ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၃၇
  • ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ နိုင်ငံရေးမှာ ကြားနေကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ နိုင်ငံရေးမှာ ကြားနေကြတာလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလား
    ထပ်ဆင့် အကြောင်းအရာများ
  • ‘သူတို့သည် ဤလောကနှင့် မစပ်ဆိုင်ကြပါ’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ကြားနေခြင်းဆိုတာ ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • တကွဲတပြားဖြစ်နေတဲ့ လောကမှာ ကြားနေမှုကို ဆက်ထိန်းထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၃၇
နိုင်ငံရေးဆန္ဒပြပွဲကနေ ဝေးရာကို ထွက်သွားတဲ့ ယေဟောဝါသက်သေတစ်ယောက်

ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ နိုင်ငံရေးမှာ ကြားနေကြတာလဲ

ယေဟောဝါသက်သေတွေက သမ္မာကျမ်းစာ သွန်သင်ရာပေါ် အခြေခံထားတဲ့ ဘာသာရေးယုံကြည်ချက်တွေကြောင့် နိုင်ငံရေးမှာ ကြားနေကြတာဖြစ်တယ်။ နိုင်ငံရေးပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်တွေအတွက် မဲဆွယ်တာ၊ မဲပေးတာတွေ မလုပ်ပါဘူး။ ဝင်ရောက်အရွေးခံတာ၊ အစိုးရအပြောင်းအလဲဖြစ်ဖို့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေထဲမှာပါတာလည်း မရှိပါဘူး။ ကျမ်းစာမှာပြောထားတဲ့ ခိုင်လုံတဲ့အကြောင်းရင်းတွေကြောင့် အထက်ပါကိစ္စတွေမှာ မပါဝင်ရခြင်း ဖြစ်ပါတယ်။

  • ကျွန်ုပ်တို့ဟာ နိုင်ငံရေးရာထူးကို ငြင်းပယ်ခဲ့တဲ့ ယေရှုကို တုပကြပါတယ်။ (ယောဟန် ၆:၁၅) ယေရှုက “ဤလောကနှင့်မသက်ဆိုင်” ဖို့ သွန်သင်ခဲ့တဲ့အတွက် ကိုယ်တော့်တပည့်တွေဟာ နိုင်ငံရေးမှာ မပါဝင်သင့်ဘူးဆိုတာ ရှင်းနေပါတယ်။—ယောဟန် ၁၇:၁၄၊ ၁၆; ၁၈:၃၆; မာကု ၁၂:၁၃–၁၇။

  • ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့ သစ္စာရှိကြပါတယ်။ အဲဒီနိုင်ငံနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်- “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။” (မဿဲ ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော် လာတော့မယ်ဆိုပြီး ဟောပြောဖို့ တာဝန်အပ်နှင်းခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်ုပ်တို့ဟာ ကိုယ်နေတဲ့နိုင်ငံအပါအဝင် နိုင်ငံအားလုံးရဲ့ အရေးကိစ္စတွေမှာ ကြားနေကြပါတယ်။—၂ ကောရိန္သု ၅:၂၀; ဧဖက် ၆:၂၀။

  • ကျွန်ုပ်တို့ဟာ နိုင်ငံရေးမှာ ကြားနေတဲ့အတွက် ဘယ်လိုနိုင်ငံရေးယုံကြည်ချက်မျိုး ရှိတဲ့သူကိုမဆို ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို လွတ်လွတ်လပ်လပ် ပြောနိုင်ကြတယ်။ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဘုရားသခင့်နိုင်ငံတော်ကိုပဲ အားကိုးတယ်ဆိုတာ အပြောနဲ့ရော လုပ်ရပ်နဲ့ပါတင်ပြဖို့ ကျွန်ုပ်တို့ ကြိုးစားနေကြပါတယ်။—ဆာလံ ၅၆:၁၁။

  • ကျွန်ုပ်တို့ဟာ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ မရှိတဲ့အတွက် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဖြစ် စည်းလုံးနေကြပါတယ်။ (ကောလောသဲ ၃:၁၄; ၁ ပေတရု ၂:၁၇) နိုင်ငံရေးမှာဝင်ပါတဲ့ ဘာသာတရားတွေက အသင်းသားတွေကို စိတ်ဝမ်းကွဲစေပါတယ်။—၁ ကောရိန္သု ၁:၁၀။

အစိုးရအာဏာပိုင်တွေကို ကျွန်ုပ်တို့ လေးစားကြ။ နိုင်ငံရေးမှာ ကျွန်ုပ်တို့မပါဝင်ပေမဲ့ အစိုးရအာဏာပိုင်တွေကိုတော့ ရိုသေလေးစားကြပါတယ်။ ဒီအချက်က “အထက်မင်းအာဏာစက်ကို လူတိုင်း လက်အောက်ခံလျက်နေစေ” ဆိုတဲ့ ကျမ်းစာမိန့်မှာချက်နဲ့ ကိုက်ညီပါတယ်။ (ရောမ ၁၃:၁) ကျွန်ုပ်တို့ဟာ ဥပဒေကို လိုက်နာကြတယ်။ အခွန်တွေ ပေးဆောင်ကြတယ်။ ပြည်သူ့အကျိုးအတွက် အစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းပါဝင်ကြတယ်။ အစိုးရကို တော်လှန်ပုန်ကန်တဲ့ လှုပ်ရှားမှုတွေမှာမပါဘဲ “ရှင်ဘုရင်များ၊ အရာရှိများအတွက်” ဆုတောင်းပေးပါဆိုတဲ့ ကျမ်းစာညွှန်ကြားချက်ကိုပဲ လိုက်လျှောက်ကြတယ်။ အထူးသဖြင့် လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် သူတို့ဆီကရနိုင်ဖို့ ဆုတောင်းပေးကြတယ်။—၁ တိမောသေ ၂:၁၊ ၂။

နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုလည်း ကျွန်ုပ်တို့ လေးစားပါတယ်။ ဥပမာ၊ ရွေးကောက်ပွဲတွေကို နှောင့်ယှက်တာ၊ မဲပေးမယ့်သူတွေကို ဝင်ဟန့်တားတာမျိုး မလုပ်ပါဘူး။

ကျွန်ုပ်တို့ရဲ့ ကြားနေမှုက အခုမှပေါ်လာတဲ့ အယူအဆလား။ မဟုတ်ပါဘူး။ ယေရှုရဲ့ တမန်တော်တွေနဲ့ ပထမရာစုက တခြားခရစ်ယာန်တွေလည်း နိုင်ငံရေးမှာ ကြားနေခဲ့ကြတယ်။ Beyond Good Intentions ဆိုတဲ့စာအုပ်မှာ ဒီလိုဖော်ပြထားတယ်- “အစောပိုင်းခရစ်ယာန်တွေဟာ အစိုးရအာဏာပိုင်တွေကို လေးစားဖို့တာဝန်ရှိတယ်ဆိုတာ အသိအမှတ်ပြုကြပေမဲ့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့တော့ မယူမှတ်ခဲ့ကြဘူး။” On the Road to Civilization ဆိုတဲ့ စာအုပ်မှာလည်း အစောပိုင်းခရစ်ယာန်တွေဟာ “နိုင်ငံရေးရာထူးတွေကို မထမ်းဆောင်ခဲ့ကြဘူး” လို့ ဖော်ပြထားတယ်။

ကျွန်ုပ်တို့ရဲ့ နိုင်ငံရေးကြားနေမှုက နိုင်ငံရဲ့လုံခြုံရေးအတွက် အန္တရာယ်ရှိသလား။ မရှိပါဘူး။ ကျွန်ုပ်တို့ဟာ သင့်မြတ်အေးချမ်းစွာ နေထိုင်လိုကြတဲ့ နိုင်ငံသားတွေဖြစ်လို့ အာဏာပိုင်တွေ ကြောက်စရာ မလိုပါဘူး။ National Academy of Sciences of Ukraine ရဲ့ ၂၀၀၁ ခုနှစ် ထုတ်ပြန်ချက်တစ်စောင်ကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ရဲ့ နိုင်ငံရေးကြားနေမှုအကြောင်းကို ဒီလို မှတ်ချက်ပေးထားပါတယ်– “ဒီနေ့ခေတ်လူတချို့က ယေဟောဝါသက်သေတွေရဲ့ နိုင်ငံရေးကြားနေမှုကို မကြိုက်ကြဘူး။ အတိတ်က အာဏာရှင်စနစ်ဖြစ်တဲ့ နာဇီနဲ့ ကွန်မြူနစ်အုပ်ချုပ်ရေးမှာ သူတို့ မတရားစွပ်စွဲခံခဲ့ရတဲ့ အဓိကအကြောင်းရင်းက သူတို့ရဲ့ နိုင်ငံရေးကြားနေမှုကြောင့်ပဲ။” ဒါပေမဲ့ ဆိုဗီယက်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာတောင် သက်သေခံတွေဟာ “ဥပဒေတွေကို အမြဲလိုက်နာခဲ့တဲ့ နိုင်ငံသားတွေဖြစ်တယ်။ သူတို့ဟာ နိုင်ငံပိုင်လယ်ယာတွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြတယ်။ ကွန်မြူနစ်အုပ်ချုပ်မှုကို မတော်လှန်ခဲ့ကြဘူး။” ဒီနေ့အချိန်မှာလည်း ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေက တိုင်းပြည်ရဲ့ “လုံခြုံမှုနဲ့ တည်တံ့ခိုင်မြဲရေးကို အန္တရာယ်မပေးပါဘူး” လို့ အဲဒီမှတ်တမ်းရဲ့ နိဂုံးမှာ ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ