ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၃၁
  • ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခုလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခုလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂိုဏ်းဆိုတာ ဘာလဲ
  • တစ်ယူသန်ဂိုဏ်း—ယင်းတို့ကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သခင်ဘုရား၏နာမည်ဖြင့် လျှို့ဝှက်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၃၁
ယေဟောဝါသက်သေတစ်ယောက် လူတစ်စုကို စာသင်ပေးနေစဉ်

ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခုလား

ယေဟောဝါသက်သေတွေက ဂိုဏ်းအသစ်တစ်ခု မဟုတ်ပါဘူး။ ယေရှုခရစ်ရဲ့ စံနမူနာကို အတတ်နိုင်ဆုံး တုပပြီး ယေရှု သွန်သင်ချက်တွေအတိုင်း လိုက်လျှောက်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။

ဂိုဏ်းဆိုတာ ဘာလဲ

ဂိုဏ်းဆိုတာကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ လူအများ သိထားကြတဲ့ အဓိပ္ပာယ်နှစ်မျိုးနဲ့ အဲဒီအဓိပ္ပာယ်တွေက ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့အကြောင်း သုံးသပ်ကြည့်ပါ။

  • ဂိုဏ်းဆိုတာကို လူတချို့က ဘာသာတရားအသစ် ဒါမှမဟုတ် ရှေးအစဉ်အလာကို ဆန့်ကျင်တဲ့ ဘာသာတရားလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ယေဟောဝါသက်သေတွေက ဘာသာတရားအသစ် တီထွင်သူတွေ မဟုတ်ပါဘူး။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပထမရာစုက ခရစ်ယာန်တွေရဲ့ စံနမူနာတွေ၊ သွန်သင်ချက်တွေအတိုင်း ဘုရားသခင်ကို ဝတ်ပြုကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဝတ်ပြုရေးနဲ့ပတ်သက်ရင် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ရှေးအစဉ်အလာအတိုင်းသာ လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။

  • ဂိုဏ်းလို့ဆိုလိုက်ရင် လူတစ်ဦးတစ်ယောက် ဦးဆောင်တဲ့ အန္တရာယ်ရှိတဲ့ အဖွဲ့လို့ လူတချို့ ယူမှတ်ကြတယ်။ ယေဟောဝါသက်သေတွေက ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ ခေါင်းဆောင်အနေနဲ့ မယူမှတ်ကြပါဘူး။ တပည့်ဖြစ်သူတွေအတွက် ယေရှု ချမှတ်ပေးခဲ့တဲ့ ဒီစံနှုန်းကို စွဲကိုင်ထားကြတယ်- “ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။”—မဿဲ ၂၃:၁၀။

ယေဟောဝါသက်သေတွေဟာ အန္တရာယ်ရှိသူတွေ မဟုတ်ပါဘူး။ အဲဒီအစား ဘာသာရေး သွန်သင်ချက်တွေအတိုင်း လုပ်ဆောင်တဲ့အခါ မိမိတို့ကိုယ်တိုင်ရော ရပ်ကွက်မှာရှိသူတွေကိုပါ အကျိုးကျေးဇူး ရရှိစေပါတယ်။ ဥပမာ၊ ကျွန်တော်တို့ရဲ့ ဘုရားအမှုဆောင်လုပ်ငန်းက မူးယစ်ဆေးဝါး၊ အရက် စတဲ့ မကောင်းတဲ့အရာတွေကို စွန့်ပစ်နိုင်ဖို့ လူများစွာကို ကူညီပေးခဲ့ပါတယ်။ အဲဒီအပြင် ကမ္ဘာတစ်ဝန်းလုံးမှာ စာတတ်မြောက်ရေး သင်တန်းတွေ ဖွင့်ပြီး ထောင်နဲ့ချီတဲ့ လူတွေကို ရေးတတ်၊ ဖတ်တတ်အောင် ကူညီပေးနေတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက ဘေးအန္တရာယ် ကြုံနေရသူတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီပေးကြပါတယ်။ ယေရှု စေခိုင်းခဲ့တဲ့အတိုင်းပါပဲ။ တခြားသူတွေအပေါ် ကောင်းတဲ့အကျိုး သက်ရောက်စေဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။—မဿဲ ၅:၁၃–၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ