ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၂
  • ကောင်းကင်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်ဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ကောင်းကင်ဟူသည် မည်သို့သောနေရာနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကောင်းကင်
    နိုးလော့!—၂၀၁၆
  • နာမ်ဝိညာဉ်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း မေးခွန်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဗျာဒိတ် ၂၁:၁—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၂
တိမ်တွေပေါ်ကနေ ဖြာထွက်နေတဲ့ နေရောင်ခြည်

ကောင်းကင်ဆိုတာ ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

ကျမ်းစာမှာပါတဲ့ “ကောင်းကင်” ဆိုတဲ့ စကားလုံးဟာ (၁) ပကတိမိုးကောင်းကင် (၂) ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတဲ့ နေရာ “ကောင်းကင်ဘုံ” (၃) မြင့်မားတဲ့၊ ချီးမြှောက်ခံရတဲ့ အနေအထားကို တင်စားဖော်ပြခြင်းဆိုပြီး အခြေခံအားဖြင့် အဓိပ္ပာယ်သုံးမျိုး ရှိတယ်။ စကားစပ်ပေါ်မူတည်ပြီး အဓိပ္ပာယ်တစ်မျိုးစီကို ခွဲခြားသိနိုင်တယ်။a

  1. ၁။ ပကတိမိုးကောင်းကင်။ ဒီအဓိပ္ပာယ်အရ “ကောင်းကင်” ဆိုတာ ကမ္ဘာ့လေထုကို ဆိုလိုတယ်။ လေထုပျံ့နှံရောက်ရှိနေတဲ့ နေရာ၊ ကျေးငှက်တွေ ပျံသန်းပြီး မြူခိုးမိုးပွင့်တို့ ဖြစ်တည်တဲ့နေရာ၊ လျှပ်စီးလက်တဲ့နေရာဖြစ်တယ်။ (ဆာလံ ၇၈:၂၆; သုတ္တံ ၃၀:၁၉; ဟေရှာယ ၅၅:၁၀; လုကာ ၁၇:၂၄) ကမ္ဘာ့လေထုရဲ့ အပြင်ဘက် နေ၊ လ၊ ကြယ်တို့တည်ရှိတဲ့နေရာကိုလည်း ရည်ညွှန်းပါတယ်။​—တရားဟောရာ ၄:​၁၉; ကမ္ဘာဦး ၁:၁။

  2. ၂။ ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတဲ့ နေရာ “ကောင်းကင်ဘုံ”။ လူသားတွေထက် အဆင့်မြင့်ပြီး စကြာဝဠာရဲ့ပြင်ပမှာရှိတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ တည်ရှိရာနေရာကို ရည်ညွှန်းတဲ့အခါမှာလည်း “ကောင်းကင်” ဆိုတဲ့စကားလုံးကို သုံးနှုန်းပါတယ်။ (၃ ဓမ္မရာဇဝင် ၈:​၂၇; ယောဟန် ၆:​၃၈) “ဝိညာဉ်ပုဂ္ဂိုလ်” ဖြစ်တဲ့ ယေဟောဝါဘုရားရော ကိုယ်တော်ဖန်ဆင်းခဲ့တဲ့ ကောင်းကင်တမန်တွေပါ အဲဒီနေရာမှာ ရှိပါတယ်။ (ယောဟန် ၄:​၂၄; မဿဲ ၂၄:၃၆) တစ်ခါတလေ ‘စည်းဝေးနေတဲ့ သန့်ရှင်းသူတွေ’ ဆိုပြီး သစ္စာရှိ ကောင်းကင်တမန်တွေကို တင်စားဖော်ပြတဲ့အခါမှာလည်း “ကောင်းကင်” ဆိုတဲ့ စကားလုံးကို သုံးနှုန်းတယ်။​—ဆာလံ ၈၉:​၅-၇။

    ယေဟောဝါဘုရားကိုယ်တိုင် စံမြန်းတဲ့နေရာကို တိတိကျကျဖော်ပြတဲ့အခါမှာလည်း “ကောင်းကင်” ဆိုပြီး ကျမ်းစာထဲမှာ သုံးနှုန်းပါတယ်။ (၃ ဓမ္မရာဇဝင် ၈:၄၃၊ ၄၉; ဟေဗြဲ ၉:၂၄; ဗျာဒိတ် ၁၃:၆) ဥပမာ၊ စာတန်နဲ့ နတ်ဆိုးတွေ ကောင်းကင်ကနေ နှင်ချခံရပြီး ယေဟောဝါဘုရားရဲ့ ရှေ့မှောက်ကို ဝင်ရောက်ခွင့်မရှိတော့မယ့်အကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ ဒါပေမဲ့ သူတို့ဟာ ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်နေဆဲပါပဲ။​—ဗျာဒိတ် ၁၂:​၇-၉၊ ၁၂။

  3. ၃။ မြင့်မားတဲ့၊ ချီးမြှောက်ခံရတဲ့ အနေအထားကို တင်စားဖော်ပြခြင်း။ ကျမ်းစာထဲမှာ မြင့်မားတဲ့အနေအထားကို တင်စားတဲ့အခါ အထူးသဖြင့် အုပ်ချုပ်ရေးအခွင့်အာဏာနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့အခါ “ကောင်းကင်” ဆိုတဲ့ စကားလုံးကို သုံးလေ့ရှိတယ်။ အဲဒီလိုအခွင့်အရာမျိုးကို ရရှိတာက

    • အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့ ယေဟောဝါဘုရားကိုယ်တိုင် ဖြစ်တယ်။​— ၂ ရာဇဝင်ချုပ် ၃၂:၂၀; လုကာ ၁၅:၂၁။

    • လူ့အုပ်ချုပ်မှုကို အစားထိုးမယ့် ဘုရားနိုင်ငံတော် အစိုးရဖြစ်တယ်။ အဲဒီနိုင်ငံတော်ကို “ကောင်းကင်သစ်” ဆိုပြီး ကျမ်းစာမှာ ရည်ညွှန်းထားတယ်။​—ဟေရှာယ ၆၅:၁၇; ၆၆:၂၂; ၂ ပေတရု ၃:​၁၃။b

    • ကမ္ဘာမြေပေါ်မှာ ရှိနေပေမဲ့ ကောင်းကင်သွားဖို့ မျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေဖြစ်တယ်။​—ဧဖက် ၂:၆။

    • လက်အောက်ခံတွေကို ကြီးစိုးတဲ့ လူ့အစိုးရတွေဖြစ်တယ်။​—ဟေရှာယ ၁၄:၁၂-၁၄; ဒံယေလ ၄:၂၀-၂၂; ၂ ပေတရု ၃:၇။

    • လက်ရှိလူ့လောကကို အုပ်ချုပ်နေတဲ့ နတ်ဆိုးတွေဖြစ်တယ်။​—ဧဖက် ၆:၁၂; ၁ ယောဟန် ၅:၁၉။

ကောင်းကင်ဟာ ဘာနဲ့တူသလဲ

ဝိညာဉ်ပုဂ္ဂိုလ်တွေရှိရာ ကောင်းကင်ဟာ လုပ်ရှားဆောင်ရွက်မှုတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ “[ယေဟောဝါရဲ့] အမိန့်တော်အတိုင်း ဆောင်ရွက်” နေကြတဲ့ သိန်းသန်းမက များပြားတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ အဲဒီမှာ ရှိနေတယ်။​— ဆာလံ ၁၀၃:၂၀၊ ၂၁; ဒံယေလ ၇:၁၀။

ကောင်းကင်ဟာ အလွန်လင်းထိန်တောက်ပနေတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြတယ်။ (၁ တိမောသေ ၆:၁၅၊ ၁၆) ပရောဖက်ယေဇကျေလက “ထွန်းတောက်သောအရောင်” ရှိတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုကို ရရှိခဲ့တယ်။ ဒံယေလကျတော့ “မီးရောင်ခြည်” တွေပါတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုကို မြင်ခဲ့ရတယ်။ (ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉၊ ၁၀) ကောင်းကင်ဟာ သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့နေရာဖြစ်တယ်။​—ဆာလံ ၉၆:၆; ဟေရှာယ ၆၃:၁၅; ဗျာဒိတ် ၄:၂၊ ၃။

ကောင်းကင်နဲ့ပတ်သက်ပြီး ကျမ်းစာက ခြုံငုံဖော်ပြတာကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတယ်ဆိုတဲ့ အချက်ပဲ။ (ယေဇကျေလ ၄၃:၂၊ ၃) ဒါပေမဲ့ လူသားတွေအနေနဲ့ ကောင်းကင်အကြောင်း အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဝိညာဉ်ပုဂ္ဂိုဟ်တွေရှိတဲ့နေရာဟာ ကျွန်တော်တို့ဉာဏ်နဲ့ မမှီနိုင်တဲ့အကြောင်းအရာဖြစ်လို့ပဲ။

a “ကောင်းကင်” ဆိုပြီး ဘာသာပြန်ထားတဲ့ မူရင်းဟီဘရူးစကားလုံးက “မြင့်မားသော” “မြင့်မြတ်သော” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (သုတ္တံ ၂၅:၃) The New Brown, Driver, and Briggs Hebrew and English Lexicon of the Old Testament, စာအုပ် စာမျက်နှာ  ၁၀၂၉ ကိုကြည့်ပါ။

b ဟေရှာယ ၆၅:၁၇ မှာပါတဲ့ “ကောင်းကင်သစ်” ဆိုတာ “အုပ်ချုပ်မှုအသစ်၊ နိုင်ငံအသစ်” ကိုရည်ညွှန်းတယ်လို့ စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။​—McClintock and Strong’s Cyclopedia အတွဲ IV စာမျက်နှာ ၁၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ