ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၆၀
  • ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ယေရှုဟာ မြေကြီးပေါ် မမွေးဖွားလာခင် ကောင်းကင်မှာ အသက်ရှင်ခဲ့သလား
  • မြေကြီးပေါ်မလာခင် ယေရှု ဘာလုပ်ခဲ့သလဲ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော
    နိုးလော့!—၂၀၀၆
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၆၀
ကောင်းကင်ဘုံစံဖခင်ထံ ယေရှု ဆုတောင်းနေစဉ်

ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ

ကျမ်းစာအဖြေ

ကျမ်းစာမှာ ယေရှုကို “ဘုရားသခင်ရဲ့ သား” လို့ ခေါ်ထားတယ်။ (ယောဟန် ၁:၄၉) “ဘုရားသခင်ရဲ့ သား” ဆိုတဲ့ အသုံးအနှုန်းက ဘုရားသခင်ဟာ ယေရှု အပါအဝင် သက်ရှိအားလုံးရဲ့ ပင်ရင်း ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ (ဆာလံ ၃၆:၉။ ဗျာဒိတ် ၄:၁၁) လူသားတွေ သားသမီး ရသလို ဘုရားသခင်လည်း သားသမီး ရတယ်လို့ ကျမ်းစာ မသွန်သင်ဘူး။

ကောင်းကင်တမန်တွေကိုလည်း “ဘုရားသခင်ရဲ့ သားတွေ” လို့ ကျမ်းစာ ဆိုတယ်။ (ယောဘ ၁:၆) ပထမဆုံးလူသား အာဒံကို “ဘုရားသခင်ရဲ့ သား” လို့ ကျမ်းစာ ဖော်ပြတယ်။ (လုကာ ၃:၃၈) ဒါပေမဲ့ ယေရှုဟာ ဘုရားသခင် ဦးဆုံး ဖန်ဆင်းသူ၊ ဘုရားကိုယ်တိုင် တိုက်ရိုက်ဖန်ဆင်းတဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ သားဦးလို့ ကျမ်းစာ ဆိုတယ်။

  • ယေရှုဟာ မြေကြီးပေါ် မမွေးဖွားလာခင် ကောင်းကင်မှာ အသက်ရှင်ခဲ့သလား

  • မြေကြီးပေါ်မလာခင် ယေရှု ဘာလုပ်ခဲ့သလဲ

ယေရှုဟာ မြေကြီးပေါ် မမွေးဖွားလာခင် ကောင်းကင်မှာ အသက်ရှင်ခဲ့သလား

အသက်ရှင်ခဲ့ပါတယ်။ ယေရှုဟာ မြေကြီးပေါ်မှာ လူသားတစ်ဦးအဖြစ် မမွေးဖွားခင်က ကောင်းကင်မှာ ဝိညာဉ်သတ္တဝါတစ်ပါး ဖြစ်ခဲ့တယ်။ “ကောင်းကင်ကနေ ကျွန်တော် ဆင်းလာတာ” လို့ ယေရှုကိုယ်တိုင် ပြောခဲ့တယ်။—ယောဟန် ၆:၃၈။ ၈:၂၃။

တခြားဘယ်အရာကိုမှ မဖန်ဆင်းခင် ယေရှုကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာ ဒီလိုဆိုတယ်–

  • “သူဟာ ... ဖန်ဆင်းရာအားလုံးမှာ သားဦးပဲ။”—ကောလောသဲ ၁:၁၅။

  • သူဟာ “ဘုရားသခင့် ဖန်ဆင်းခြင်းရဲ့ အစ” ဖြစ်တယ်။—ဗျာဒိတ် ၃:၁၄။

“ရှေးအချိန်ကတည်းက၊ ဟိုးအရင်ကတည်းက တည်ရှိခဲ့သူ” ဆိုတဲ့ ကြိုဟောချက်ကို ယေရှု ပြည့်စုံစေခဲ့တယ်။—မိက္ခာ ၅:၂။ မဿဲ ၂:၄-၆။

မြေကြီးပေါ်မလာခင် ယေရှု ဘာလုပ်ခဲ့သလဲ

ကောင်းကင်မှာ ကြီးမြတ်တဲ့ အခွင့်အာဏာ ရရှိထားတယ်။ အဲဒီအခွင့်အာဏာကို ဆုတောင်းချက်ထဲမှာ ယေရှု ဒီလိုဖော်ပြခဲ့တယ်– “အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ ဘေးနားမှာ ကျွန်တော် ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို ... ပြန်ခံစားခွင့် ပေးပါ။”—ယောဟန် ၁၇:၅။

အရာခပ်သိမ်းကို ဘုရား ဖန်ဆင်းချိန်မှာ ယေရှု ကူညီပေးခဲ့တယ်။ ယေရှုဟာ “ကျွမ်းကျင်လုပ်သားအဖြစ်” ဘုရားနဲ့အတူ တွဲလုပ်ခဲ့တယ်။ (ပညာအလိမ္မာ ၈:၃၀) ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာ ဒီလိုဆိုတယ်– “ဘုရားသခင်က သူ့ကို သုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ ... ကို ဖန်ဆင်းခဲ့တယ်။”—ကောလောသဲ ၁:၁၆။

ဘုရားသခင်က ယေရှုကို သုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ စကြဝဠာ အပါအဝင် ဝိညာဉ်သတ္တဝါအားလုံးကို ဖန်ဆင်းတယ်။ (ဗျာဒိတ် ၅:၁၁) အခြေအနေတချို့မှာ ဘုရားနဲ့ ယေရှု ပူးပေါင်းလုပ်ဆောင်မှုဟာ ဗိသုကာပညာရှင်နဲ့ ဆောက်လုပ်သူ ပူးပေါင်းလုပ်ဆောင်မှုနဲ့ တူတယ်။ ဗိသုကာပညာရှင်က ဒီဇိုင်းဆွဲတယ်။ ဆောက်လုပ်သူက ဒီဇိုင်းကို အဆောက်အအုံဖြစ်အောင် တည်ဆောက်တယ်။

နှုတ်ကပတ်တော်အဖြစ် အမှုဆောင်ခဲ့တယ်။ ယေရှုရဲ့ လူသားမတိုင်မီ အသက်တာအကြောင်း ကျမ်းစာ ဖော်ပြတဲ့အခါ ယေရှုကို “နှုတ်ကပတ်တော်” လို့ ခေါ်ထားတယ်။ (ယောဟန် ၁:၁) တခြားဝိညာဉ်သတ္တဝါတွေကို အချက်အလက်တွေ၊ ညွှန်ကြားချက်တွေ ပေးဖို့ သားတော်ကို ဘုရား အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားတယ်။

ကမ္ဘာပေါ်ရှိ လူသားတွေအတွက် ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ယေရှု အမှုဆောင်ခဲ့ပုံရတယ်။ ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝကို နှုတ်ကပတ်တော် ယေရှုကတစ်ဆင့် ဘုရားသခင် ညွှန်ကြားပေးခဲ့ပုံရတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ရှေးအစ္စရေးလူမျိုးကို တောကန္တာရမှာ ဦးဆောင်ခေါ်သွားတဲ့ ကောင်းကင်တမန်ဟာ ယေရှု ဖြစ်ပုံရတယ်။ အဲဒီကောင်းကင်တမန်ရဲ့ စကားကို နာခံဖို့ အစ္စရေးတွေကို မှာကြားခဲ့တယ်။—ထွက်မြောက်ရာ ၂၃:၂၀-၂၃။a

a နှုတ်ကပတ်တော်ဆိုတာ ဘုရားသခင်ကိုယ်စား ပြောဆိုပေးတဲ့ တစ်ဦးတည်းသော ကောင်းကင်တမန် မဟုတ်ဘူး။ ဥပမာ၊ ဘုရားသခင်က သားဦးကိုသာမက တခြားကောင်းကင်တမန်တွေကိုလည်း သုံးပြီး ရှေးအစ္စရေးလူမျိုးကို ပညတ်တရား ပေးခဲ့တယ်။—တမန်တော် ၇:၅၃။ ဂလာတိ ၃:၁၉။ ဟီဘရူး ၂:၂၊ ၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ