ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၃၃
  • ယေဟောဝါသက်သေတွေက ပရိုတက်စတင့်တွေလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ပရိုတက်စတင့်တွေလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများသည် ပရိုတက်စတင့်များလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သောကရောက်နေသော လက်တင်အမေရိကန်ချာ့ချ်—သန်းပေါင်းများစွာ အဘယ်ကြောင့်စွန့်ခွာနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အဘယ်ကြောင့်ဆုံးဖြတ်ရမည့်အချိန်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကလေးတွေကို ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာအကြောင်း သင်ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၃၃
ယေဟောဝါသက်သေတစ်ယောက်က သူ့ဘာသာရေးယုံကြည်ချက်အကြောင်း အိမ်နီးချင်းကို ကျမ်းစာသုံးပြီး ပြောပြနေ

ယေဟောဝါသက်သေတွေက ပရိုတက်စတင့်တွေလား

မဟုတ်ပါဘူး။ ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေဖြစ်ပေမဲ့ ပရိုတက်စတင့်တွေတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ။

ပရိုတက်စတင့်ဆိုတာ “ရိုမန်ကက်သလစ် အယူဝါဒကို ဆန့်ကျင်တဲ့ ဘာသာရေးအဖွဲ့” လို့ အဘိဓာန်တစ်ခုက အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ယေဟောဝါသက်သေတွေက ကက်သလစ်အယူဝါဒတွေကို လက်မခံကြတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ပရိုတက်စတင့်တွေလို့လည်း မယူမှတ်ကြဘူး။ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်–

  1. ၁။ ပရိုတက်စတင့်တွေရဲ့ ယုံကြည်ချက်များစွာဟာ ကျမ်းစာ အမှန်တကယ် သွန်သင်ရာတွေနဲ့ မကိုက်ညီဘူး။ ဥပမာ၊ ကျမ်းစာမှာ ဘုရားသခင်က သုံးပါးပေါင်းတစ်ဆူဖြစ်တယ်လို့ မသွန်သင်ဘဲ “ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏” လို့ သွန်သင်ထားပါတယ်။ (၁ တိမောသေ ၂:၅; ယောဟန် ၁၄:၂၈) ဒါ့အပြင် ဘုရားသခင်က လူဆိုးတွေကို မီးငရဲမှာ အပြစ်ပေးမှာမဟုတ်ဘဲ ထာဝရဖျက်ဆီးမှာဖြစ်တယ်လို့လည်း ရှင်းရှင်းလင်းလင်း သွန်သင်ထားပါတယ်။—ဆာလံ ၃၇:၉; ၂ သက်သာလောနိတ် ၁:၉။

  2. ၂။ ယေဟောဝါသက်သေတွေက ကက်သလစ်အပါအဝင် တခြားဘယ်ဘာသာကိုမှ မဆန့်ကျင်သလို ပြုပြင်ပြောင်းလဲပေးဖို့လည်း မကြိုးစားပါဘူး။ ကျွန်ုပ်တို့ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို လိုက်ဟောပြောကြတယ်။ အဲဒီသတင်းကောင်းကို လူတွေ ယုံကြည်လာဖို့ ကူညီပေးနေကြပါတယ်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဘာသာရေးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲပေးဖို့ ကျွန်ုပ်တို့ စိတ်မဝင်စားပါဘူး။ စိတ်ရင်းမှန်နဲ့ သိချင်သူတွေကို ဘုရားသခင်အကြောင်းနဲ့ ကိုယ်တော်ရဲ့ တရားစကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာအကြောင်း အမှန်တရားတွေကို ကျွန်ုပ်တို့ သွန်သင်ပေးနေကြပါတယ်။—ကောလောသဲ ၁:၉၊ ၁၀; ၂ တိမောသေ ၂:၂၄၊ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ