ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၄
  • ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် ပြောမှားဆိုမှား ဖြစ်ရသလဲ
  • လျှာကို ထိန်းချုပ်ခြင်း 
  • သင်၏လျှာကို ထိန်းခြင်းဖြင့် မေတ္တာနှင့် လေးစားမှုပြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • လျှာကို ပညာရှိရှိ အသုံးပြုနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၄
လူငယ်တစ်ဦး နှုတ်က ထွက်သွားတဲ့စကားကို ပြန်လိုက်ဖမ်းနေစဉ်

လူငယ်များအမေး

ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ

“နှုတ်ကို ထိန်းလို့ရတဲ့အခါ ရှိသလို တစ်ခါတလေကျတော့ ဦးနှောက်က မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိတဲ့အခါလည်း ရှိတယ်။”​—ဂျိမ်းစ်။

“ကျွန်မ စိုးရိမ်စိတ် များနေရင် မစဉ်းစားဘဲ ပြောတတ်တယ်။ စိတ်သက်သောင့်သက်သာ ဖြစ်နေရင်လည်း စကားများနေပြန်ရော။ ဒီလိုနဲ့ တစ်ချိန်လုံး ပြဿနာ ဖြစ်နေရတယ်။”​—မာရီ။

“မီးစလေးတစ်စက သစ်တောကြီးတစ်ခုလုံးကို လောင်ကျွမ်းစေသလိုပါပဲ။ လျှာဟာ မီးပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၃:၅၊ ၆) သင်ပြောလိုက်တဲ့ စကားကြောင့် ဒုက္ခရောက်ဖူးသလား။ ဒါဆိုရင် ဒီအကြောင်းအရာက သင့်အတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်။

  • ဘာကြောင့် ပြောမှားဆိုမှား ဖြစ်ရသလဲ

  • လျှာကို ထိန်းချုပ်ခြင်း

  • ရွယ်တူတွေအဆို

ဘာကြောင့် ပြောမှားဆိုမှား ဖြစ်ရသလဲ

မစုံလင်မှု။ ‘ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။ စကားမမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်တဲ့သူပဲ’ လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယာကုပ် ၃:၂) မစုံလင်သူတွေ ဖြစ်လို့ လမ်းသွားရင် ခလုတ်တိုက် လဲတတ်ကြသလို စကားပြောရင်လည်း မှားတတ်ကြတယ်။

“မစုံလင်တဲ့ဦးနှောက်၊ မစုံလင်တဲ့လျှာ ရှိနေလျက်နဲ့ အဲဒါတွေကို ကောင်းကောင်း ထိန်းနိုင်တယ်လို့ပြောရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။”​—အယ်နာ။

စကားများလွန်းခြင်း။ “စကားများများပြောရင် အမှား ပါမှာပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၀:၁၉) သူများပြောတာ နားမထောင်ဘဲ ကိုယ်ချည်းပဲ ပြောတတ်သူတွေဟာ ပြောမှားဆိုမှား ဖြစ်ပြီး သူများကို စိတ်အနှောင့်အယှက် ပေးတတ်ကြတယ်။

“တော်တဲ့သူ တတ်တဲ့သူတွေက စကားများများ မပြောကြဘူး။ ယေရှုဟာ ဒီကမ္ဘာပေါ် အသက်ရှင်ခဲ့သူတွေမှာ အတော်ဆုံး အတတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေမဲ့ တစ်ခါတလေ နှုတ်ဆိတ်နေခဲ့တယ်။”​—ဂျူလီယာ။

ထေ့ငေါ့ပြောခြင်း။ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၂:၁၈) မစဉ်းစားဘဲ စကားပြောတဲ့ နည်းတစ်နည်းကတော့ တစ်ဖက်သား နာကြည်း သိမ်ငယ်သွားအောင် ထေ့ငေါ့ပြောခြင်း ဖြစ်တယ်။ ထေ့ငေါ့ပြောတတ်သူတွေက “နောက်တာပါ” လို့ ပြောကြတယ်။ သူများကို အရှက်ခွဲတာဟာ နောက်စရာ ရယ်စရာ မဟုတ်ဘူး။ “ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ” လို့ ကျမ်းစာ ဆိုထားတယ်။​—ဧဖက် ၄:၃၁။

“ဟာသဖောက်ရတာ၊ အရွှန်းဖောက်ရတာကို ဝါသနာပါတော့ ထေ့လုံးငေါ့လုံးတွေ ကျွန်မ ပြောတတ်လာတယ်။ ဒီလိုနဲ့ ခဏခဏ ပြဿနာ ဖြစ်ရတယ်။”​—အော်ဆာနာ။

လူငယ်တစ်ဦး သွားတိုက်ဆေးကို ဘူးထဲ ပြန်သွင်းဖို့ ကြိုးစားနေစဉ်

သွားတိုက်ဆေးကို ဘူးထဲ ပြန်သွင်းလို့ မရသလို စကားကျွံသွားရင် ပြန်နှုတ်လို့ မရတော့ဘူး

လျှာကို ထိန်းချုပ်ခြင်း 

လျှာကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး၊ ဒါပေမဲ့ အောက်ပါ ကျမ်းစာအခြေခံမူတွေက ကူညီပေးနိုင်ပါတယ်။

“စိတ်ထဲမှာပဲ ထားပြီး . . . ဆိတ်ငြိမ်စွာ နေလိုက်ပါ။”​—ဆာလံ ၄:၄။

တစ်ခါတလေ နှုတ်ဆိတ်နေတာ အကောင်းဆုံးပဲ။ “စိတ်ဆိုးနေတုန်းအချိန်နဲ့ စိတ်ပြေသွားတဲ့အချိန် ခံစားရပုံ မတူဘူး။ စိတ်ပြေသွားတဲ့အခါ စိတ်ရှိတိုင်း မပြောမိလို့ တော်ပါသေးရဲ့ဆိုပြီး စိတ်သက်သာရာရသွားတယ်” လို့ လော်ရာဆိုတဲ့ မိန်းမငယ် ပြောပြတယ်။ စက္ကန့်ပိုင်းလောက် စဉ်းစားပြီးမှ ပြောရင်တောင် ပြောမှာဆိုမှား မဖြစ်အောင် ရှောင်နိုင်မယ်။

“လျှာက အစာကို မြည်းတတ်သလို နားကလည်း စကားတွေကို စစ်ဆေးတတ်တယ် မဟုတ်လား။”​—ယောဘ ၁၂:၁၁။

စိတ်မကောင်းဖြစ်စရာတွေ ရှောင်နိုင်အောင် တစ်ခုခု မပြောခင် ကိုယ့်ကိုယ်ကိုယ် ဒီလိုအရင်မေးပါ။

  • ဒီသတင်းက မှန်ရဲ့လား။ ပြောလိုက်ရင် စာနာရာ ရောက်ပါ့မလား။ ပြောဖို့ကော လိုလို့လား။​—ရောမ ၁၄:၁၉။

  • ငါ့ကို တစ်ယောက်ယောက် ဒီလိုပြောရင် ငါဘယ်လို ခံစားရမလဲ။​—မဿဲ ၇:၁၂။

  • တစ်ဖက်သားရဲ့အမြင်ကို လေးစားရာရောက်ပါ့မလား။​—ရောမ ၁၂:၁၀။

  • ဒီအခြေအနေမှာ ဒါကို ပြောလိုက်လို့ ကောင်းပါ့မလား။​—ဒေသနာ ၃:၇။

“စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။”​—ဖိလိပ္ပိ ၂:၃။

ဒီအကြံပြုချက်က တစ်ဖက်သားအပေါ် အကောင်းမြင်စိတ် မွေးမြူတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒီစိတ်သဘောထားက လျှာကို ထိန်းချုပ်ဖို့၊ မပြောခင် စဉ်းစားဖို့ ကူညီပေးမယ်။ နောက်ကျသွားပြီ၊ ထိခိုက်နစ်နာအောင် ပြောလိုက်မိပြီဆိုရင်လည်း နှိမ့်ချတဲ့စိတ်ကြောင့် အမြန်ဆုံး တောင်းပန်ပါလိမ့်မယ်။ (မဿဲ ၅:၂၃၊ ၂၄) ဒီလိုနဲ့ လျှာကို ထိန်းချုပ်တတ်လာမယ်။

ရွယ်တူတွေအဆို

တေလာ

“စကားပြောလို့ ကောင်းနေပြီဆိုရင် ဘာရယ်မဟုတ် လျှောက်ပြောတတ်တဲ့အကျင့် ကျွန်မမှာ ရှိတယ်။ တစ်ဖက်သားကို ဘယ်လို ထိခိုက်သွားမလဲ၊ ဆက်ပြောလို့ အကျိုးရှိပါ့မလားဆိုတာ ခဏလောက် စဉ်းစားကြည့်လိုက်ရင်တော့ လျှာကို ထိန်းချုပ်ဖို့ တော်တော်လေး လွယ်လာတယ်။”​—တေလာ။

ဘရန်ဒန်

“တစ်ယောက်ယောက်က ကိုယ်စိတ်အနှောက်အယှက် ဖြစ်အောင် ပြောတဲ့အခါ အခြေအနေကို ကြည့်လိုက်တယ်။ အများအားဖြင့် ဒီလိုဘဲ ရောက်တတ်ရာရာ ပြောတာဆိုတော့ မေ့လိုက်ရုံပဲ။ တစ်ခါတလေကျတော့ သူပြောတာ လွန်လွန်းတယ်လို့ ထင်ပေမဲ့ မှန်တဲ့အချက်လေးတွေ ပါနေတတ်တယ်။ ဒီလိုအခြေအနေတွေကို အပြုသဘောနဲ့ အေးအေးဆေးဆေး ဖြေရှင်းဖို့ လိုတယ်။”​—ဘရန်ဒန်။

ဂျက်စီကာ

“အရင်ဆုံး အကောင်းမြင်ပေးနိုင်ရင် ထိခိုက်နစ်နာအောင် ပြောတာမျိုးကို ရှောင်နိုင်မယ်။ ကိုယ့်ရှုမြင်ပုံ၊ သဘောထားပုံတွေကို တည့်မတ်ဖို့ လိုတဲ့အခါလည်း ရှိတယ်။ ဒါဆိုရင် သူများစိတ်ထိခိုက်စေမယ့် စကားမျိုး မပြောမိအောင် ရှောင်နိုင်ပါလိမ့်မယ်။”​—ဂျက်စီကာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ