ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၂၃
  • ယေဟောဝါသက်သေတွေ ဘာကြောင့် စစ်ထဲ မဝင်သလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေ ဘာကြောင့် စစ်ထဲ မဝင်သလဲ။
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အများပြည်သူကို အကျိုးပြု
  • ‘သူတို့သည် ဤလောကနှင့် မစပ်ဆိုင်ကြပါ’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ရန်သူများကိုချစ်ဖို့ ဖြစ်နိုင်သလော
    နိုးလော့!—၂၀၀၉
  • ယေဟောဝါသက်သေများသည် စစ်ပွဲများတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင်နှင့် ကဲသာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၂၃
ကိုယ်ယောင်ဖျောက်ထားတဲ့ စစ်သားတွေ စစ်တိုက်နေကြစဉ်

ယေဟောဝါသက်သေတွေ ဘာကြောင့် စစ်ထဲ မဝင်သလဲ။

ယေဟောဝါသက်သေတွေက အောက်ပါ အကြောင်းရင်းတွေကြောင့် စစ်ထဲ မဝင်ကြပါဘူး–

  1. ၁။ ဘုရားသခင်ကို နာခံကြတယ်။ ဘုရားသခင်ကို ဝတ်ပြုသူတွေက “ဓားလက်နက်များကို ထွန်သွားဖြစ်စေမယ်၊” “စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်” ဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေရှာယ ၂:၄။

  2. ၂။ ယေရှုကို နာခံကြတယ်။ ယေရှုက တမန်တော် ပေတရုကို ဒီလိုပြောခဲ့တယ်– “သင်၏ဓားကို သူ့နေရာ၌ ပြန်ထားလော့။ အကြောင်းမူကား ဓားကိုကိုင်သောသူရှိသမျှသည် ဓားဖြင့် ဆုံးရလိမ့်မည်။” (မဿဲ ၂၆:၅၂) ဒီစကားတွေအားဖြင့် မိမိရဲ့နောက်လိုက်တွေဟာ စစ်လက်နက်တွေ ကိုင်မှာ မဟုတ်ဘူးဆိုတာကို ယေရှု ဖော်ပြခဲ့တယ်။

    ယေရှုနောက်လိုက်တွေက နိုင်ငံရေးမှာ ပြတ်ပြတ်သားသား ကြားနေခြင်းအားဖြင့် “ဤလောကနှင့် မသက်ဆိုင်” နဲ့ဆိုတဲ့ အမိန့်ကို နာခံကြတယ်။ (ယောဟန် ၁၇:၁၆) စစ်မှုရေးရာတွေကို ဆန့်ကျင်တာမျိုး ဒါမှမဟုတ် စစ်မှုထမ်းဖို့ ရွေးချယ်သူတွေကို တားဆီးတာမျိုး မလုပ်ကြဘူး။

  3. ၃။ တခြားသူတွေကို ချစ်ကြတယ်။ “အချင်းချင်း ချစ်” ပါလို့ တပည့်တွေကို ယေရှု မိန့်မှာတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဒါကြောင့် ယေရှုတပည့်တွေဟာ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်တွေ ဖြစ်တဲ့အတွက် အချင်းချင်းကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲမှာ ဘယ်တော့မှ ပါဝင်ကြမှာ မဟုတ်ဘူး။—၁ ယောဟန် ၃:၁၀–၁၂။

  4. ၄။ အစောပိုင်း ခရစ်ယာန်တွေရဲ့ ပုံနမူနာကို လိုက်လျှောက်ကြတယ်။ စွယ်စုံကျမ်းတစ်ကျမ်းမှာ ဒီလို ဖော်ပြတယ်– “ယေရှုရဲ့ ဦးဆုံးနောက်လိုက်တွေက စစ်တိုက်ဖို့၊ စစ်မှုထမ်းဖို့ ငြင်းပယ်ခဲ့ကြတယ်။” ဘာဖြစ်လို့လဲဆိုတော့ “ယေရှုရဲ့ မေတ္တာကျင့်ဝတ်၊ ရန်သူကို ချစ်ပါဆိုတဲ့ မိန့်မှာချက်တွေနဲ့ တခြားစီ ဖြစ်နေလို့ပါပဲ။” (Encyclopedia of Religion and War) ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေက “ခရစ်ယာန်ဖြစ်ခြင်းနဲ့ စစ်သားဖြစ်ခြင်းဟာ လုံးဝ မအပ်စပ်ဘူးလို့ ယူမှတ်ကြတယ်” ဆိုပြီး ဂျာမန်ဓမ္မပညာရှင် ပီတာမင်ဟိုးကလည်း ဖော်ပြတယ်။

အများပြည်သူကို အကျိုးပြု

ယေဟောဝါသက်သေတွေက အများပြည်သူကို အကျိုးပြုသူတွေ ဖြစ်တယ်။ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ လုံခြုံမှုကို မနှောင့်ယှက်ကြပါဘူး။ အောက်ပါ ကျမ်းစာမိန့်မှာချက်တွေနဲ့အညီ အစိုးရရဲ့ အခွင့်အာဏာကို လက်အောက်ခံတယ်–

  • “အထက်မင်းအာဏာစက်ကို လူတိုင်း လက်အောက်ခံလျက်နေစေ။”—ရောမ ၁၃:၁။

  • “ကဲသာ၏ ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့။”—မဿဲ ၂၂:၂၁။

ဒါကြောင့် ကျွန်ုပ်တို့ဟာ နိုင်ငံ့ဥပဒေကို လိုက်နာကြတယ်။ အခွန်အခတွေ ပေးဆောင်ကြတယ်။ ပြည်သူအကျိုးအတွက် အစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ