ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၆၈
  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ငရဲ တကယ် ရှိသလား။ ကျမ်းစာအရ ငရဲဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲသည် အမှန်စင်စစ် အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ငရဲဟူသည် အဘယ်သို့သော နေရာမျိုးနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၆၈

ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

ငရဲ (ကျမ်းစာကို ရေးသားခဲ့တဲ့ ဘာသာစကားအရ “ရှီးအိုးလ်” နဲ့ “ဟေးဒီးစ်”) ဆိုတာ မီးတောက်လောင်နေတဲ့ ညှဉ်းဆဲရာနေရာကို ပြောတာမဟုတ်ပါဘူး။ သင်္ချိုင်းကို ဆိုလိုနေခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူတွေ ငရဲ ရောက်သွားကြသလဲ။ လူဆိုး၊ လူကောင်း အားလုံးပါပဲ။ (ယောဘ ၁၄:၁၃; ဆာလံ ၉:၁၇) သေဆုံးသွားသူတွေ ရောက်ရှိနေတဲ့ ပုံဆောင်နေရာ ငရဲဟာ “အသက်ရှင်သောသူခပ်သိမ်းတို့ စုရုံးရာ” နေရာဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယောဘ ၃၀:၂၃၊ သမ္မာ။

ယေရှုတောင်မှ သေဆုံးသွားတဲ့အခါ ငရဲကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ “သင်္ချိုင်း [ငရဲ၊ The Bible in Basic English] ၌ စွန့်ပစ်တော်မူ” ခြင်းမခံခဲ့ရပါဘူး။ ကိုယ်တော့်ကို ဘုရားသခင် ထမြောက်စေခဲ့လို့ဖြစ်တယ်။—တမန်တော် ၂:၃၁၊ ၃၂။

ငရဲမှာ ထာဝစဉ် နေရမှာလား

ငရဲကို ရောက်သွားသူအားလုံး ပြန်ထွက်လာကြပါလိမ့်မယ်။ သူတို့အားလုံးကို ယေရှုက ဘုရားပေးတဲ့တန်ခိုးနဲ့ အသက်ပြန်ရှင်စေပါလိမ့်မယ်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အနာဂတ်မှာဖြစ်မယ့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဗျာဒိတ် ၂၀:၁၃ မှာ “သေခြင်းနှင့် ငရဲတို့လည်း သူတို့၌ရှိသော သေလွန်သူများကို လွှတ်ပေး” တယ်ဆိုပြီး ကြိုတင်ဖော်ပြထားတယ်။ (King James Version) ငရဲမှာရှိတဲ့ သေလွန်သူတွေအားလုံး ထွက်လာပြီးနောက်မှာ ငရဲဆိုတာ ရှိတော့မှာ မဟုတ်သလို ဘယ်သူမှလည်း ငရဲကို သွားရတော့မှာမဟုတ်ဘူး။ အကြောင်းကတော့ “သေခြင်း ရှိတော့မည်မဟုတ်” တော့လို့ပဲ။—ဗျာဒိတ် ၂၁:၃၊ ၄; ၂၀:၁၄။

ဒါပေမဲ့ လူအားလုံး ငရဲကို မသွားကြပါဘူး။ တချို့သူတွေဟာ အရမ်းကိုဆိုးယုတ်ပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) အဲဒီလိုလူတွေ သေဆုံးသွားတဲ့အခါ ငရဲကိုမဟုတ်ဘဲ ဂေဟင်နာကို ရောက်သွားမှာဖြစ်တယ်။ ဂေဟင်နာဆိုတာ ထာဝရပျက်စီးခြင်းရဲ့ အမှတ်သင်္ကေတ ဖြစ်တယ်။ (မဿဲ ၅:၂၉၊ ၃၀) ဥပမာ၊ ယေရှုက သူ့ခေတ်မှာရှိတဲ့ အရေခြုံဘာသာရေးခေါင်းဆောင်တချို့ဟာ ဂေဟင်နာကို ရောက်လိမ့်မယ်လို့ ဖော်ပြခဲ့တယ်။—မဿဲ ၂၃:၂၇–၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ