ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၃
  • နက်ဖလင်ဆိုတာ ဘယ်သူတွေလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နက်ဖလင်ဆိုတာ ဘယ်သူတွေလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အကြမ်းဖက်သူများကို ဘုရားသခင် ရှုမြင်သကဲ့သို့ သင်ရှုမြင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၃
အကြမ်းဖက်နေတဲ့ နက်ဖလင်

နက်ဖလင်ဆိုတာ ဘယ်သူတွေလဲ

ကျမ်းစာအဖြေ

နက်ဖလင်ဆိုတာ လူထွားကြီးတွေ။ နောဧလက်ထက်က နတ်ဆိုးတွေနဲ့ လူ့အမျိုးသမီးတွေ ပေါင်းဖက်ပြီး မွေးလာတဲ့ ကြမ်းကြုတ်တဲ့ လူထွားကြီးတွေပါ။a

ကျမ်းစာမှတ်တမ်းမှာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ သားတွေက လူ့သမီးတွေ ချောမောလှပတာကို သတိပြုမိလာတယ်” လို့ဆိုတယ်။ (ကမ္ဘာဦး ၆:၂) “ဘုရားသခင်ရဲ့သားတွေ” ဟာ တကယ်တော့ ဘုရားကို ပုန်ကန်ပြီး ကောင်းကင်က “ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့” နာမ်ဝိညာဉ်သားတွေ။ သူတို့က လူ့ခန္ဓာကိုယ်ကို ယူပြီး “သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။”​—ယုဒ ၆။ ကမ္ဘာဦး ၆:၂။

ဒီလိုသဘာဝနဲ့ ဆန့်ကျင်ပြီး ပေါင်းစပ်တာကနေ မွေးဖွားလာတဲ့ ကပြားတွေဟာ သာမန်ကလေးတွေနဲ့ မတူကြဘူး။ (ကမ္ဘာဦး ၆:၄) ဒီနက်ဖလင်တွေဟာ လူတကာကို အနိုင်ကျင့်ပြီး ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုနဲ့ ပြည့်စေတဲ့ ကြမ်းကြုတ်သူတွေ ဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၃) သူတို့ကို “ရှေးခေတ်က လူထွားကြီးတွေ၊ နာမည်ကျော်ကြားသူတွေ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၄) သူတို့ကြောင့် အကြမ်းဖက်မှုနဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာတယ်။​—ကမ္ဘာဦး ၆:၅။ တောလည်ရာ ၁၃:၃၃။b

နက်ဖလင်နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

အမှား– ဒီနေ့အထိ နက်ဖလင်တွေ မြေကြီးပေါ်မှာ ရှိနေသေးတယ်။

အမှန်– ရှေးခေတ် အကြမ်းဖက်ကမ္ဘာကို ရေလွှမ်းမိုးဘေးနဲ့ ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ လူဆိုးတွေနဲ့အတူ နက်ဖလင်တွေလည်း ပယ်ရှင်းခံခဲ့ရတယ်။ နောဧနဲ့ မိသားစုပဲ ဘုရားသခင့် မျက်နှာသာရသူတွေဖြစ်လို့ အသက်ချမ်းသာ ရခဲ့တယ်။​—ကမ္ဘာဦး ၆:၉။ ၇:​၁၂၊ ၁၃၊ ၂၃။ ၂ ပေတရု ၂:၅။

အမှား– နက်ဖလင်တွေရဲ့ ဖခင်တွေဟာ လူတွေ ဖြစ်တယ်။

အမှန်– သူတို့ရဲ့ ဖခင်တွေဟာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ သားတွေ” လို့ ကျမ်းစာက ဆိုတယ်။ (ကမ္ဘာဦး ၆:၂) ကောင်းကင်တမန်တွေကိုလည်း ကျမ်းစာက အဲဒီလိုပဲ ခေါ်တယ်။ (ယောဘ ၁:၆။ ၂:၁။ ၃၈:၇) ကောင်းကင်တမန်တွေဟာ လူ့သဏ္ဌာန်ကို ယူဆောင်နိုင်တယ်။ (ကမ္ဘာဦး ၁၉:​၁-၅။ ယောရှု ၅:​၁၃-၁၅) တမန်တော်ပေတရုက ‘နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှုမရှိခဲ့တဲ့ အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေ’ အကြောင်း ပြောခဲ့တယ်။ (၁ ပေတရု ၃:​၁၉၊ ၂၀) အဲဒီအခြေအနေအကြောင်းကိုပဲ ကျမ်းရေးသူ ယုဒက “ကိုယ့်ရဲ့ မူလအခွင့်အရာကို မစောင့်ထိန်းရုံမက ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့ ကောင်းကင်တမန်တွေ” ဆိုပြီး ရှင်းပြခဲ့တယ်။​—ယုဒ ၆။

အမှား– နက်ဖလင်တွေဟာ ဖောက်ပြန်သွားတဲ့ ကောင်းကင်တမန်တွေ ဖြစ်တယ်။

အမှန်– ကမ္ဘာဦး ၆:၄ ရဲ့ ရှေ့နောက်စကားကို ဖတ်တဲ့အခါ နက်ဖလင်တွေဟာ လူ့ပုံသဏ္ဌာန် ခံယူထားတဲ့ ကောင်းကင်တမန်တွေ မဟုတ်ဘဲ လူ့ကပြားတွေ ဖြစ်ကြတယ်။ ကောင်းကင်တမန်တွေက “သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြ” ပြီးနောက် အဲဒီခေတ်အခါက မတရားတဲ့လောကကြီးကို နောက်အနှစ် ၁၂၀ ကြာရင် ယေဟောဝါ အရေးယူ ဖျက်ဆီးမယ်လို့ ပြောတယ်။ (ကမ္ဘာဦး ၆:​၁-၃) “အဲဒီတုန်းက” လူ့ပုံသဏ္ဌာန် ခံယူတဲ့ ကောင်းကင်တမန်တွေဟာ “လူ့သမီးတွေနဲ့ ဆက်ဆံပြီး” နက်ဖလင်လို့ခေါ်တဲ့ “ရှေးခေတ်က လူထွားကြီးတွေ” မွေးလာတယ်။​—ကမ္ဘာဦး ၆:၄။

a “နက်ဖလင်” ဆိုတဲ့ ဟီဘရူးစကားလုံးရဲ့ အဓိပ္ပာယ်က “အလဲထိုးသူတွေ” ဖြစ်နိုင်တယ်။ ဒီစကားလုံးက “လူတွေကို အကြမ်းဖက် လုယက်ပြီး လဲကျစေသူတွေ” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။—Wilson’s Old Testament Word Studies

b တောလည်ရာ ၁၃:၃၃ မှာ အစ္စရေးသူလျှိုတွေ တွေ့ခဲ့တဲ့ လူထွားကြီးတွေကို နက်ဖလင်တွေလို့ ပြောတာကိုကြည့်ရင် လွန်ခဲ့တဲ့ ရာစုနှစ်ချီကတည်းက သေဆုံးပြီးဖြစ်တဲ့ နက်ဖလင်တွေကို ပြန်သတိရသွားတာ ဖြစ်နိုင်တယ်။​—ကမ္ဘာဦး ၇:​၂၁-၂၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ