ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၄
  • ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၄
မိဘတွေ အရက်သောက်တာကို ကလေးမလေး ကြည့်နေစဉ်

မိသားစုအတွက် အကူအညီ

ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ

“သမီးအသက် ခြောက်နှစ်အရွယ်မှာ အရက်အကြောင်း ပထမဆုံးအကြိမ် ပြောပြကြတယ်။ ထင်ထားတာထက် ပိုသိနေလို့ အံ့ဩမိကြတယ်။”​—အလက်ဇန္ဒား။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • အရက်နဲ့ပတ်သက်တဲ့ ကျမ်းစာအဆို

သိထားသင့်ရာ

ကလေးတွေကို အရက်အကြောင်း ပြောပြထားဖို့ အရေးကြီးတယ်။ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အထိ မစောင့်ပါနဲ့။ ရုရှားနိုင်ငံက ခါမစ်က “အရက် တော်သင့်ရုံ သောက်သုံးခြင်းအကြောင်း သား ငယ်ငယ်တုန်းက ပြောပြခဲ့ရင် ကောင်းသား။ အဲဒီလို ပြောပြဖို့ အရေးကြီးမှန်း အချိန်နှောင်းမှ သိလိုက်ရတယ်။ အခုတော့ ၁၃ နှစ်အရွယ် သားက အရက် ပုံမှန် သောက်တတ်နေပြီ” လို့ပြောပြတယ်။

ဒီကိစ္စကို ဘာကြောင့် အလေးထားသင့်သလဲ။

  • အရက်နဲ့ပတ်သက်တဲ့ သင့်ကလေး ရှုမြင်ပုံကို အတန်းဖော်တွေ၊ ကြော်ငြာတွေ၊ တီဗီအစီအစဉ်တွေက ဩဇာလွှမ်းနိုင်တယ်။

  • အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနအရ အမေရိကန်ပြည်ထောင်စုမှာ အရက်သောက်သုံးသူ ၁၁ ရာခိုင်နှုန်းဟာ အသက်မပြည့်သေးသူတွေ ဖြစ်ကြတယ်။

မိဘတွေအနေနဲ့ အရက်အန္တရာယ်အကြောင်း သားသမီးတွေကို ငယ်ငယ်ကတည်းက ပြောပြဖို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ တိုက်တွန်းကြတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဘယ်လို ပြောပြရမလဲ။

လုပ်ဆောင်နိုင်ရာ

ကလေးရဲ့ မေးခွန်းတွေကို ဖြေဖို့ ကြိုပြင်ဆင်ထားပါ။ ကလေးတွေက စပ်စုတတ်ကြတယ်။ ကလေးကြီးတွေဆိုရင် ပိုပြီး စပ်စု၊ စူးစမ်းတတ်ကြတယ်။ ဒါကြောင့် မေးလာတာတွေကို ဖြေနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ-

  • ကလေးက အရက်ရဲ့ အရသာကို သိချင်တယ် ဆိုပါစို့။ ဝိုင်က အနည်းငယ် ချဉ်တဲ့အရသာ ရှိကြောင်း၊ ဘီယာကတော့ အတော်လေး ခါးကြောင်း ပြောပြပါ။

  • ကလေးက အရက်ကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် ကလေးတွေအတွက် အရက်က ပြင်းလွန်းတဲ့အကြောင်း ပြောပြပါ။ အရက်သောက်လိုက်ရင် သွက်လက်ပေါ့ပါးလာကြောင်း၊ သောက်တာ များသွားရင် ရီဝေဝေ ဖြစ်လာပြီး နောင်တရစေမယ့်အရာတွေ ပြောဆိုပြုမူတတ်ကြောင်း ပြောပြပါ။​—ပညာအလိမ္မာ ၂၃:၂၉-၃၅။

ကိုယ်တိုင် လေ့လာထားပါ။ “အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ပညာအလိမ္မာ ၁၃:၁၆) အရက်နဲ့ပတ်သက်ပြီး ဗဟုသုတ ရှိထားပါ။ အရက်နဲ့ပတ်သက်တဲ့ ကိုယ့်နိုင်ငံရဲ့ ဥပဒေတွေ၊ ကန့်သတ်ချက်တွေကို လေ့လာထားပါ။ ဒါဆိုရင် ကလေး နားလည်အောင် ရှင်းပြနိုင်လိမ့်မယ်။

အရက်အကြောင်း ကိုယ်တိုင် အစပြုဆွေးနွေးပါ။ ဗြိတိန်နိုင်ငံက မာ့ခ်ဆိုတဲ့ ဖခင်တစ်ဦး ဒီလိုပြောပြတယ်- “အရက်သောက်တဲ့ကိစ္စဟာ လူငယ်တွေအတွက် ဇဝေဇဝါဖြစ်စရာပဲ။ အရက်သောက်တာ မှားသလား၊ မှန်သလား ဘယ်လိုထင်သလဲလို့ ရှစ်နှစ်အရွယ် သားလေးကို မေးကြည့်တယ်။ သက်သောင့်သက်သာ အခြေအနေမျိုးမှာ မေးတော့ သားက သူ့အမြင်ကို လွတ်လွတ်လပ်လပ် ပြောလာတယ်။”

အရက်အကြောင်း အခွင့်ကြုံတိုင်း ပြောပြပေးရင် ကလေး မှတ်မိနေပါလိမ့်မယ်။ ကလေးရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး အရက်ယမကာအကြောင်းသာမက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိအောင် ပြောပြပါ။ လိင်ပိုင်းဆိုင်ရာ ဗဟုသုတကို ပညာပေးပြောပြပါ။

စံနမူနာကောင်း ပြပါ။ ကလေးတွေက ရေမြှုပ်လိုပဲ ပတ်ဝန်းကျင်မှာ ရှိတာတွေကို စုပ်ယူမှတ်သားတတ်ကြောင်း၊ မိဘတွေဟာ ကလေးတွေကို ဩဇာအလွှမ်းနိုင်ဆုံးဖြစ်ကြောင်း သုတေသီတွေ တွေ့ရှိကြတယ်။ စိတ်ဖိစီးမှု သက်သာပြေပျောက်အောင် သင် အရက်သောက်မယ်ဆိုရင် အရက်ဆိုတာ ဘဝအမောတွေ ပြေစေတဲ့အရာလို့ ကလေး ယူမှတ်သွားလိမ့်မယ်။ ဒါကြောင့် စံပြပုဂ္ဂိုလ် ဖြစ်ပါ။ အရက်ကို တော်သင့်ရုံပဲ သောက်ပါ။

စားပွဲထိုးက ဝိုင်ထပ်ထည့်ပေးမယ် လုပ်တော့ မိခင်ငြင်းတာကို ကလေးမလေး ကြည့်နေစဉ်

အရက်သောက်သုံးတဲ့ကိစ္စမှာ သင့်ကို သားသမီးတွေ အတုယူလိမ့်မယ်

အရက်နဲ့ပတ်သက်တဲ့ ကျမ်းစာအဆို

‘ယေဟောဝါဘုရားက . . . လူ့စိတ်ကို ပျော်ရွှင်စေတဲ့ စပျစ်ဝိုင်ကို ရရှိစေတယ်။’ (ဆာလံ ၁၀၄:၁၄၊ ၁၅) အရက်ဆိုတာ ဘုရားပေးလက်ဆောင် ဖြစ်တယ်။ မကောင်းတဲ့အရာ မဟုတ်ဘူး။

“စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာ ဖြစ်စေတယ်။ အရက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်။” (ပညာအလိမ္မာ ၂၀:၁) ဒါကြောင့် အရက်ကို တော်သင့်ရုံပဲ သောက်ပါ။

‘သောက်ကြူးသူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။’ (၁ ကောရိန္သု ၆:၁၀) ဘုရားသခင်က အရက်သောက်တာကို မတားဘူး။ အရက်တလွဲသုံးတာကိုတော့ တားမြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ