ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၆၄
  • အပေါင်းအသင်း တိုးချဲ့သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပေါင်းအသင်း တိုးချဲ့သင့်သလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်အုပ်စုနဲ့ပဲနေလို့ ကြုံနိုင်တဲ့ အခြေအနေ
  • သင်လုပ်ဆောင်နိုင်ရာ
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ငါ သူငယ်ချင်းကောင်းတွေ လိုအပ်သလား
    နိုးလော့!—၂၀၀၉
  • မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၆၄
ဆဲလ်ဖီရိုက်နေတဲ့ ကောင်မလေးတွေ

လူငယ်များအမေး

အပေါင်းအသင်း တိုးချဲ့သင့်သလား

“ကိုယ့်အုပ်စုလေးနဲ့ပဲ ကျွန်တော် ကျေနပ်နေတာ၊ တခြားသူတွေနဲ့ ပေါင်းရတာ ကျွန်တော့်အတွက် သိပ်ခက်တယ်။”​​—အဲလ်လန်။

“ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းရတာ ကြိုက်တယ်။ ကိုယ်မသိတဲ့သူတွေနဲ့လည်း လိုက်မပေါင်းချင်ဘူး။”​​—ဆာရာ။

သင်ကော အဲလ်လန်နဲ့ ဆာရာတို့လို ကိုယ့်အုပ်စုလေးနဲ့ပဲ ကိုယ်ပေါင်းပြီး တခြားသူတွေနဲ့ ပေါင်းဖို့ကျတော့ ခက်နေသလား။

ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။

  • ကိုယ့်အုပ်စုနဲ့ပဲနေလို့ ကြုံနိုင်တဲ့ အခြေအနေ

  • သင်လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

ကိုယ့်အုပ်စုနဲ့ပဲနေလို့ ကြုံနိုင်တဲ့ အခြေအနေ

ကိုယ့်အုပ်စုနဲ့ ကိုယ်ပေါင်းတာ မမှားပါဘူး။ ကိုယ့်အားနည်းချက်တွေကို နားလည်လက်ခံတဲ့သူတွေနဲ့ အဖွဲ့ကျတာက ငါဟာ တစ်ကောင်ကြွက် မဟုတ်ပါလားလို့ ခံစားစေတယ်။

“တခြားသူတွေ ကိုယ့်ကို ခင်မှန်း သိရတော့ ပျော်တာပေါ့။ သူတို့နဲ့ တစ်ဖွဲ့တည်းပဲလို့ ခံစားရတယ်။ လူငယ်ဆိုတော့ ဝင်ဆန့်ချင်တယ်။”​​—ကယ်ရင်၊ အသက် ၁၉ နှစ်။

သင်သိပါသလား။ ယေရှုရဲ့ မိတ်ဆွေအများကြီးထဲမှာ တမန်တော် ၁၂ ယောက်လည်းပါတယ်။ အဲဒီထဲမှာမှ တမန်တော် ပေတရု၊ ယာကုပ်နဲ့ ယောဟန်ဟာ ယေရှုရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်တယ်။​​—မာကု ၉:၂။ လုကာ ၈:၅၁။

ကိုယ့်အုပ်စုလေးနဲ့ပဲ ပေါင်းပြီး တခြားသူတွေနဲ့ မပေါင်းတဲ့အတွက် ဒီအခြေအနေတွေ ဖြစ်လာနိုင်တယ်။ ဥပမာ–

  • ကိုယ့်အတွက် အကောင်းဆုံးမိတ်ဆွေ ဖြစ်လာနိုင်တဲ့သူတွေနဲ့ မခင်လိုက်ရဘဲ ဖြစ်သွားနိုင်တယ်။

    “ကိုယ်နဲ့ အကြိုက်တူတဲ့သူတွေနဲ့ပဲ ပေါင်းတာက အတွေ့အကြုံအသစ်တွေ မရအောင်၊ သိပ်ကောင်းတဲ့သူတွေနဲ့ မပေါင်းဖြစ်အောင် အတားအဆီး ဖြစ်သွားနိုင်တယ်။”​​—အီဗန်၊ အသက် ၂၁ နှစ်။

  • သင့်ကို ဘဝင်မြင့်တဲ့သူလို့ ထင်သွားနိုင်တယ်။

    “သင်က ကိုယ့်အုပ်စုနဲ့ပဲ ပေါင်းတော့ တခြားသူတွေနဲ့ မပေါင်းချင်ဘူး၊ စကားမပြောချင်ဘူးလို့ ထင်သွားမှာပေါ့။”​​—ဆာရာ၊ အသက် ၁၇ နှစ်။

  • အနိုင်ကျင့်တတ်တဲ့သူ ဖြစ်သွားစေနိုင်တယ်။

    “ကိုယ်တစ်ယောက်တည်းဆိုရင် တခြားသူကို အနိုင်မကျင့်တတ်ပေမဲ့ အုပ်စုလိုက်ပေါင်းပြီး အနိုင်ကျင့်တဲ့အခါ ‘ဒါပြဿနာမဟုတ်ပါဘူး၊ အပျော်သဘောပါ’ ဆိုပြီး ထင်လာနိုင်တယ်။”​​—ဂျိမ်းစ်၊ အသက် ၁၇ နှစ်။

  • အုပ်စုတစ်ခုထဲမှာ သိပ်ပါချင်တဲ့အခါ ဒုက္ခတွေ့တတ်တယ်။

    “အုပ်စုထဲက မကောင်းတဲ့သူတစ်ယောက်ရဲ့ သွေးဆောင်တာခံရပြီး တစ်အုပ်စုလုံး မကောင်းတာ လုပ်မိနိုင်တယ်။”​​—မာတီနာ၊ အသက် ၁၇ နှစ်။

သင်လုပ်ဆောင်နိုင်ရာ

  • ကိုယ့်ရဲ့ စံနှုန်းကို သုံးသပ်ပါ။

    ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ဘယ်စံနှုန်းအတိုင်း နေထိုင်ဖို့ ငါကြိုးစားနေသလဲ။ အဲဒီစံနှုန်းအတိုင်းနေထိုင်ဖို့ ငါ့ရဲ့ သူငယ်ချင်းတွေက လွယ်စေသလား၊ ခက်စေသလား။ အဲဒီ သူငယ်ချင်းတွေအတွက် ဘာမဆို ငါ ပေးဆပ်မှာလား။’

    ကျမ်းစာ အခြေခံ သွန်သင်ချက်– “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ အကျင့်ကို ပျက်စီးစေတတ်တယ်။”​​—၁ ကောရိန္သု ၁၅:၃၃။

    “သင့်ရဲ့အုပ်စုက သင့်ရဲ့စံနှုန်းအတိုင်း မလိုက်တဲ့သူတွေ ဖြစ်မယ်ဆိုရင် ကိုယ်ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ထင်ထားတာတွေကို လုပ်မိသွားနိုင်တယ်။”​​—အယ်လင်း၊ ၁၄ နှစ်။

  • သင့်ရဲ့ ဦးစားထားရာကို သုံးသပ်ပါ။

    ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ငါ့အုပ်စုနဲ့ သိပ်ရင်းနှီးနေတော့ ငါ့ရဲ့ စံနှုန်းတွေကို ထိန်းထားနိုင်ပါ့မလား။ သူငယ်ချင်းတစ်ယောက်က မကောင်းတာလုပ်ရင် ငါဘာလုပ်မလဲ။’

    ကျမ်းစာ အခြေခံ သွန်သင်ချက်– “ငါက ချစ်ခင်မြတ်နိုးသူ အားလုံးကို ဆုံးမပဲ့ပြင်တတ်တယ်။”​​—ဗျာဒိတ် ၃:၁၉။

    “အုပ်စုထဲက သူငယ်ချင်းတစ်ယောက် ပြဿနာတစ်ခုမှာ ဝင်ပါနေတယ်၊ ဒါပေမဲ့ အဲဒီအကြောင်းကို ပြောလိုက်ရင် သစ္စာဖောက်ရာကျတယ်လို့ ခံစားမိနိုင်တယ်။”​​—မယ်လီနီ၊ ၂၂ နှစ်။

  • အပေါင်းအသင်းကို တိုးချဲ့ပါ။

    ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ကိုယ်နဲ့ မရင်းနှီးသေးတဲ့ သူတစ်ယောက်ကို သူငယ်ချင်းဖွဲ့တာက အကျိုးရှိနိုင်မလား။’

    ကျမ်းစာ အခြေခံ သွန်သင်ချက်- “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”​​—ဖိလိပ္ပိ ၂:၄။

    “အိမ်မှာ အဆင်မပြေတဲ့ လူငယ်တွေဟာ အပြင်မှာ လူတွေနဲ့ မပေါင်းတတ်ကြဘူး။ ဒါပေမဲ့ သူတို့နဲ့ ပေါင်းကြည့်တဲ့အခါ သူတို့မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိမှန်း သိလာရတယ်။”​​—ဘရိုင်ယန်၊ အသက် ၁၉ နှစ်။

အဓိကအချက်– ရင်းနှီးတဲ့ သူငယ်ချင်းအုပ်စုရှိတာ မမှားပါဘူး။ တစ်ချိန်တည်းမှာ တခြားသူတွေကိုလည်း သူငယ်ချင်းဖွဲ့တာ အကျိုးရှိနိုင်ပါတယ်။ ကျမ်းစာမှာ “သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်” လို့ပြောထားတယ်။​​—သုတ္တံ ၁၁:၂၅။

ရွယ်တူချင်းတွေပြောဆိုရာ

မယ်ရီယန်

“ကျောင်းမှာရှိတဲ့ အုပ်စုတစ်စုနဲ့ ပေါင်းခဲ့တယ်၊ ဒါပေမဲ့ အုပ်စုထဲက တချို့မိန်းကလေးတွေဟာ တခြားသူတွေကို အနိုင်ကျင့်တတ်မှန်း နောက်ပိုင်း သတိထားမိတယ်။ ဒါနဲ့ အဲဒီအုပ်စုနဲ့ မပေါင်းတော့ဘူး။ အစမှာတော့ သူငယ်ချင်းတွေ မရှိသလို ဖြစ်သွားပေမဲ့ ကိုယ့်ရဲ့စံနှုန်းအတိုင်း ရပ်တည်နိုင်လို့ ကျေနပ်တယ်။​​—မယ်ရီယန်။

အဲလက်စ်

“ကျောင်းတုန်းက ထင်ပေါ်ချင်လို့ အုပ်စုတစ်စုနဲ့ ပေါင်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အပေါင်းအသင်းကြောင့် လူတွေ ကိုယ့်အပေါ် အထင်လွဲနိုင်တယ်၊ သူများလုပ်သမျှ လိုက်လုပ်တဲ့သူတောင် ဖြစ်သွားနိုင်တယ်ဆိုတာ တဖြည်းဖြည်း နားလည်လာတယ်။”​​—အဲလက်စ်။

ဘက်သနီ

“အလယ်တန်းတက်နေချိန် တစ်လျှောက်လုံး၊ ကျွန်မကို အပေါင်းအသင်း မလုပ်ချင်တဲ့ အုပ်စုတစ်စုရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက သက်သက် အချိန်ဖြုန်းတာ ဖြစ်မှန်း၊ အဲဒီအစား ကိုယ့်မှာ ရှိပြီးသား သူငယ်ချင်းတွေကိုပဲ တန်ဖိုးထားဖို့ လိုမှန်း သိလာတယ်။”​​—ဘက်သနီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ