်နေပြီ။ သူလုပ်ခဲ့တဲ့ မတရားမှုတွေအတွက် သူ့ကို ဘုရားသခင် တရားစီရင်တော့မယ်။”—ဗျာဒိတ် ၁၈:၅။

အဓိပ္ပာယ်– မှားယွင်းတဲ့ဘာသာက ဆိုးညစ်တဲ့အရာတွေလုပ်လာခဲ့တာ ရာစုနှစ်နဲ့ချီပြီ။ “သူ့ရဲ့ အပြစ်တွေ” ကြောင့် ဘုရားသခင် တရားစီရင်ရခြင်းဖြစ်တယ်။

  • ဘာသာရေးခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင် လက်ဆွဲနှုတ်ဆက်

    နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း။ ခရစ်တော်ယေရှုက သူ့နောက်လိုက်တွေကို နိုင်ငံရေးမှာ မပါဝင်ဖို့၊ လူ့အုပ်ချုပ်မှုစနစ်တစ်ခုလုံးကို ကောင်းကင်အစိုးရတစ်ရပ်နဲ့ အစားထိုးမယ့် ဘုရားသခင့်နိုင်ငံတော်ကိုသာ မျှော်လင့်စောင့်စားနေကြဖို့ သင်ပေးတယ်။d (ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀။ ယောဟန် ၆:၁၅။ ၁၈:၃၆) မှားယွင်းတဲ့ဘာသာတရားကတော့ ဒီသွန်သင်ချက်နဲ့ လုံးဝ ဆန့်ကျင်နေတယ်။ မဟာဗာဗုလုန်က “ပြည့်တန်ဆာကြီး” ဆိုတဲ့နာမည်နဲ့ လိုက်အောင် “လိင်အကျင့်ယိုယွင်းခြင်းမှာ” မူးယစ်နေတယ်လို့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ မှားယွင်းတဲ့ဘာသာက ဘုရားအပေါ် သစ္စာစောင့်သိမယ့်အစား နိုင်ငံရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေလို့ ဖြစ်တယ်။—ဗျာဒိတ် ၁၇:၁၊ ၂။ ယာကုပ် ၄:၄။

  • ဘာသာရေးခေါင်းဆောင်တစ်ယောက် လက်ဝါးကားတိုင်ကိုင်ပြီး စစ်သားတွေကို ကောင်းချီးပေးနေ

    အကြမ်းဖက်ခြင်း။ “မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့” သေခြင်းဟာ မှားယွင်းတဲ့ဘာသာကြောင့်ဆိုပြီး ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၈:၂၄) ဘာသာတရားများစွာက ဘာသာဝင်တွေကို ငြိမ်းချမ်းရေးလိုလားသူတွေ ဖြစ်လာအောင် သွန်သင်ပေးဖို့ ပျက်ကွက်ကြတဲ့အပြင် တချို့ဆိုရင် စစ်ပွဲတွေမှာ ထောက်ပံ့ပေးကြပြီး အကြမ်းဖက်လုပ်ရပ်တွေကိုပါ အားပေးအားမြှောက်လုပ်ကြတယ်။

  • လက်ထဲမှာ ပိုက်ဆံအပြည့်ကိုင်ထားတဲ့ ဘာသာရေးခေါင်းဆောင်

    လောဘ။ မှားယွင်းတဲ့ဘာသာဟာ “အရှက်မရှိ စည်းစိမ်ယစ်” နေတယ်။ (ဗျာဒိတ် ၁၇:၄။ ၁၈:၇) သူတို့ရဲ့ဩဇာနဲ့ အချိတ်အဆက်တွေကို အသုံးပြုပြီး ကျိကျိတက်ချမ်းသာနေကြတယ်။ ဒီလိုလောဘတကြီး အမြတ်ထုတ်တာကို ဘုရား ရွံမုန်းတယ်။—တိတု ၁:၇။

  • ဘာသာရေးခေါင်းဆောင်တစ်ယောက် စကားပြောနေ

    လိမ်လည်ဖြားယောင်းခြင်း။ မှားယွင်းတဲ့ဘာသာက ကျမ်းစာအမှန်တရားနဲ့ မကိုက်ညီတဲ့ သွန်သင်ချက်တွေ၊ ဓလေ့ထုံးစံတွေကို သွန်သင်တယ်။e လူတွေကို လမ်းလွဲစေပြီး ဘုရားကိုလည်း ဂုဏ်ပျက်စေတဲ့ သွန်သင်ချက်တွေနဲ့ ဓလေ့ထုံးစံတွေဟာ မှားယွင်းတဲ့ဘာသာကနေ ဆင်းသက်လာတယ်။ ဒါကြောင့်လည်း ကျမ်းစာမှာ “ကမ္ဘာမြေပေါ်က ရွံရှာဖွယ်တွေရဲ့ မိခင်” လို့ ခေါ်ထားတာ။—ဗျာဒိတ် ၁၇:၅။ ၁၈:၂၃။

ဘာသာတရားအားလုံး ဖျက်ဆီးခံရမလား

မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံပါဝင်တဲ့ “လူအုပ်ကြီးတစ်အုပ်” အကြောင်း ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၇:၉) လူအုပ်ကြီးဟာ ဘုရားသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ သစ္စာရှိရှိ ဝတ်ပြုကြလို့ သူတို့ကို “ဝတ်လုံဖြူ ဝတ်ဆင်ထားတယ်” လို့ တင်စားထားတယ်။ သူတို့ဟာ “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်မယ့်သူတွေပါ။ ကြီးစွာသောဒုက္ခဆိုတာ မှားယွင်းတဲ့ဘာသာနဲ့ ဘုရားရန်သူအားလုံး ဖျက်ဆီးခံရတဲ့ အချိန်ကာလဖြစ်တယ်။ (ဗျာဒိတ် ၇:၁၃၊ ၁၄။ ၁၉:၁၁၊ ၁၉-၂၁) ဝတ်လုံဖြူဝတ်ဆင်ထားတဲ့ လူအုပ်ကြီးက စစ်မှန်တဲ့ဘာသာမှာ ပါဝင်သူတွေဖြစ်ပြီး ထာဝရဆက်ရှိနေပါလိမ့်မယ်။f

လူကြီးလူငယ်၊ ကျားမ မရွေး ပါဝင်တဲ့ လူအုပ်ကြီးတစ်အုပ် ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်လာ။ သူတို့ရဲ့ အနောက်မှာ ဘာသာရေးအဆောက်အအုံ အပြိုအပျက်တွေ တွေ့ရ။

မှားယွင်းတဲ့ဘာသာရေး ပျက်စီးချိန်မှာ လွတ်မြောက်လာမယ့် စစ်မှန်တဲ့ဘုရားကို ဝတ်ပြုတဲ့ လူအုပ်ကြီး

မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရခြင်းက သင့်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

မှားယွင်းတဲ့ဘာသာရဲ့ အကျည်းတန်တဲ့လုပ်ရပ်တွေကို ဘုရားသခင် လက်သင့်မခံမှန်း သိရလို့ သင် စိတ်သက်သာမှုရမှာပါ။ ဘုရားကို ဂုဏ်ဖျက်ပြီး လူတွေကို ဒုက္ခရောက်စေတဲ့ ဘာသာတရားတွေအားလုံး ဖယ်ရှားခံရတော့မှာဖြစ်လို့ အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ရှိလာတယ်မဟုတ်လား။

တကယ်တော့ ဘုရားသခင် နှစ်သက်လက်ခံတဲ့နည်းလမ်းနဲ့ ဘုရားကို သင် ဝတ်ပြုနိုင်ပါတယ်။ “အဖဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေဟာ စွမ်းအားတော်လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်မယ့်အချိန် ရောက်လာမယ်။ . . . အဲဒီလို ကိုးကွယ်မယ့်သူတွေကို အဖဘုရား ရှာနေတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၄:၂၃) “ငါ့လူတို့၊ သူ့ [မဟာဗာဗုလုန်] ရဲ့ အပြစ်တွေမှာ မပါချင်ဘူး။ သူခံရမယ့်ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင် သူ့ဆီကနေ ထွက်သွားကြ” လို့လည်း ပြောထားတယ်။ (ဗျာဒိတ် ၁၈:၄၊ ၅) ဘုရားသခင်က မိမိကို နည်းမှန်လမ်းကျဝတ်ပြုဖို့ လူတွေကို ဖိတ်ခေါ်နေပါတယ်။ (၁ တိမောသေ ၂:၃၊ ၄) ဒီဖိတ်ခေါ်ချက်ကို လက်ခံသူတွေအားလုံး ဘုရားကတိပေးထားတဲ့အတိုင်း အမြဲထာဝစဉ် အသက်ရှင်နိုင်ပါလိမ့်မယ်။—၁ ယောဟန် ၂:၁၇။

ဘာသာတရားတွေနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ပိုသိချင်ရင် အခမဲ့ ကျမ်းစာလေ့လာမှု တောင်းခံနိုင်ပါတယ်။ ကျမ်းစာလေ့လာတဲ့အခါ ဘုရားနှစ်သက်တဲ့နည်းလမ်းနဲ့ ဝတ်ပြုနိုင်ပုံအကြောင်း သိလာပါလိမ့်မယ်။

မဟာဗာဗုလုန်မှာ အမည်ခံခရစ်ယာန်တွေရော ပါဝင်သလား

ပါဝင်ပါတယ်။ ယေရှုကို သခင်လို့ခေါ်ပြီး ကိုယ့်ကိုယ်ကို ခရစ်ယာန်တွေပါလို့ ခံယူထားသူတွေများပေမဲ့ သူတို့ရဲ့ဝတ်ပြုမှုကို ဘုရား လက်ခံမှာမဟုတ်ကြောင်း ယေရှု ပြောတယ်။ (မဿဲ ၇:၂၁-၂၃) သူတို့ဟာ ခရစ်ယာန်အတုအယောင်တွေဖြစ်ကြောင်း သူတို့ရဲ့ သွန်သင်ချက်တွေ၊ လုပ်ရပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ (မဿဲ ၇:၁၈-၂၀) ဒါကြောင့် သူတို့လည်း မဟာဗာဗုလုန်ထဲ ပါဝင်တယ်။

ဘုရား မနှစ်သက်တဲ့ အမည်ခံခရစ်ယာန်တွေရဲ့ သွန်သင်ချက်အမှားတွေနဲ့ ဓလေ့ထုံးစံတချို့ကတော့–

  • မီးငရဲနဲ့ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သွန်သင်ခြင်း

  • ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမည်ကို ဖုံးဖိထားခြင်း

  • လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလိမ်အညာတွေ သွန်သင်ခြင်း

  • ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးပြုခြင်း

a မဟာဗာဗုလုန်ကို ခွဲခြားသိစေတဲ့ အချက်လေးချက်ကို လေ့လာချင်ရင် “မဟာဗာဗုလုန်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ပါ။

b ဒီသားရဲကို ခွဲခြားသိစေတဲ့ အချက်ခြောက်ချက်ကို လေ့လာချင်ရင် “ဗျာဒိတ် အခန်းကြီး ၁၇ မှာ ဖော်ပြထားတဲ့ နီမြန်းတဲ့သားရဲက ဘာကိုဆိုလိုတာလဲ” ဆောင်းပါးကို ဖတ်ပါ။

c ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

d ပိုသိချင်ရင် ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။

e ပိုသိချင်ရင် “မဟာဗာဗုလုန်မှာ အမည်ခံခရစ်ယာန်တွေရော ပါဝင်သလား” လေးထောင့်ကွက်ကို ဖတ်ပါ။

f စစ်မှန်တဲ့ဘာသာကို ခွဲခြားသိနိုင်ပုံကို သိချင်ရင် “စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ