ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၃
  • ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ဘုရားသခင်ဟာ တစ်နေရာတည်းမှာပဲ စံမြန်းနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်က ဘယ်လိုမျိုးလဲ
    နိုးလော့!—၂၀၁၃
  • သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားနဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၃
ကြယ်အတိပြီးတဲ့ ကောင်းကင်နဲ့ မိုးကုပ်စက်ဝိုင်းကနေ ထွက်လာတဲ့ နေ

ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေသလား

သမ္မာကျမ်းစာဖြေဆိုရာ

ဘုရားသခင်ဟာ အရာရာကို မြင်နိုင်ပြီး ဘယ်နေရာမှာမဆို အလိုရှိတဲ့အတိုင်း လုပ်ဆောင်နိုင်တယ်။ (သုတ္တံ ၁၅:၃။ ဟေဗြဲ ၄:၁၃) ဒါပေမဲ့ ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေတယ်လို့တော့ ကျမ်းစာ မပြောဘူး။ ဘုရားသခင်ဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ကိုယ်တော်စံမြန်းတဲ့နေရာ တစ်ခုရှိတယ်လို့တော့ ပြောထားတယ်။

  • ဘုရားသခင့် ပုံသဏ္ဌာန်တော်- ဘုရားသခင်ဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ (ယောဟန် ၄:၂၄) ဘုရားသခင်ကို လူတွေ မမြင်နိုင်ဘူး။ (ယောဟန် ၁:၁၈) ကျမ်းစာမှတ်တမ်းထဲက စိတ်အာရုံတွေမှာ ဘုရားသခင်ကို နေရာတစ်နေရာမှာ စံမြန်းနေတယ်ဆိုပြီး အမြဲဖော်ပြတယ်။ နေရာတိုင်းမှာ ရှိနေတယ်လို့ တစ်ခါမှ မဖော်ပြထားဘူး။​—ဟေရှာယ ၆:​၁၊ ၂။ ဗျာဒိတ် ၄:​၂၊ ၃၊ ၈။

  • ဘုရားသခင် စံမြန်းတဲ့နေရာ- မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်နယ်ပယ်မှာ ဘုရားသခင် စံမြန်းတယ်။ အဲဒီနယ်ပယ်ထဲမှာ ဘုရားသခင် ‘စံမြန်းရာကောင်းကင်ဘုံ’ ရှိတယ်။ (၃ ဓမ္မရာဇဝင် ၈:၃၀) တစ်ခါက နာမ်ဝိညာဉ်သတ္တဝါတွေဟာ “ယေဟောဝါရှေ့a အခစားဝင်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတဲ့အတွက် ဘုရားစံမြန်းတဲ့ သတ်သတ်မှတ်မှတ် နေရာတစ်ခု ရှိတယ်ဆိုတာ သိရတယ်။​—ယောဘ ၁:​၆၊ ကဘ။

ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေတာ မဟုတ်ဘူးဆိုရင် တစ်ယောက်ချင်းစီကို ဂရုစိုက်နိုင်ပါ့မလား

ဘုရားသခင်ဟာ တစ်ယောက်ချင်းစီကို ကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်။ ကိုယ်တော်ဟာ နာမ်ဝိညာဉ်နယ်ပယ်မှာနေပေမဲ့ ဘုရားနှစ်သက်ရာလုပ်တဲ့လူတွေကို သတိပြုပြီး သူတို့အကျိုးအတွက် လုပ်ပေးတယ်။ (၃ ဓမ္မရာဇဝင် ၈:၃၉။ ၂ ရာဇဝင်ချုပ် ၁၆:၉) စိတ်ရင်းမှန်နဲ့ ဝတ်ပြုသူတွေကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပုံကို သုံးသပ်ကြည့်ပါ-

  • ဆုတောင်းတဲ့အခါ- ဆုတောင်းတဲ့အခါ ယေဟောဝါဘုရားက နားထောင်ပေးတယ်။​—၂ ရာဇဝင်ချုပ် ၁၈:၃၁။

  • အလွန်အမင်း စိတ်ဖိစီးနေတဲ့အခါ- “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”­​—ဆာလံ ၃၄:​၁၈၊ ကဘ။

  • လမ်းညွှန်မှု လိုအပ်နေတဲ့အခါ- ယေဟောဝါဟာ သမ္မာကျမ်းစာအားဖြင့် “သွားသင့်တဲ့လမ်းကို ညွှန်ပြပေး” တယ်။​—ဆာလံ ၃၂:​၈၊ ကဘ။

“နေရာတိုင်းမှာ ရှိနေတယ်” ဆိုတာနဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

အမှား- ဘုရားသခင်ဟာ ဖန်ဆင်းထားတဲ့ နေရာတိုင်းမှာ ရှိနေတယ်။

အမှန်- ဘုရားသခင်ဟာ ကမ္ဘာမြေကြီးနဲ့ မျက်စိနဲ့မြင်နိုင်တဲ့ စကြဝဠာထဲက ဘယ်နေရာမှာမှ မစံမြန်းပါဘူး။ (၃ ဓမ္မရာဇဝင် ၈:၂၇) ဖန်ဆင်းထားတဲ့ ကြယ်တွေနဲ့ တခြားလက်ရာတွေဟာ “ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော” နေကြတာ မှန်ပါတယ်။ (ဆာလံ ၁၉:၁) ပန်းချီဆရာတစ်ယောက်ဟာ သူဆွဲတဲ့ပန်းချီထဲမှာ မနေသလို ဘုရားသခင်ဟာ ဖန်ဆင်းထားတဲ့ လက်ရာတွေထဲမှာ မနေပါဘူး။ ပန်းချီကားကိုကြည့်ပြီး ပန်းချီဆရာအကြောင်း သိနိုင်သလို မြင်ရတဲ့ ဖန်ဆင်းရာတွေက ဖန်ဆင်းရှင်ရဲ့ ‘မျက်မြင်မရသော ဂုဏ်ရည်တော်များ’ ဖြစ်တဲ့ တန်ခိုး၊ ဉာဏ်ပညာနဲ့ မေတ္တာကို တွေ့မြင်စေတယ်။​—ရောမ ၁:၂၀။

အမှား- ဘုရားသခင်ဟာ အရာအားလုံးကို သိနိုင်ဖို့နဲ့ လုပ်ပေးဖို့ နေရာတိုင်းမှာ ရှိနေဖို့လိုတယ်။

အမှန်- ဘုရားသခင်ရဲ့ သန့်ရှင်းသော စွမ်းအားတော်ဟာ အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့ ဘုရားရဲ့တန်ခိုး ဖြစ်တယ်။ ဘုရားက သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အချိန်တိုင်း၊ နေရာတိုင်းက အရာအားလုံးကို သိမြင်ပြီး လုပ်ဆောင်ပေးနိုင်တယ်၊ အဲဒီနေရာမှာ ရှိနေစရာ မလိုဘူး။​—ဆာလံ ၁၃၉:၇။

အမှား- ဆာလံ ၁၃၉:၈ မှာ “ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏” လို့ပြောထားတဲ့အတွက် ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ ဖော်ပြတယ်။

အမှန်- ဒီကျမ်းချက်က ဘုရားသခင် စံမြန်းတဲ့နေရာအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ လူတွေကို ကူညီပေးဖို့ ကိုယ်တော်အတွက် အလှမ်းဝေးလွန်းတဲ့နေရာ မရှိဘူးဆိုတာကို ကဗျာဆန်ဆန် ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

a ယေဟောဝါဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ နာမည်ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ