ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၇
  • ကာအိနရဲ့ ဇနီးက ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကာအိနရဲ့ ဇနီးက ဘယ်သူလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ကာဣန ဘယ်ကမိန်းမရသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မတူညီသည့်သဘောထားများကို ကြီးထွားစေသောညီနောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဒေါသထွက်ပြီး လူကိုသတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါထံလက်ခံနိုင်ရာယဇ်များပူဇော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၇
ကာအိနနဲ့ သူ့ဇနီး

ကာအိနရဲ့ ဇနီးက ဘယ်သူလဲ

သမ္မာကျမ်းစာဖြေဆိုရာ

ပထမဦးဆုံး လူသားမောင်နှံရဲ့ သားဦးဖြစ်တဲ့ ကာအိနဟာ သူ့ညီမတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးထဲက တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒီအချက်က သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ကာအိနနဲ့ သူ့မိသားစုအကြောင်းကို အခြေခံထားတာပါ။

ကာအိနနဲ့ သူ့မိသားစုအကြောင်း

  • လူသားအားလုံးဟာ အာဒံနဲ့ ဧဝကနေ ဆင်းသက်လာတာဖြစ်တယ်။ “ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းပြီး မြေတစ်ပြင်လုံးမှာ နေထိုင်စေတယ်။” (တမန်တော် ၁၇:၂၆) အာဒံရဲ့ ဇနီးဖြစ်တဲ့ ဧဝဟာ “အသက်ရှင်သူ အားလုံးရဲ့ မိခင်” ဖြစ်တယ်။ (ကမ္ဘာဦး ၃:၂၀) ဒါကြောင့် ကာအိနဟာ အာဒံနဲ့ ဧဝရဲ့ သားမြေးတွေထဲက တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တာဖြစ်ရမယ်။

  • ကာအိနနဲ့ အာဗေလဟာ ဧဝမွေးတဲ့ ကလေးတွေထဲက ဦးဆုံး သားတွေဖြစ်တယ်။ (ကမ္ဘာဦး ၄:​၁၊ ၂) ကာအိနဟာ သူ့ညီကိုသတ်ပြီး နှင်ထုတ်ခံရတဲ့အခါ “တွေ့တဲ့သူတိုင်း ကျွန်တော့်ကို သတ်တော့မှာ” ဆိုပြီး ပြောခဲ့တယ်။ (ကမ္ဘာဦး ၄:၁၄) ဘယ်သူ့ကို ကာအိန ကြောက်နေတာလဲ။ ကျမ်းစာမှာ အာဒံဟာ “တခြား သားသမီးတွေကိုလည်း ရသေးတယ်” လို့ ဆိုထားတယ်။ (ကမ္ဘာဦး ၅:၄) ဒါကြောင့် အာဒံနဲ့ ဧဝရဲ့ သားမြေးတွေထဲက တခြားသူတွေကို ကာအိန ကြောက်တာဖြစ်မယ်။

  • လူ့သမိုင်းအစမှာ ဆွေမျိုးနီးစပ်သူတွေ လက်ထပ်တာက မဆန်းပါဘူး။ ဥပမာ၊ ဘုရားကို သစ္စာရှိတဲ့ အာဗြဟံဟာ အဖေတူ အမေကွဲညီမကို လက်ထပ်ခဲ့တယ်။ (ကမ္ဘာဦး ၂၀:၁၂) အဲဒီလို ဆွေမျိုးနီးစပ်သူနဲ့ လက်ထပ်တာကို ဦးဆုံးတားမြစ်တာက မောရှေပညတ်မှာဖြစ်ပြီး ကာအိနအချိန်နောက်ပိုင်း နှစ်ပေါင်းများစွာကြာပြီးမှ တားမြစ်တာဖြစ်တယ်။ (ဝတ်ပြုရာ ၁၈:​၉၊ ၁၂၊ ၁၃) အဲဒီအချိန်က ဆွေမျိုးနီးစပ်သူချင်း ပေါင်းသင်းလို့ ရတဲ့ကလေးက အခုခေတ်လို သွေးသားနီးစပ်သူချင်း ပေါင်းသင်းပြီး ရတဲ့ကလေးလို မွေးရာပါ ချွတ်ယွင်းတာမျိုး မရှိသေးဘူး။

  • အာဒံ၊ ဧဝနဲ့ သူ့မိသားစုကို တကယ်သမိုင်းဝင် ပုဂ္ဂိုလ်တွေအဖြစ် သမ္မာကျမ်းစာမှာ တိတိကျကျ ဖော်ပြထားတယ်။ အာဒံရဲ့ ဆွေစဉ်မျိုးဆက် အသေးစိတ်ကို မောရှေရေးတဲ့ ကမ္ဘာဦးကျမ်းမှာပဲ မဟုတ်ဘဲ သမိုင်းအကြောင်းရေးသူ ဧဇရနဲ့ လုကာတို့ရဲ့ ရေးသားချက်မှာလဲ တွေ့ရတယ်။ (ကမ္ဘာဦး ၅:​၃-၅။ ၁ ရာဇဝင်ချုပ် ၁:​၁-၄။ လုကာ ၃:၃၈) ကျမ်းစာရေးသူတွေက ကာအိနရဲ့ အဖြစ်အပျက်ကို သမိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခုအနေနဲ့ ရေးသားခဲ့ကြတာဖြစ်တယ်။​—ဟေဗြဲ ၁၁:၄။ ၁ ယောဟန် ၃:၁၂။ ယုဒ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ