ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၀
  • ငါ့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့်ဖြစ်ရတာလဲ
  • သင်လုပ်နိုင်တဲ့ အချက် သုံးချက်
  • ငါ့ရဲ့စိတ်လှုပ်ရှားမှုကို ငါဘယ်လို ထိန်းချုပ်နိုင်မလဲ
    နိုးလော့!—၂၀၀၅
  • အသင်၌ ချုပ်တည်းခြင်းရှိစေ၍ ပြည့်လျှံစေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
    လူငယ်များအမေး
  • ၃ | ကျမ်းစာ စံနမူနာရှင်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၀
လူငယ်တစ်ယောက်က ဝမ်းနည်းတဲ့မျက်နှာနဲ့ ပျော်ရွှင်တဲ့မျက်နှာပုံ ဆွဲနေ

လူငယ်များအမေး

ငါ့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းမလဲ

“တစ်ရက်မှာ အရမ်းပျော်နေပြီး နောက်တစ်ရက်ဆိုရင် စိတ်ပျက်နေတတ်တယ်။ မနေ့က ဘာမှမဟုတ်တဲ့ကိစ္စက ဒီနေ့တော့ တကယ့်ပြဿနာကြီး ဖြစ်နေပြန်ရော။”​—ကရီဆာ။

သင့်ရဲ့ စိတ်ခံစားချက်တွေဟာ ချိုင့်ခွက်တွေ ပြည့်နေတဲ့ လမ်းလို တက်လိုက် ကျလိုက်နဲ့ ဖြစ်နေသလား။a အဲဒီလိုဖြစ်နေရင် ဒီဆောင်းပါးက သင့်အတွက် အကူအညီ ဖြစ်ပါလိမ့်မယ်။

  • ဘာကြောင့်ဖြစ်ရတာလဲ

  • သင်လုပ်နိုင်တဲ့ အချက် သုံးချက်

  • ရွယ်တူချင်းတွေ ပြောဆိုရာ

ဘာကြောင့်ဖြစ်ရတာလဲ

ကြီးကောင်ဝင်ချိန်၊ လူပျို၊ အပျိုပေါက် ဖြစ်လာချိန်မှာ စိတ်ခံစားမှု တက်လိုက် ကျလိုက်ဖြစ်တာက သဘာဝပါ။ သင် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းနေချိန်မှာ အဆင်ပြေနေတယ်ဆိုရင်တောင် သင့်ရဲ့ စိတ်ခံစားချက်က အပြောင်းအလဲမြန်ပြီး ခန့်မှန်းရခက်တာကို တွေ့ရလို့ အံ့သြမိပါလိမ့်မယ်။

သင့်ရဲ့ စိတ်ခံစားချက် အပြောင်းအလဲကြောင့် စိတ်ရှုပ်နေသလား၊ အဲဒီခံစားချက်တွေက မလုံခြုံမှုနဲ့ မသေချာ မရေရာမှုတွေကြောင့် ဖြစ်သလို ခန္ဓာကိုယ် ကြီးထွားလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တတ်တယ်ဆိုတာကို သတိရပါ။ ဒါပေမဲ့ စိတ်ခံစားချက် အပြောင်းအလဲ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို နားလည်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

သိထားသင့်ရာ– လူငယ်ဘဝမှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်အောင် သင်ယူဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် လူကြီးဖြစ်လာတဲ့တစ်နေ့ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရတဲ့အခါ ဒီအရည်အချင်း လိုအပ်လို့ ဖြစ်တယ်။

လူငယ်တစ်ယောက် လမ်းပေါ်မှာရှိတဲ့ ချိုင့်ခွက်တွေရှောင်ဖို့ ကြိုးစားနေ

အပျက်သဘောစိတ်ခံစားချက်တွေက လမ်းမပေါ်က ချိုင့်ခွက်တွေနဲ့ တူတယ်။ ကျွမ်းကျင်တဲ့သူက အဲဒါတွေကိုရှောင်ပြီး မောင်းသွားနိုင်

သင်လုပ်နိုင်တဲ့ အချက် သုံးချက်

ပြောပါ။ သမ္မာကျမ်းစာမှာ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ပြောထားတယ်။​—သုတ္တံ ၁၇:၁၇။

“အန်တီတစ်ယောက်လို ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက ကျွန်မ ပြောတာတွေကို ဂရုတစိုက်နဲ့ နားထောင်ပေးတယ်။ ဒါကြောင့် ကျွန်မရဲ့ ခံစားချက်တွေအားလုံး ရင်ဖွင့်ပြောပြတယ်။ ကျွန်မရဲ့ ရှုမြင်ပုံတွေက မှန်နေတယ်ဆိုရင် သူက ဂုဏ်ယူအားပေးသလို ကျွန်မ မှားတဲ့အခါမှာလည်း အကောင်းဆုံး ဖြစ်အောင် ပြန်တည့်မတ်ပေးတတ်တယ်။”​—ယိုလန်ဒါ။

အကြံပြုချက်– သင့်လိုပဲ စိတ်ခံစားချက် အတက်အကျ ဖြစ်နေတဲ့ ရွယ်တူချင်းတွေကိုပဲ ပြောပြမယ့်အစား မိဘတစ်ဦးဦးကို ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ယောက်ကို ပြောပြပါ။

စာရေးပါ။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ယောဘက “မကျေနပ်ချက်တွေကို ဖွင့်ချလိုက်တော့မယ်။ ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်” လို့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတယ်။ (ယောဘ ၁၀:၁) ဒါကြောင့် တစ်ယောက်ယောက်ကို ဖွင့်ပြောတာအပြင် စာနဲ့ ရေးပြီးတော့လည်း ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို “ဖွင့်ချ” နိုင်ပါတယ်။

“ကျွန်မ သွားတဲ့နေရာတိုင်း မှတ်စုစာအုပ်လေး ယူသွားတယ်။ ကိုယ့်အတွက် စိတ်အနှောင့်အယှက် ဖြစ်တာမျိုး ကြုံရရင် အဲဒါကို ရေးထားလိုက်တယ်။ စာနဲ့ ရေးထားလိုက်တာက စိတ်သက်သာမှု ရစေတဲ့ ဆေးတစ်ခွက်ပဲ။”​—အီလီယန်နာ။

အကြံပြုချက်– ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ချရေးနိုင်ဖို့ စာအုပ်တစ်အုပ် ဆောင်ထားပါ။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ၊ အဲဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာတွေကို ချရေးပါ။ အဲဒီလိုလုပ်နိုင်ဖို့ ဒီဆောင်းပါးနဲ့ အတူပါတဲ့ လေ့ကျင့်ခန်းစာရွက်က ကူညီပေးပါလိမ့်မယ်။

ဆုတောင်းပါ။ သမ္မာကျမ်းစာမှာ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့်ပြုမှာ မဟုတ်ဘူး” လို့ ပြောထားတယ်။​—ဆာလံ ၅၅:၂၂။

“စိတ်ဓာတ်ကျတဲ့အခါတိုင်း ယေဟောဝါဆီ မပြတ် ဆုတောင်းတယ်။ ကိုယ့်ခံစားချက်တွေကို ကိုယ်တော့်ဆီ ဖွင့်ပြောလိုက်တဲ့အခါ ရင်ထဲပေါ့သွားတယ်။”​—ဂျက်စမင်။

အကြံပြုချက်– စိုးရိမ်ပူပန်စရာတွေကြားက ဘုရားကို ကျေးဇူးတင်စရာ သုံးခုကို ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါဘုရားဆီ ဆုတောင်းတဲ့အခါ အကူအညီ တောင်းခံပါ။ ဒါ့အပြင် သင်ရရှိခဲ့တဲ့ ဆုကျေးဇူးတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါ။

ရွယ်တူချင်းတွေ ပြောဆိုရာ

ဒန်နီယယ်

“ဖိလိပ္ပိ ၄:၆ မှာ စိုးရိမ်ပူပန်မှုတွေအတွက် ဆုတောင်းဖို့နဲ့ ‘ကျေးဇူးတော်ကို ချီးမွမ်း’ ဖို့လည်း ပြောထားတယ်။ ကျွန်တော်လည်း ကျေးဇူးတင်တတ်တဲ့ စိတ်ရှိအောင် ဆုတောင်းတဲ့အခါတိုင်း ယေဟောဝါဘုရားကို ကျေးဇူးတင်စရာ အကြောင်းတစ်ခုကို စဉ်းစားပြီး ထည့်တောင်းတယ်။ အဲဒါက ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်တွေကို လျော့သွားစေတယ်။”​—ဒန်နီယယ်။

ဂျက်ဆီကာ

“တစ်ခါတလေ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းဖို့တောင် အားမရှိဘူး၊ ဒါပေမဲ့ ရအောင် ဆုတောင်းတယ်။ ဆုတောင်းတာက ယေဟောဝါဘုရားဟာ တကယ် မေတ္တာရှိတယ်၊ ဗျာဒိတ် ၂၁:၄ မှာ ပြောထားသလို မကြာခင် ‘ကျွန်မတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေး’ တော့မယ် ဆိုတာကို သဘောပေါက်လာအောင် ကူညီပေးတယ်။”​—ဂျက်ဆီကာ။

a ဒီဆောင်းပါးမှာ လူငယ်အများစု ကြုံတွေ့ရတဲ့ စိတ်အပြောင်းအလဲအကြောင်းကို ဆွေးနွေးထားတယ်။ တကယ်လို့ သင်က စိတ်ကြွစိတ်ကျရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာတစ်မျိုးမျိုးကို ခံစားနေရတယ် ဆိုရင်တော့ “စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ