ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၄၁
  • ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ
  • အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ဖွဲ့စည်းထားသလဲ
  • အုပ်ချုပ်ရေးအဖွဲ့အကူတွေက ဘယ်သူတွေလဲ
  • “ထိုသို့သောသူတို့ကို မြတ်နိုးကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • မေတ္တာဖြင့်စုဝေးခဲ့ကြ—နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၄၁
အုပ်ချုပ်ရေးအဖွဲ့ ကော်မတီဝင်တွေနဲ့ အကူတွေကို အစည်းအဝေးမှာ အတူတွေ့ရစဉ်။

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ

အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေကို ညွှန်ကြားပေးနေတဲ့ အတွေ့အကြုံရှိ ခရစ်ယာန်အုပ်စုငယ် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်တာဝန် နှစ်မျိုးကတော့–

  • ယေဟောဝါသက်သေတွေရဲ့ စာပေ၊ အစည်းအဝေး၊ သင်တန်းတွေကတစ်ဆင့် ကျမ်းစာအခြေပြု သွန်သင်ချက်တွေ ပြင်ဆင်ပေးတာကို ကြီးကြပ်ပေးတယ်။—လုကာ ၁၂:၄၂။

  • ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပေးခြင်း၊ အလှူငွေတွေ အသုံးပြုပုံကို စီမံပေးခြင်းအားဖြင့် ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ကြီးကြပ်ပေးတယ်။

ပထမရာစုခေတ်မှာ ခရစ်ယာန်အသင်းတော်အားလုံးအတွက် အရေးကြီးဆုံးဖြတ်ချက်တွေ ချပေးခဲ့သူတွေဟာ “ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ” ပါ။ အုပ်ချုပ်ရေးအဖွဲ့လည်း သူတို့နည်းတူ လုပ်ဆောင်ပေးတယ်။ (တမန်တော် ၁၅:၂) အဲဒီရှေးခေတ် သစ္စာရှိအမျိုးသားတွေဟာ ခရစ်ယာန်အသင်းတော်ရဲ့ ခေါင်းဆောင်မဟုတ်သလို အုပ်ချုပ်ရေးအဖွဲ့ဟာလည်း ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူး။ ယေဟောဝါဘုရားက ယေရှုခရစ်ကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ခန့်အပ်ထားတယ်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုတယ်၊ လမ်းညွှန်ချက်ရဖို့ ကျမ်းစာကို မျှော်ကိုးကြတယ်။—၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကတော့ ကဲနက် ကွတ်၊ ဂေ့ချ် ဖလီဂါလ်၊ ဆမ်မြူအယ် ဟာ့ဒ်၊ ဂျက်ဖရီ ဂျက်ဆင်၊ ဂျိုဒီ ဂျေဒလီ၊ စတီဗင် လက်၊ ဂဲရစ် လော့ရှ်၊ ဂျေးကော့ ရမ့်၊ မာ့ခ် ဆန်ဒါစန်၊ ဒေးဗစ် စပလိန်း၊ ဂျက်ဖရီ ဝင်ဒါ တို့ ဖြစ်ကြတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့က ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ဖွဲ့စည်းထားသလဲ

လုပ်ငန်းကဏ္ဍအမျိုးမျိုးကို ကြီးကြပ်ကွပ်ကဲဖို့ အုပ်ချုပ်ရေးအဖွဲ့က ကော်မတီခြောက်ခု ဖွဲ့စည်းထားတယ်။ အဖွဲ့ဝင်တစ်ယောက်စီက ကော်မတီတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကမှာ တာဝန်ထမ်းဆောင်တယ်။

  • ညှိနှိုင်းရေးမှူးများ ကော်မတီ။ ဥပဒေရေးရာ၊ သဘာဝဘေး၊ ဘာသာရေးယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ ယေဟောဝါသက်သေတွေရဲ့ အရေးကိစ္စ၊ ယေဟောဝါသက်သေတွေနဲ့ဆိုင်တဲ့ တခြားအရေးပေါ်ကိစ္စတွေကို ဖြေရှင်းရာမှာ ကြီးကြပ်ပေးတယ်။

  • ဝန်ထမ်းရေးရာ ကော်မတီ။ ဗေသလမိသားစုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ပေးတယ်။

  • ပုံနှိပ်ထုတ်ဝေရေး ကော်မတီ။ အစည်းအဝေးခန်းမ၊ ဘာသာပြန်ရုံးခွဲနဲ့ ဌာနခွဲအဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ ကျမ်းစာ စာပေတွေ ပုံနှိပ်တင်ပို့ခြင်းကို ကြီးကြပ်ပေးတယ်။

  • လုပ်ငန်းတော် ကော်မတီ။ ဘုရားသခင့် “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးတယ်။—မဿဲ ၂၄:၁၄။

  • သွန်သင်ခြင်းကော်မတီ။ အစည်းအဝေး၊ သင်တန်းကျောင်း၊ ရုပ်သံအစီအစဉ်တွေမှာ တင်ဆက်မယ့် ကျမ်းစာအခြေပြု အကြောင်းအရာတွေ ပြင်ဆင်ရာမှာ လမ်းညွှန်ပေးတယ်။

  • စာပေပြုစုရေး ကော်မတီ။ ပုံနှိပ်စာပေအသွင်နဲ့ထုတ်ဝေတဲ့၊ ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ် တင်တဲ့ ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ရာမှာ လမ်းညွှန်ပေးတယ်။ ဘာသာပြန်လုပ်ငန်းကိုလည်း ဦးစီးပေးတယ်။

အုပ်ချုပ်ရေးအဖွဲ့က အထက်ပါကော်မတီတွေမှာ တာဝန်ထမ်းဆောင်တဲ့အပြင် အဖွဲ့အစည်းရဲ့ လိုအပ်ရာတွေကို ဆွေးနွေးသုံးသပ်ဖို့ ပတ်စဉ် အစည်းအဝေး လုပ်ကြတယ်။ အစည်းအဝေးမှာ ကျမ်းစာသွန်သင်ချက်တွေကို ဆွေးနွေးသုံးသပ်တယ်၊ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို လိုက်နာပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချကြတယ်။—တမန်တော် ၁၅:၂၅။

အုပ်ချုပ်ရေးအဖွဲ့အကူတွေက ဘယ်သူတွေလဲ

အုပ်ချုပ်ရေးအဖွဲ့ ကော်မတီတွေကို ကူညီပေးတဲ့၊ ယုံကြည်စိတ်ချရတဲ့ ခရစ်ယာန်တွေ ဖြစ်ပါတယ်။ (၁ ကောရိန္သု ၄:၂) တာဝန်ကျရာ ကော်မတီမှာ ပါဝင်ထမ်းဆောင်ဖို့ အရည်အချင်းကော အတွေ့အကြုံပါ ရှိကြတယ်။ ပတ်စဉ် ကော်မတီ အစည်းအဝေးတွေကို တက်ရောက်ကြတယ်။ ဆုံးဖြတ်ချက်ချသူတွေ မဟုတ်ပေမဲ့ အစည်းအဝေးတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးကြတယ်၊ နောက်ခံအချက်အလက်တွေ တင်ပြတယ်၊ ကော်မတီရဲ့ ဆုံးဖြတ်ချက် အောင်မြင်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတယ်၊ လုပ်ငန်းတိုးတက်မှုအခြေအနေကိုလည်း မှန်မှန် စစ်ဆေးပေးတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန် ညီအစ်ကို/မတွေဆီ သွားရောက်လည်ပတ်ဖို့၊ နှစ်ပတ်လည် အစည်းအဝေးတွေ၊ ဂိလဒ်သင်တန်းဆင်းပွဲတွေမှာ ဟောပြောချက် ပေးဖို့ သူတို့ကို အုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးနိုင်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့အကူတွေရဲ့ နာမည်စာရင်း

ကော်မတီ

နာမည်

ညှိနှိုင်းရေးမှူးများ

  • ဂျွန် အက်ခရန်

  • ပေါလ် ဂီးလီစ်

  • ထရွိုင် စနိုင်ဒါ

ဝန်ထမ်းရေးရာ

  • ဂျရယ် ဂရီဇယ်

  • ပက်ထရစ် လာဖရန်ကာ

  • ဒယ်နီယယ် မိုလ်ချန်

  • မာ့ခ် စကော့

  • ရာ့ဖ် ဝေါလ်

ပုံနှိပ်ထုတ်ဝေရေး

  • ရောဘတ် ဘတ်တလာ

  • ဟယ်ရယ် ကော့ကန်

  • ဂါယားစ် ဂလော့ကန်တင်

  • ဒေါ်နယ်လ် ဂေါ်ဒင်

  • ရောဘတ် လူစီယိုနီ

  • ပီတာ ပရိုက်စ် ၃

  • အဲလက်စ် ရိန်းမြူလာ

  • ဒေးဗစ် စင်ကလဲ

လုပ်ငန်းတော်

  • ဂယ်ရီ ဘရို

  • ဂျိုးလ် ဒယ်လင်ဂါ

  • ဘက်တီ ဂျော့ဂျ်

  • အန်တိုနီ ဂရစ်ဖင်

  • ဆက် ဟားယတ်

  • ခရစ္စတိုဖာ မေဗာ

  • ဘာလ်တာဆာ ပါလာ

  • ဂျော်နသန် စမစ်

  • ဝီလျံ တာနာ

  • လီယွန် ဝီဗာ

သွန်သင်ခြင်း

  • မိုက်ကယ် ဘန့်

  • ရော်နယ် ကာဇန်

  • ကဲနက် ဖလိုဒင်

  • ဝီလျံ မဲလင်ဖန့်

  • မာ့ခ် နူမဲ

  • ဒေးဗစ် ရှေဖာ

စာပေပြုစုရေး

  • နီကိုလတ် အလာဒစ်

  • ပဲရ် ခရစ်တန်ဆန်

  • ရောဘတ် ဆီရန်ကို

  • ကဲနက် ဂေါ့ဗန်

  • ဂျိမ်းစ် မန့်စ်

  • အီဇက် မာရေး

  • ကလိုက်ဖ် မာတင်

  • လဲနတ် မိုင်ယာ

  • ဂျင်း စမောလီ

  • ဟယ်မားနတ်စ် ဗန် ဆဲမ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ