ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၉
  • အိမ်ခွဲနေဖို့ ငါအသင့်ဖြစ်ပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ခွဲနေဖို့ ငါအသင့်ဖြစ်ပြီလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြောင်းရင်းကို ဆန်းစစ်ပါ
  • ကုန်ကျစရိတ်ကို တွက်ချက်ပါ
  • အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မိဘနဲ့အတူ ပြန်နေရတဲ့အခါ
    နိုးလော့!—၂၀၁၅
  • အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ရည်းစားထားခြင်း—အပိုင်း ၁– ရည်းစားထားဖို့ ငါ အဆင်သင့် ဖြစ်ပြီလား
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၉
အိမ်ခွဲနေဖို့ လူငယ်တစ်ဦး ပစ္စည်းသိမ်းနေစဉ်

လူငယ်များအမေး

အိမ်ခွဲနေဖို့ ငါအသင့်ဖြစ်ပြီလား

အိမ်ခွဲနေတဲ့ကိစ္စဟာ စိတ်လှုပ်ရှားစရာ ကောင်းသလို ကြောက်စရာလည်း ကောင်းတယ်။ သင့်အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ အသင့်ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲ။

  • အကြောင်းရင်းကို ဆန်းစစ်ပါ

  • ကုန်ကျစရိတ်ကို တွက်ချက်ပါ

  • ရွယ်တူတွေ အဆို

အကြောင်းရင်းကို ဆန်းစစ်ပါ

အိမ်ခွဲနေဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ တချို့ဆိုရင် ပညာမဲ့မှန်း သိသာတယ်။ “ကျွန်တော် အိမ်ခွဲနေချင်တဲ့ အကြောင်းရင်းက အိမ်အလုပ်တွေ မလုပ်ချင်လို့ပါ” ဆိုပြီး လူငယ်မာရီယို ဝန်ခံတယ်။

တကယ်တမ်း အိမ်ခွဲနေရင် လွတ်လပ်ခွင့် ပိုနည်းသွားနိုင်တယ်။ ၁၈ နှစ်အရွယ် အွန်ညာက “အိမ်ခွဲနေရင် ကိုယ့်အိမ်ကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်ရတယ်။ ကိုယ်တိုင် ချက်ပြုတ်ရတယ်။ ရေဖိုး၊ မီးဖိုး ကိုယ်တိုင် ရှင်းရတယ်။ တစ်ခုခုဆို ဒိုင်ခံဖြေရှင်းပေးမယ့် မိဘက အနားမှာ ရှိမနေဘူး” လို့ ပြောတယ်။

အဓိကအချက်။ အိမ်ခွဲနေဖို့ အသင့်ဖြစ်၊ မဖြစ်သိဖို့ ဘာကြောင့် အိမ်ခွဲနေချင်သလဲဆိုတာ နားလည်ထားဖို့ လိုတယ်။

ကုန်ကျစရိတ်ကို တွက်ချက်ပါ

ယေရှုက “ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံး ထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ် မဟုတ်လား” လို့ ပြောဖူးတယ်။ (လုကာ ၁၄:၂၈) အိမ်ခွဲနေတဲ့ “ကုန်ကျစရိတ်ကို” ဘယ်လို “တွက်ချက်” မလဲ။ အောက်ပါအချက်တွေကို ဆန်းစစ်ကြည့်ပါ။

ငွေကို စီမံကိုင်တွယ်တတ်သလား။

“ငွေက . . . ကာကွယ်ပေးတယ်” လို့ ကျမ်းစာ ဆိုထားတယ်။​—ဒေသနာ ၇:၁၂။

  • ငွေကို စုဆောင်းဖို့ အခက်တွေ့နေသလား။

  • လိုချင်တာတွေ့ရင် ဝယ်တတ်သူလား။

  • သူများဆီက ငွေချေးသုံးရလေ့ရှိသလား။

ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ ဖြေရင်တော့ အိမ်ခွဲနေမယ့်စိတ်ကူးကို အကောင်အထည် ဖော်ဖို့ဆိုတာ မတွေးဝံ့စရာပဲ။

“ကျွန်မအစ်ကို အသက် ၁၉ နှစ်အရွယ်မှာ အိမ်ကနေ ထွက်သွားတယ်။ တစ်နှစ်အတွင်း သူ စုထားသမျှ ငွေတွေ ကုန်သွားတယ်။ အကြွေးစနစ်နဲ့ ဝယ်ထားတဲ့ကားလည်း အသိမ်းခံရတယ်။ ဘဏ်ကလည်း ငွေမချေးပေးတော့ဘူး။ အိမ်ကို ပြန်လာချင်တယ်လို့ တောင်းတောင်းပန်ပန်နဲ့ ပြောနေတယ်။”—ဒန်နီယဲလ်။

အခု လုပ်ဆောင်နိုင်ရာ။ တစ်လတစ်လ အိမ်အသုံးစရိတ် ဘယ်လောက်ရှိသလဲ။ ငွေတောင်းခံလွှာ ဘယ်နှမျိုး လာတတ်သလဲ။ အဲဒါတွေကို ပေးချေဖို့ ဝင်ငွေထွက်ငွေစာရင်း ဘယ်လို ထားသလဲ။ ငွေ ဘယ်လို စုသလဲ ဆိုတာ မိဘတွေကို မေးကြည့်ပါ။

အဓိကအချက်။ အိမ်မှာနေရင်း ခုကတည်းက ငွေ စီမံသုံးစွဲပုံကို သင်ယူထားမယ်ဆိုရင် လက်တွေ့ဘဝမှာ ငွေကြေး အကျပ်အတည်း ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

သင်ဟာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်တတ်သူလား။

“လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ” မယ်လို့ ကျမ်းစာ ဆိုထားတယ်။​—ဂလာတိ ၆:၅။

  • သင်ဟာ အချိန်ဆွဲတတ်သူလား။

  • အိမ်အလုပ်တွေကို ပြောမှပဲ လုပ်တတ်သူလား။

  • အိမ်ပြန် နောက်ကျတတ်သူလား။

ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ ဖြေရင်တော့ ကိုယ့်အိမ်နဲ့ကိုယ် နေတဲ့အခါ တာဝန်သိတတ်သူ ဖြစ်ဖို့ တော်တော် အလှမ်းဝေးဦးမယ်။

“ကိုယ့်အိမ်နဲ့ကိုယ် နေတဲ့အခါ ကိုယ်မလုပ်ချင်ပေမဲ့ လုပ်ကိုလုပ်ရမယ့် အလုပ်တွေ ရှိတယ်။ လာပြောမယ့်သူ မရှိတော့ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ရမယ့်အလုပ်တွေ ရှိတယ်။”—ဂျက်စီကာ။

အခု လုပ်ဆောင်နိုင်ရာ။ တစ်လလောက် ကိုယ့်တာဝန်ကိုယ် ယူပြီး အိမ်ဝေယျာဝိစ္စတွေကို ကိုယ်တိုင် လုပ်ကြည့်ပါ။ ကိုယ့်အခန်း ကိုယ်ရှင်းပါ။ ကိုယ့်အဝတ် ကိုယ်လျှော်ပါ။ ကိုယ်တိုင် ဈေးဝယ်၊ ညစာ ချက်ပြီး ပန်းကန် ဆေးကြောသန့်ရှင်းပါ။ ကိုယ့်အိမ်နဲ့ကိုယ် နေတဲ့အခါ ဘာတွေကြုံရမယ်ဆိုတာ သိသွားပါလိမ့်မယ်။

အဓိကအချက်။ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်တတ်မှ ဖြစ်မယ်။

လေထီးအိတ်ကို ကိုင်ပြီး လေယာဉ်ပေါ်က ခုန်ချတဲ့လူငယ်

အသင့်မဖြစ်သေးဘဲ အိမ်ခွဲနေတာက လေထီး မသုံးတတ်သေးဘဲ လေယာဉ်ပေါ်က ခုန်ချတာနဲ့ တူ

သင်ဟာ စိတ်တည်ငြိမ်သူလား။

“ဒေါသကြီးတာ၊ စိတ်ဆိုးတာ၊ ဆိုးသွမ်းတာ၊ ဆဲဆိုတာ၊ ညစ်ညမ်းတဲ့စကား ပြောတာတွေကို ရှောင်ရမယ်” လို့ ကျမ်းစာ ဆိုထားတယ်။​—ကောလောသဲ ၃:၈။

  • သင်ဟာ တခြားသူတွေနဲ့ ပေါင်းသင်းရ ခက်သူလား။

  • ဒေါသကို ထိန်းဖို့ အခက်တွေ့နေသလား။

  • ဘာမဆို ကိုယ့်နည်းအတိုင်း လုပ်ရမှ ကျေနပ်တတ်သူလား။

ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ ဖြေရင်တော့ အခန်းဖော်နဲ့ နေဖို့၊ နောင်တစ်ချိန်ကျရင် အိမ်ထောင်ဖက်နဲ့ နေဖို့ အခက်တွေ့နိုင်တယ်။

“အခန်းဖော်နဲ့ နေတဲ့အခါ ကျွန်မရဲ့အားနည်းချက်တွေ သိသာလာတယ်။ စိတ်ဖိစီးမှုကြောင့် ကျွန်မ စိတ်တိုစိတ်ဆတ်နေတာတွေကို အခန်းဖော်တွေ သည်းညည်းခံစရာအကြောင်း မရှိမှန်း သိလာတယ်။ စိတ်ဖိစီးစေတဲ့အရာတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းမှ ဖြစ်မယ်။”​—ဟယ်လင်နာ။

အခု လုပ်ဆောင်နိုင်ရာ။ မိဘ၊ မောင်နှမတွေနဲ့ သင့်သင်မြတ်မြတ် နေတတ်အောင် ကြိုးစားပါ။ လောလောဆယ် အတူနေရသူတွေရဲ့ အပြစ်အနာအဆာတွေကို သည်းခံတတ်ပြီဆိုရင် နောက်ပိုင်း ဘယ်သူနဲ့မဆို နေရပါစေ သူတို့ရဲ့ချို့ယွင်းချက်တွေကို သည်းခံနိုင်ပြီ။

အဓိကအချက်။ ကိုယ့်ဘာသာကိုယ် ရပ်တည်တာနဲ့ တာဝန်ကင်းလွတ်သွားတာ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှု လိုအပ်တယ်။ ကိုယ့်ဘာသာကိုယ် အောင်မြင်စွာ ရပ်တည်နေသူတွေနဲ့ စကားပြောကြည့်ပါ။ အဲဒီလို မလုပ်ခဲ့ရင် ကောင်းသား၊ ကြိုလို့သာ သိခဲ့ရင်ဆိုတဲ့ အခါလွန်မှ နောင်တရမိတဲ့အချက်တွေ ရှိမရှိ မေးကြည့်ပါ။ အရေးကြီးတဲ့ ဘယ်ဆုံးဖြတ်ချက်မျိုးမဆို မချခင် အဲဒီလို မေးကြည့်တာ ကောင်းတယ်။

ရွယ်တူတွေ အဆို

ဒါပို

“လူငယ်အများစုက တစ်ဝမ်းတစ်ခါး ဖြေရှင်းရတာ ဘယ်လောက်ခက်ခဲမှန်း နားမလည်ကြဘူး။ နေစရာရဖို့ လွယ်တာ မဟုတ်ဘူး။ ဒါတွေကို နားမလည်တော့ အိမ်ကနေ ထွက်ချင်တာပဲ သိတယ်။ . . . နောက်ဆုံးတော့ မိဘအိမ်ကို ပြန်လာရတာပဲ။”​—ဒါပို။

အက်ရှလေ

“အိမ်မှာနေတဲ့ လူငယ်တစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ ကိုယ့်တာဝန်ကိုယ် ယူတတ်လာတယ်။ စစချင်းမှာ အိမ်ဝေယျာဝိစ္စတွေ လုပ်တတ်လာတယ်။ ရေဖိုး၊ မီးဖိုး ပေးချေတာ၊ မိသားစုအတွက် ချက်ပြုတ်တာမျိုးပေါ့။ ဒါလေးတွေက နောက်ပိုင်း ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ အသင့်ဖြစ်စေတယ်။”​—အက်ရှလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ