ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၄
  • ‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • လူသားက ဘယ်သူလဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အမှန်စင်စစ် ယေရှုမည်သူနည်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ပင်တေကုတ္တေပွဲနေ့တွင် ပေတရု ဟောပြော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၄
သော့သုံးချောင်း

‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာဘာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာ ‘ဘုရားသခင့် နိုင်ငံတော်ထဲ ဝင်’ နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အခွင့်အာဏာကို ဆိုလိုတယ်။ (မဿဲ ၁၆:၁၉။ တမန်တော် ၁၄:၂၂)a ယေရှုက ပေတရုကို ‘ကောင်းကင်နိုင်ငံရဲ့ သော့တွေ’ ပေးတယ်။ ဆိုလိုတာက ဘုရားသခင်ရဲ့ စွမ်းအားတော်ရတဲ့ သစ္စာရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရတဲ့အကြောင်း ပြောပြနိုင်တဲ့ အခွင့်အာဏာကို ပေတရု ရထားတာ ဖြစ်တယ်။

သော့တွေကို ဘယ်သူတွေအတွက် အသုံးပြုသလဲ

ပေတရုဟာ လူစုသုံးစုကို နိုင်ငံတော်ဝင်နိုင်ဖို့ ဘုရားဆီက အခွင့်အာဏာနဲ့ လမ်းဖွင့်ပေးခဲ့တယ်။

  1. ၁။ ဂျူးနဲ့ ဂျူးဘာသာဝင်တွေ။ ယေရှုသေဆုံးပြီး မကြာခင်၊ ဘုရားသခင်က ယေရှုကို နိုင်ငံတော်ဘုရင်အနေနဲ့ ရွေးထားတာကို ဂျူးဘာသာဝင်တွေ လက်ခံလာအောင် ပေတရု တိုက်တွန်းနှိုးဆော်ခဲ့တယ်။ ကယ်တင်ခံရဖို့ သူတို့ ဘာလုပ်ရမယ်ဆိုတာကို ပေတရု ပြောပြတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတော်ဝင်ဖို့လမ်းကို ဖွင့်ပေးတဲ့အခါ ထောင်နဲ့ချီတဲ့လူတွေ သူ့စကားကို လက်ခံခဲ့ကြတယ်။​—တမန်တော် ၂:​၃၈-၄၁။

  2. ၂။ ရှမာရိလူတွေ။ နောက်ပိုင်းမှာ ပေတရုကို ရှမာရိလူတွေဆီ လွှတ်လိုက်တယ်။b ပေတရုနဲ့ ယောဟန်တို့ဟာ ‘ယုံကြည်သူတွေ သန့်ရှင်းသော စွမ်းအားတော် ရနိုင်ဖို့ ဆုတောင်းပေး’ တဲ့အခါ ကောင်းကင်နိုင်ငံတော်သော့ကို ပေတရု အသုံးပြုတယ်။ (တမန်တော် ၈:​၁၄-၁၇) ဒါနဲ့ပဲ ရှမာရိလူတွေလည်း နိုင်ငံတော်ဝင်ခွင့်ရလာတယ်။

  3. ၃။ လူမျိုးခြား။ ယေရှုသေဆုံးပြီး သုံးနှစ်ခွဲကြာတော့ လူမျိုးခြား (ဂျူးမဟုတ်သူ) တွေလည်း နိုင်ငံတော်ဝင်ခွင့်ရှိတယ်လို့ ပေတရုကို ဘုရားသခင် ဖော်ပြတယ်။ ဒါနဲ့ ပေတရုဟာ လူမျိုးခြားတွေကို ဟောပြောပြီး သူတို့လည်း သန့်ရှင်းသောစွမ်းအားတော် ရလာလို့ ခရစ်ယာန်တွေ ဖြစ်လာတယ်။ ဒါက နိုင်ငံတော်တံခါးကို သော့နဲ့ဖွင့်ပေးတာနဲ့တူပြီး သူတို့ပါ နိုင်ငံတော်ဝင်ခွင့်ရခဲ့တယ်။​​—တမန်တော် ၁၀:​၃၀-​၃၅၊ ၄၄၊ ၄၅။

ကောင်းကင် ‘နိုင်ငံတော်ထဲဝင်’ တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ

ကောင်းကင် ‘နိုင်ငံတော်ထဲဝင်’ တဲ့သူတွေဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ တွဲဖက်အုပ်ချုပ်ရမယ်။ သူတို့ဟာ “ပလ္လင်ပေါ်ထိုင်” ပြီး ‘ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုးရ’ မယ်လို့ ကျမ်းစာ ကြိုဟောထားတယ်။​—လုကာ ၂၂:​၂၉၊ ၃၀။ ဗျာဒိတ် ၅:​၉၊ ၁၀။

နိုင်ငံတော်ရဲ့သော့နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

အမှား- ကောင်းကင်ဝင်မယ့်သူကို ပေတရု ဆုံးဖြတ်တယ်။

အမှန်- ပေတရုမဟုတ်ဘဲ ခရစ်တော်ယေရှုက ‘အသက်ရှင်သူတွေကိုရော သေလွန်သူတွေကိုပါ တရားစီရင်လိမ့်မယ်’ လို့ ကျမ်းစာဖော်ပြတယ်။ (၂ တိမောသေ ၄:​၁၊ ၈။ ယောဟန် ၅:၂၂) တကယ်တော့၊ ယေရှုကို ‘အသက်ရှင်သူ၊ သေလွန်သူတွေကို တရားစီရင်ဖို့ ဘုရားသခင် ခန့်ထား’ တယ်လို့ ပေတရုကိုယ်တိုင် ပြောခဲ့တယ်။​—တမန်တော် ၁၀:​၃၄၊ ၄၂။

အမှား- နိုင်ငံတော်သော့တွေ ဘယ်တော့ အသုံးပြုမလဲဆိုတာ ပေတရု ဆုံးဖြတ်ဖို့ ကောင်းကင်က စောင့်နေရတယ်။

အမှန်- နိုင်ငံတော်သော့တွေအကြောင်း ပေတရုကို ယေရှု ပြောတုန်းက ‘သင်သည် မြေကြီးပေါ်မှာချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်’ လို့ပြောတယ်။ (မဿဲ ၁၆:​၁၉၊ ယုဒသန်ကျမ်း) ဒီစကားက ပေတရုဆုံးဖြတ်တာကို ကောင်းကင်က လိုက်နာတယ်ဆိုပြီး တချို့နားလည်ကြပေမဲ့ မူရင်းဂရိကြိယာတွေအရ ကောင်းကင်မှာ ဆုံးဖြတ်ပြီးသားကို ပေတရုလိုက်နာရမှန်း ဖော်ပြတယ်။c

နိုင်ငံတော်သော့တွေကို ပေတရုသုံးတိုင်း ကောင်းကင်ညွှန်ကြားတာကို လိုက်နာရကြောင်း ကျမ်းစာက ဖော်ပြတယ်။ ဥပမာ၊ ဘုရားသခင်ညွှန်ကြားတဲ့အတိုင်း တတိယသော့ကို သူအသုံးပြုခဲ့တယ်။​—တမန်တော် ၁၀:​၁၉၊ ၂၀။

a တစ်ခါတလေ၊ ကျမ်းစာက “သော့” ဆိုတဲ့အသုံးအနှုန်းကို အခွင့်အာဏာ၊ တာဝန်ရထားတယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ အသုံးပြုတယ်။​—ဟေရှာယ ၂၂:​၂၀-၂၂။ ဗျာဒိတ် ၃:​၇၊ ၈။

b ရှမာရိလူတွေဟာ ဂျူးဘာသာဝင်တွေ မဟုတ်ပေမဲ့ မောရှေပညတ်ထဲက သွန်သင်ချက်နဲ့ အကျင့်တချို့ကို လက်ခံကြတယ်။

c ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာရန်ကျမ်း) ပါ မဿဲ ၁၆:၁၉ အတွက် မှတ်ချက်ကို ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ